(၇၇)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိသော စစ်ရေးပြတပ်ခွဲများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

 

နေပြည်တော်   မတ်   ၂၇


(၇၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားတွင် ဆုရရှိကြသော စစ်ရေး ပြတပ်ခွဲများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင်   နေပြည်တော်ရှိ စုရပ် သစ်တပ်စစ်ရေးပြကွင်း၌ ကျင်းပ ပြုလုပ်ရာ တပ်မတော်နေ့ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ  ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)     ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်၍  ဆုများ ကို ပေးအပ်ချီးမြှင့်သည်။

 


ဦးစွာ ဆုချီးမြှင့်ပွဲသို့   တက်ရောက် လာသည့်    တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ    ညှိနှိုင်းကွပ်ကဲ ရေးမှူး  (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးအား စစ်ရေးပြမှူးကြီး ဗိုလ်ချုပ်   ရဲကျော်သူ  ဦးဆောင်သည့် စစ်ရေးပြစစ်ကြောင်းများက အလေးပြု ကြသည်။

 


ထို့နောက် ဂုဏ်ပြုဆုများဖြစ်သည့် အလံအဖွဲ့အကောင်းဆုံးဆုနှင့်  စစ်တီး ဝိုင်းအဖွဲ့ အကောင်းဆုံးဆုများ   ရရှိကြ သည့်   တပ်မတော်(ရေ)  အထူးတပ်ဖွဲ့ စစ်ရေးပြတပ်ခွဲ၊ တပ်မတော်(လေ)အုပ်ဖွဲ့ ပျံသန်းအဖွဲ့၊  ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)ကိုယ်စားပြု ယန္တရားတပ်ခွဲ၊  လေ ကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်ရုံးကိုယ်စားပြု      ယန္တရားတပ်ခွဲ၊ အမြောက်တပ်ဖွဲ့   ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုယန္တရားတပ်ခွဲ၊    ဒုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံးကိုယ်စားပြု ယန္တရား တပ်ခွဲ၊ သံချပ်ကာ ယန္တရားတပ်ဖွဲ့ညွှန်ကြား ရေးမှူးရုံးကိုယ်စားပြု    ယန္တရားတပ်ခွဲ၊ စစ်အင်ဂျင်နီယာ   ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုယန္တရားတပ်ခွဲ၊ တပ်မတော် (ကြည်း) အထူးတာဝန်တပ်ဖွဲ့  (အမျိုး သမီး) စစ်ရေးပြတပ်ခွဲ၊ ဗဟိုစစ်တီးဝိုင်း အဖွဲ့၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)(အမျိုးသမီး)   ကိုယ်စားပြုအလံအဖွဲ့၊ မြင်းစီးစစ်ရေးပြတပ်ခွဲ၊   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲတီးဝိုင်းအဖွဲ့၊ စစ်တီးဝိုင်းအဖွဲ့ အကောင်းဆုံးဆုရရှိသည့် အနော်ရထာ စစ်ကြောင်း စစ်တီးဝိုင်းအဖွဲ့၊ အလံအဖွဲ့ အကောင်းဆုံးဆုရရှိသည့်   အနော်ရထာ စစ်ကြောင်း      အလံတော်အဖွဲ့တို့ကို စစ်ထောက်ချုပ်   ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက   ဂုဏ်ပြုဒိုင်းဆုများနှင့် ဂုဏ်ပြုဆုငွေများ      ပေးအပ်ချီးမြှင့် သည်။

 


ဆက်လက်၍   တပ်မတော်(ကြည်း)(အမျိုးသမီး) စစ်ရေးပြ တတိယဆု ရရှိ သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)(အမျိုးသမီး) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ (၂)၊  အကောင်းဆုံးစခန်း   တတိယဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြု  စစ်ရေးပြတပ်ခွဲ(၂)၊ စစ်ချီ သီချင်းအကောင်းဆုံး တတိယဆုရရှိသည့် လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးကိုယ်စားပြု   စစ်ရေးပြတပ်ခွဲ၊ စစ်စည်းကမ်း အကောင်းဆုံး တတိယဆု ရရှိသည့် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊   စစ်ရေးပြ အကောင်းဆုံး     တတိယဆုရရှိသည့် ထောက်ပံ့နှင့် ပို့ဆောင်ရေးညွှန်ကြားရေး မှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့(အမျိုးသမီး)    စစ်ရေးပြ ဒုတိယဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု(အမျိုးသမီး) စစ်ရေးပြတပ်ခွဲ (၁)၊   မြန်မာနိုင်ငံရဲတပ်ဖွဲ့  (အမျိုးသား) စစ်ရေးပြဒုတိယဆုရရှိသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုယ်စားပြု(အမျိုးသား) စစ်ရေး ပြတပ်ခွဲ(၃)၊ တပ်မတော်(ကြည်း)  (အမျိုး သမီး) စစ်ရေးပြ    ဒုတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ကိုယ်စား ပြု(အမျိုးသမီး)   စစ်ရေးပြတပ်ခွဲ(၁)၊ အကောင်းဆုံးစခန်း ဒုတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စား ပြု စစ်ရေးပြတပ်ခွဲ(၂)၊   စစ်ချီသီချင်း အကောင်းဆုံး    ဒုတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စား ပြု စစ်ရေးပြတပ်ခွဲ(၂)၊     စစ်စည်းကမ်း အကောင်းဆုံး ဒုတိယဆုရရှိသည့် သံချပ် ကာ ယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်ရေးပြ အကောင်းဆုံး      ဒုတိယဆုရရှိသည့် ကာကွယ်ရေးပစ္စည်း      ထုတ်လုပ်ရေး အရာရှိချုပ်ရုံးကိုယ်စားပြု   စစ်ရေးပြ တပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသမီး) စစ်ရေးပြ ပထမဆုရရှိသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသမီး) စစ်ရေး ပြဂုဏ်ပြုတပ်ခွဲ၊   မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသား) စစ်ရေးပြ ပထမဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုး သား) စစ်ရေးပြတပ်ခွဲ(၁)၊  တပ်မတော် (ကြည်း) (အမျိုးသမီး)စစ်ရေးပြ ပထမဆု ရရှိသည့်          ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ကိုယ်စားပြု (အမျိုးသမီး)စစ်ရေး ပြ ဂုဏ်ပြုတပ်ခွဲ၊  အကောင်းဆုံးစခန်း ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ် ရုံး (ရေ)ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၁)၊ စစ်ချီသီချင်းအကောင်းဆုံး    ပထမဆု ရရှိသည့် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်ရုံးကိုယ်စားပြု စစ်ရေး ပြတပ်ခွဲ၊  စစ်စည်းကမ်းအကောင်းဆုံး ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ် ရုံး(လေ) ကိုယ်စားပြု  စစ်ရေးပြဂုဏ်ပြု တပ်ခွဲနှင့် စစ်ရေးပြအကောင်းဆုံး ပထမ ဆုရရှိသည့် အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးကိုယ်စားပြု  စစ်ရေးပြတပ်ခွဲ တို့ကို   စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက ဒိုင်းဆုများနှင့် ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်သည်။

 


ထို့နောက် (၇၇)နှစ်မြောက် တပ်မတော် နေ့ကျင်းပရေး       ဦးစီးကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက   စံပြ တပ်ခွဲ  တတိယဆုရရှိသည့်  ဆက်သွယ် ရေး  ညွှန်ကြားရေးမှူးရုံး  ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊  စံပြတပ်ခွဲ  ဒုတိယဆု ရရှိသည့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြဂုဏ်ပြုတပ်ခွဲ နှင့် စံပြတပ်ခွဲ ပထမဆုရရှိသည့် ကာကွယ် ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြု စစ်ရေး ပြ ဂုဏ်ပြုတပ်ခွဲများကို ဒိုင်းဆုနှင့် ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်သည်။

 


ထို့နောက်   တပ်မတော်နေ့ ကျင်းပ ရေးဦးစီးကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဆုချီးမြှင့်ပွဲကို ရုပ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။  

 
သတင်းစဉ်