
မြိတ် မတ် ၂၄
(၇၇)နှစ်မြောက် တပ်မတော် နေ့ကို ကြိုဆိုဂုဏ်ပြုသောအား ဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် တနင်္သာရီ-မောတောင် လမ်းပေါ်ရှိ အရှည် ၇၈၇ ပေရှိ ဗောဓိကမ်း တံတားဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါတံတား၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့် အညီ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး များ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့မှ ပုဂ္ဂိုလ်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်များ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း က တနင်္သာရီတိုင်းဒေသကြီး အတွင်း ကုန်စည်စီးဆင်းမှု လွယ်ကူ ချောမွေ့စေရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ခရီး သွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်ပြီး ရန်ကုန် တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ မွန်ပြည်နယ်တို့ကို ဆက်သွယ် ပေးလျက်ရှိသည့် ဘုရားကြီး-မော်လမြိုင်-မြိတ်-ဘုတ်ပြင်း-ကော့သောင်းလမ်း (အာဆီယံလမ်းမကြီး အမှတ်-၁၁၂)ကို အာဆီယံလမ်းမကြီးများ၏ လမ်းအဆင့်အတန်း သတ်မှတ် ချက်များနှင့်အညီ ရာနှုန်းပြည့် ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ပေးခြင်းဖြင့် မဟာမဲခေါင်ဒေသ စီးပွားရေး စင်္ကြံလမ်းမကြီးများနှင့် ချိတ်ဆက် ပြီး အာဆီယံဒေသတွင်း ကုန်စည် စီးဆင်းမှု လွယ်ကူလျင်မြန်စေ ခြင်း၊ ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင် ခြင်းစသည့် ဒေသဖွံ့ဖြိုးတိုးတက်မှု အတွက် များစွာအကျိုးကျေးဇူး များ ရရှိစေမည်ဖြစ်ကြောင်း။
ချိတ်ဆက်သွားမည်
တနင်္သာရီ တိုင်းဒေသကြီးတွင် အကောင်အထည်ဖော်မည့် ထားဝယ် စီးပွားရေးအထူးဇုန်သည် မြန်မာ နိုင်ငံ၏ အကြီးဆုံးအထူးစီးပွားရေး ဇုန်တစ်ခုဖြစ်ပြီး ထိုင်း၊ ကမ္ဘော ဒီးယား၊ ဗီယက်နမ်တို့နှင့် ပင်လယ် ရေကြောင်းလမ်း၊ ရထားလမ်း၊ ကားလမ်းတို့ဖြင့် ချိတ်ဆက်သွား မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အနာဂတ်ငြိမ်းချမ်းသာယာစေရန်၊ နိုင်ငံသူ နိုင်ငံသားများ၏ဘဝ ချမ်းမြေ့ပျော်ရွှင်စေရန် နိုင်ငံတော် အစိုးရအနေဖြင့် ကောင်းမွန်သော ရည်မှန်းချက်၊ ဦးတည်ချက်များကို ကြိုးပမ်းပုံဖော်လျက်ရှိကြောင်း၊ တိုင်းရင်းသား ညီအစ်ကိုများက လည်း နိုင်ငံတော်အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေ ခံသော ပြည်ထောင်စုတည်ဆောက် ရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေး စသည့်လုပ်ငန်းစဉ်များအပေါ် ပိုမို ပူးပေါင်း ဆောင်ရွက်ပေးကြစေလို ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဦးရွှေလေးနှင့် တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုတို့က တံတားတည် ဆောက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် ဒေသခံပြည်သူ တစ်ဦးက ဗောဓိကမ်းတံတား ဖွင့်လှစ်ပေးသည့်အတွက် နိုင်ငံ တော်အစိုးရကို ကျေးဇူးတင်ရှိ ကြောင်းနှင့် တံတားကြီး ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ထို့နောက် ဗောဓိကမ်းတံတား ကို ပြည်ထောင်စုဝန်ကြီးဦးရွှေလေး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်၊ ဆောက် လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းဖေနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြ သည်။
ယင်းနောက် ဗောဓိကမ်းတံတား ကမ္ပည်းမော်ကွန်းကျောက်စာတိုင် ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ် ကြီး မိုးမြင့်ထွန်းက စက်ခလုတ် နှိပ်ဖွင့်လှစ်၍ အမွှေးနံ့သာရည် ပက်ဖျန်းပေးပြီး တံတားအား ဖြတ်သန်းကြည့်ရှုသည်။
ခံနိုင်ဝန် တန် ၆၀
ဗောဓိကမ်း တံတားသည် တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် တနင်္သာရီ-မောတောင်လမ်းပေါ်ရှိ ငဝန်ချောင်းပေါ်တွင် တည်ဆောက် ထားပြီး တံတားအရှည် ၇၈၇ ပေ၊ R.C Concrete အမျိုးအစားဖြစ် သည်။ တံတား၏ Foundation အပိုင်း ကို Bored Pile Foundation ဖြင့် တည်ဆောက်ပြီး Super Structure အပိုင်းကို P.C Girder & R.C Slab တို့ဖြင့် တည်ဆောက် ထားကာ တံတား၏ခံနိုင်ဝန်မှာ တန် ၆၀ ဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နှင့်အဖွဲ့သည် ဘုတ်ပြင်းမြို့သို့ ရောက်ရှိပြီး တောင်ဒဂုံဆီအုန်း စိုက်ပျိုးရေး စီမံကိန်းဆီကြမ်း စက်ရုံကို သွားရောက်ကြည့်ရှု စစ်ဆေးရာ စီမံကိန်းဒါရိုက်တာ ဦးမောင်မောင်လတ်က ဆီသီးခိုင် များကြိတ်ခွဲ၍ ဆီကြမ်းများ ထုတ်လုပ်နေမှုကို လိုက်လံ ရှင်းလင်းပြသသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ဒုတိယဗိုလ်ချုပ် ကြီး မိုးမြင့်ထွန်းနှင့်အဖွဲ့ အား ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဆီအုန်း စိုက်ပျိုးထုတ်လုပ်မှု ကုမ္ပဏီများမှ သက်ဆိုင်ရာ တာဝန်ရှိသူများက အဆိုပါ စက်ရုံရှိ ရိပ်သာ၌ ဆီအုန်းပင်များ စိုက်ပျိုးမှုအခြေအနေ၊ ဆီကြမ်း ထုတ်လုပ်မှုအခြေအနေနှင့် စက်ရုံ လည်ပတ်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများ အပေါ် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးပြီး ဆီအုန်းပင်များ စိုက်ပျိုး ထားရှိမှုအခြေအနေကို လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်