(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုဏ္ဏားကျွန်းမြို့နယ် ကွန်းတောင်ကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ

 

နေပြည်တော်  မတ်    ၂၅
(၇၇)နှစ်မြောက်   တပ်မတော်နေ့ အား    ကြိုဆိုဂုဏ်ပြုသောအား ဖြင့် ရခိုင်ပြည်နယ်   ပုဏ္ဏားကျွန်း မြို့နယ်   ရန်ကုန်-စစ်တွေ ကား လမ်းမကြီးဘေးရှိ   ကွန်းတောင် ကျေးရွာ   ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲကို   ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကွန်းတောင်ကျေးရွာသူ ကျေးရွာ သားများ တက်ရောက်ကြသည်။ 
ဦးစွာ ရခိုင်ပြည်နယ် ဝန်ကြီး ချုပ်က       အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ရခိုင် ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးတင့်ဝေက ကွန်ကရစ် လမ်းနှင့်ပတ်သက်၍   ရှင်းလင်း တင်ပြပြီး ရွာသူ/   ရွာသားများ ကိုယ်စား  ရွာသားတစ်ဦးက ကျေးဇူး တင်စကား  ပြန်လည်ပြောကြား သည်။ ယင်းနောက်  ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့ကို ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်း အမှတ်အလံကို      ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူများက ကွန်ကရစ်လမ်းသစ်အား ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေး၍    (အပေါ်ပုံ)   ကွန်ကရစ်လမ်းအား      ကြည့်ရှု စစ်ဆေးကြသည်။ 
အဆိုပါ ကွန်ကရစ်လမ်းသည် ရန်ကုန်-စစ်တွေ ကားလမ်းမကြီး ဘေးရှိ ကွန်းတောင်ကျေးရွာအဝင် လမ်းဖြစ်ပြီး  ယခင်မြေသားလမ်း အဆင့်မှ ယခုအခါ ကွန်ကရစ်လမ်း အဖြစ်  အဆင့်မြှင့်တင် ဆောင်ရွက် ပေးခဲ့ခြင်းဖြစ်ပြီး    လမ်းအရှည် ပေ ၂၅၀၀ ၊ အကျယ် ၁၄ ပေ ရှိကာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရ   ခွင့်ပြုရန်ပုံငွေ ကျပ်   ၁၈၀ ဒသမ  ၃၀ သန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ တာဝန်ယူဆောင် ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။                
  သတင်းစဉ်