
ဘားအံ မတ် ၂၄
(၇၇)နှစ်မြောက် တပ်မတော် နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် သထုံ-ဘားအံ-ကော့ ကရိတ်-မြဝတီ ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ကျော့ရွာ ကျေးရွာမှ နဘူး၊ ထို့ကော်ကိုး ဒေသများသို့ အဓိကဆက်သွယ် ထားသည့် ကျော့ရွာ-ဝင်းစိန်-ဒေါ်လန်း-ဝဲကင်အံ(နဘူး) လမ်း ဖွင့်ပွဲကို မတ် ၂၃ ရက် နံနက် ၈ နာရီခန့်က အဆိုပါလမ်း မုခ်ဦး ၌ ကျင်းပသည်။
ပြောကြား
လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ၂၀၂၁-၂၀၂၂ မီနီဘဏ္ဍာနှစ်တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၆၂၄ ဒသမ ၇၇၀ သန်းဖြင့် သုညကီလိုမီတာမှ ၁၀ ကီလိုမီတာ အထိ ၃၄ ပေ အကျယ် အမာခံ မြေသားလမ်း ဆောင်ရွက်ခဲ့ပြီး လာမည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တွင်လည်း ကျန်ရှိသောလမ်းပိုင်း များအား ၃၄ ပေအကျယ် မြေသား တာပေါင်တင်ခြင်း၊ တံတား တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကာ နောင်လာမည့်ဘဏ္ဍာနှစ်များတွင် လည်း တိုင်းရင်းသားပြည်သူများခရီးသွားလာမှု ပိုမိုအဆင်ပြေ ချောမွေ့စေရေး လမ်း/တံတား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ထို့နောက် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ စီးပွားရေးရာဝန်ကြီး ဦးစောခင် မောင်မြင့်၊ သယံဇာတရေးရာ ဝန်ကြီးဦးဇော်ဝင်း၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ခင်ဇော်၊ လူမှုရေးရာဝန်ကြီး ဦးစိုးလွင်နှင့် ပြည်နယ်လမ်းဦးစီး ဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးအောင်ညိုတို့က လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကျော့ရွာ- ဝင်းစိန်- ဒေါ်လန်း- ဝဲကင်အံ(နဘူး) လမ်းပေါ်မှ မော်တော်ယာဉ်များဖြင့် ဖြတ်သန်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယခင်က နဘူး-ထို့ကော်ကိုး၊ ကော့ကရိတ်မြောက်ခြမ်း ကျေးရွာ များမှ ဘားအံမြို့သို့ သွားရောက် ရာတွင် ဘားအံ-ထီလုံ-တာပေါင်-နဘူးလမ်းမှ ကွေ့ပတ်သွားလာခဲ့ ရသည့်အတွက် လမ်းခရီး ကြန့်ကြာခဲ့ရသည်။ ယခုဖွင့်လှစ် သည့် ကျော့ရွာ-ဝင်းစိန်-ဒေါ်လန်း-ဝဲကင်အံ(နဘူး)လမ်းမှ တစ်ဆင့် သွားလာမည်ဆိုပါက ယာဉ်ကြောပိတ်ဆို့မှုများ ကင်းဝေး စေသည့် အကျိုးကျေးဇူးများနှင့် အတူ ဒေသခံတိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူ ပြုစေမည်ဖြစ် ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)