(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့နေပြည်သူလူထုအား သောက်သုံးရေ ပေးဝေနိုင်မည့် လှိုင်မြစ်-လှော်ကား ရေအားဖြည့်စီမံကိန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

 

ရန်ကုန်    မတ်   ၂၆


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊       ဆည်မြောင်းနှင့် ရေအသုံးချမှု   စီမံခန့်ခွဲရေးဦးစီးဌာန၊  ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး  ကော်ပိုရေးရှင်းတို့ ပူးပေါင်း၍   (၇၇)နှစ်မြောက်  တပ်မတော်နေ့ကို  ဂုဏ်ပြုသောအားဖြင့်  ယမန်နေ့နံနက်ပိုင်းက  ရန်ကုန် တိုင်းဒေသကြီး မှော်ဘီမြို့နယ်  လှိုင်မြစ် -လှော်ကား ရေအားဖြည့်စီမံကိန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပသည်။

 


ရှေးဦးစွာ     တိုင်းဒေသကြီး ဝန်ကြီးချုပ်        ဦးစိုးသိန်းက ရန်ကုန်မြို့နေ ပြည်သူလူထုအား သောက်သုံးရေ    အဓိကပေးဝေ လျက်ရှိသော ရေလှောင်ကန်ကြီး များဖြစ်သော  ဂျိုးဖြူ၊  ဖူးကြီး၊ လှော်ကား ရေလှောင်ကန်ကြီးများ တွင်     မိုးရေစုဆောင်းရရှိမှုများ လျော့နည်းလာ၍     လှိုင်မြစ်- လှော်ကား ရေအားဖြည့်စီမံကိန်း အား    အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း   ဖြစ်ကြောင်း၊ ရေအရည်အသွေး       စမ်းသပ် စစ်ဆေးချက်များအရ လှိုင်မြစ် အတွင်း ရေငန်မရောက်ရှိနိုင်သော မှော်ဘီမြို့နယ်       ကန်ကလေး ကျေးရွာအနီး  လှိုင်မြစ်မှ  ရေကို ရယူ       ဆောင်ရွက်ကြောင်း၊ ကန်ကလေး လျှပ်စစ်မြစ်ရေတင် စနစ်ဖြင့် မှော်ဘီမြို့ရှိ ရေသန့်စင် မှုစနစ်သို့ ပင်မရေပေးမြောင်းကြီး ဖြင့် ပေးပို့ကြောင်း၊ ရေသန့်စင်မှု စနစ်မှ  သန့်စင်ပြီး  ရေများအား ဖူးကြီး -လှော်ကား ရေပို့ပိုက်မကြီး သို့ အသစ်ဆက်သွယ်ထားသော 1600 mm   အချင်းရှိ    HDPE ရေပို့   ပိုက်မကြီးများမှတစ်ဆင့် ရေတွန်းစက်ကြီးများဖြင့် တွန်းပို့ ကာ လှော်ကားကန်ထဲသို့ နေ့စဉ် ရေဂါလန် သန်း ၆၀   ဖြည့်တင်း သွားနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် စိုက်ပျိုးရေ  ပေးဝေရေးအတွက် လည်း           မြောင်းလက်တံ တစ်လျှောက်ရှိ  စိုက်ပျိုးသူများ အား များစွာအထောက်အကူပြု မည်ဖြစ်ကြောင်း၊ ယခုစီမံကိန်း​ပြီးစီးပြီဖြစ်၍     ရန်ကုန်မြို့နေ ပြည်သူများ      ယခင်ကထက် သောက်သုံးရေ  ပိုမိုဖူလုံစွာသုံးစွဲနိုင်မည်ဖြစ်ပြီး စီမံကိန်းကို ၂၀၂၁ ခုနှစ် မေလမှ စတင်၍ ၂၀၂၂ ခုနှစ် မတ်လမှာ ပြီးစီး​အောင်မြင်စွာ ကြိုးပမ်းဆောင်ရွက်ခဲ့သော ဌာန ဆိုင်ရာများနှင့် တာဝန်ရှိသူများ အားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍        ရန်ကုန် မြို့တော်     စည်ပင်သာယာရေး ကော်မတီ  ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ မြို့တော်ဝန် ဦးညီညီ က စီမံကိန်း ဆိုင်ရာ      အချက်အလက်များ ရှင်းလင်းတင်ပြသည်။ ထို့နောက် ရန်ကုန်တိုင်း        စစ်ဌာနချုပ်တိုင်းမှူး  ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိ သူများက  လှိုင်မြစ်-လှော်ကား ရေအားဖြည့်စီမံကိန်းအား ဖဲကြိုး ဖြတ်၍လည်းကောင်း၊  ဝန်ကြီးချုပ် နှင့်     တိုင်းမှူးတို့က     ကမ္ပည်း မော်ကွန်းအား စက်ခလုတ်နှိပ်၍ လည်းကောင်း ဖွင့်လှစ်ပေးကြပြီး ကမ္ပည်းမော်ကွန်းအား   အမွှေး နံ့သာရည်ဖြင့်    ပက်ဖျန်းပေးကြ သည်။ ဆက်လက်၍ တိုင်းဒေသ ကြီး    ဝန်ကြီးချုပ်က    ရေတွန်း စက်ရုံရှိ ပထမဆုံးရေတွန်းစက် တစ်လုံးအား    စက်ခလုတ်နှိပ် မောင်းနှင်ဖွင့်လှစ်ပေးသည်။

 


ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည်  လှိုင်မြစ် - လှော်ကား ရေအားဖြည့်စီမံကိန်း       လုပ်ငန်း ခွင်အား လည်းကောင်း၊  ရေအား ဖြည့် စီမံကိန်းပုံစံငယ်နှင့် ဓာတ်ပုံ ပြခန်းတို့အား      လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 


ယင်းနောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည်   မှော်ဘီမြို့နယ်   ကန် ကလေးကျေးရွာရှိ      ကန်ကလေး လျှပ်စစ်မြစ်ရေတင် လုပ်ငန်းခွင် နှင့်  ကန်ကလေး လျှပ်စစ်မြစ်ရေ တင်လုပ်ငန်းတွင်      အသုံးပြုနေ သော    33/3.3  KV -2.5  MVA လျှပ်စစ်ဓာတ်အားခွဲရုံအား ကြည့်ရှု စစ်ဆေးရာ    တာဝန်ရှိသူများက  လှိုင်မြစ်မှ   ရေအားရယူ၍  ကန် ကလေး လျှပ်စစ်မြစ်ရေတင်စနစ် ဖြင့် မှော်ဘီမြို့ရှိ လှိုင်မြစ်- လှော် ကား ရေအားဖြည့်စီမံကိန်းသို့ပင်မ ရေပေးမြောင်းကြီးဖြင့်   ရေပေးပို့ နေမှုအခြေအနေများအား    လည်း ကောင်း၊   လျှပ်စစ်ဓာတ်အားခွဲရုံ လည်ပတ်နေမှု  အခြေအနေများ အား  လည်းကောင်း  ရှင်းလင်း တင်ပြကြရာ       ဝန်ကြီးချုပ်က လုပ်ငန်းကဏ္ဍအလိုက်     လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရ သည်။

ဆန်းကျော်ဦး(ပြန်/ဆက်)