(၇၇)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အနုပညာရှင်များနှင့် ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူဆုရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

နေပြည်တော်    မတ်    ၂၇


(၇၇)နှစ်မြောက်        တပ်မတော်နေ့ဂုဏ်ပြု ဇာတ်လမ်းဖြစ်သည့် “အနောက်မြောက်ယွန်းယွန်း မှသည် တိမ်ယံဆီသို့” ဇာတ်လမ်းတွင် ပါဝင်သရုပ် ဆောင်ခဲ့ကြသည့် အနုပညာရှင်များနှင့် ဂုဏ်ပြုစစ်ချီ သီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူဆု ရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင် ၌ ပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)  ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်  တိုင်းမှူးနှင့်   တာဝန်ရှိသူများ တက်ရောက်ကြသည်။ 


ဂုဏ်ပြုလွှာပေးအပ်


ဦးစွာ    တပ်မတော်နေ့ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ        ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက   ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက်၂၀၂၀ပြည့်နှစ် (၇၅)နှစ် မြောက်     စိန်ရတုတပ်မတော်နေ့ဂုဏ်ပြုသီချင်း ဖြစ်သည့်“သားကောင်း ဒို့စစ်သည်” စစ်ချီသီချင်းအား ရေးသားစပ်ဆိုခဲ့သည့်          ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းအား ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက မှတ်တမ်းတင် ဂုဏ်ပြုလွှာပေးအပ်သည်။ 


ယင်းနောက် စိတ်ဓာတ်ရေးရာနှင့် လူထုဆက်ဆံ ရေး ကော်မတီဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက “အနောက်မြောက်ယွန်းယွန်းမှသည် တိမ်ယံဆီသို့” ဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် ဦးသိန်း ထွန်းအောင်၊   ဒါရိုက်တာ ဗိုလ်မှူးတင်အောင်စိုး (ပန်းမြို့တော်)၊  တွဲဖက်ဒါရိုက်တာ ထွန်းကျောက်ခဲ၊ ဟန်စိုး(မြစ်ကျိုး)၊ ရိုက်ကွင်းတာဝန်ခံနှင့် အုပ်ချုပ်မှု တာဝန်ခံ   ဗိုလ်မှူး နေဝမ်းထွန်း၊ သရုပ်ဆောင်များ ဖြစ်ကြသည့်   တေဇာကျော်၊  မုဏ်း၊  စုလင်းရှိန်၊ မိုးကောင်းကင်၊ ရှင်းသန့်ရွှေ၊ ထူးပြည့်အောင်၊ နေရောင်၊ သီဟနိုင်၊ စစ်နိုနိုဗိုလ်၊ ယမုံမြင့်မြတ်၊ ရွှန်းလဲ့ရည်ဖူး၊ ပိုင်စစ်မှူး၊ ဇွဲဝီရ၊ အောင်ဘုန်းထွဋ်တို့ကို ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း။


တပ်မတော်နေ့    ကျင်းပရေးစီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ    နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး   ဗိုလ်ချုပ်ဇော်ဟိန်းက   (၇၇)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေး သီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူပြိုင်ပွဲတွင် ဆုရရှိသူများ ဖြစ်ကြသည့် ဂုဏ်ပြုစစ်ချီ သီချင်းပြိုင်ပွဲတွင် ပထမ ဆုရရှိသူ ဒုတိယအရာခံဗိုလ် သက်ဝင်းလှိုင်၊ ဒုတိယ ဆုရရှိသူ မျိုးမြင့်ရန်နောင်၊ စတုတ္ထဆုရရှိသူ အုပ်ခွဲ တပ်ကြပ်ကြီး ဇော်မျိုးထွန်း၊ ပဉ္စမဆုရရှိသူ တပ်ကြပ် ကြီး အောင်မိုးတင့်၊ စစ်သည်တေးသီချင်းပြိုင်ပွဲတွင် ပထမဆုရရှိသူ ဇာမဏီ၊ ဒုတိယဆုရရှိသူ သက်နောင်၊ တတိယဆုရရှိသူ မင်းခန့်လှိုင်(ရွှေဘို)၊ စတုတ္ထဆုရရှိ သူ မြင့်မြတ်ဦး(မြဝတီ)၊  ပဉ္စမဆုရရှိသူ  ဒုတိယ တပ်ကြပ် လှိုင်ဝင်းထွန်း(လက်ရုံး)၊ ကဗျာ(ဝါသနာရှင်)ပြိုင်ပွဲတွင် ပထမဆုရရှိသူ အမောင်၊ တတိယဆုရရှိသူ မြတ်ထွဏ်းနောင်၊ စတုတ္ထဆုရရှိသူ ကောင်းခြိမ့်ကျော်၊ ပဉ္စမဆုရရှိသူ  အောင်မင်းကျော်(ပညာ)၊   ကဗျာ (အလွတ်တန်း)ပြိုင်ပွဲတွင် ပထမဆုရရှိသူ ရဲမင်းစိုး တို့ကို ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း။ 


စာမူပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေး မှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူပြိုင်ပွဲတွင်      ဆုရရှိသူများဖြစ်ကြသည့် ဂုဏ်ပြုကဗျာ (အလွတ်တန်း)ပြိုင်ပွဲတွင် ဒုတိယဆု ရရှိသူ ကိုကို(ရေနံ့သာ)၊ တတိယဆုရရှိသူ ဘုန်းမောင် ဝင်း (ဖျာပုံ)၊ စတုတ္ထဆုရရှိသူ မောင်ရေမွှေး(ပေလေး ပင်)၊  ပဉ္စမဆုရရှိသူ ဦးဆင်ကျော်၊   ဂုဏ်ပြုဝတ္ထုတို ပြိုင်ပွဲတွင် ပထမဆုရရှိသူ တက္ကသိုလ်မြမဉ္ဇူ၊ ဒုတိယ ဆုရရှိသူ ကြယ်စင်သုတ၊ တတိယဆုရရှိသူ မိုးထက် ဝေယံ၊ စတုတ္ထဆုရရှိသူ နွေးထက်လှိုင်၊ ပဉ္စမဆုရရှိသူ ယဉ်မွှေးပန်း (ဟဲဟိုး)၊ ဝတ္ထုရှည်ပြိုင်ပွဲတွင်  ပထမဆု ရရှိသူ  နေဇင်(ပေါက်ခေါင်း)၊   ဒုတိယဆုရရှိသူ မောင်မောင်လွင်(ရွှေဘိုသား)၊     တတိယဆုရရှိသူ မောင်စူးရှ(အနောက်ရိုးမ)၊ စတုတ္ထဆုရရှိသူ ရဲမင်းစိုး၊ ပဉ္စမဆုရရှိသူ ပင်မြင့်စံ(ရွှေဘို)တို့ကို  ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း ပေးအပ် ကြသည်။


အခမ်းအနားအပြီးတွင် တပ်မတော်နေ့ကျင်းပ ရေးကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)       ဗိုလ်ချုပ်ကြီး  မောင်မောင်အေးက   တက်ရောက်လာကြသူများအား လက်ဖက်ရည်ဝိုင်း ဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အဖွဲ့ဝင်များနှင့်အတူ ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။


 သတင်းစဉ်