
နေပြည်တော် မတ် ၂၇
(၇၇)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်း ဖြစ်သည့် “အနောက်မြောက် ယွန်းယွန်း မှသည် တိမ်ယံဆီသို့” ဇာတ်လမ်း တွင် ပါဝင်သရုပ်ဆောင်ခဲ့ကြသည့် အနုပညာရှင်များနှင့် ဂုဏ်ပြု စစ်ချီသီချင်း၊ စစ်သည် တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူ ဆုရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ပွဲကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့် နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တပ်မတော်နေ့ကျင်းပရေးကော်မတီဥက္ကဋ္ဌ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ဂုဏ်ပြုအမှာစကား ပြောကြား သည်။ ထို့နောက် ၂၀၂၀ ပြည့်နှစ် (၇၅)နှစ်မြောက် စိန်ရတု တပ်မတော်နေ့ ဂုဏ်ပြုသီချင်း ဖြစ်သည့် “သားကောင်းဒို့စစ်သည်” စစ်ချီသီချင်းအား ရေးသားစပ်ဆို ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းအား ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက မှတ်တမ်းတင် ဂုဏ်ပြုလွှာ ပေးအပ်သည်။
ယင်းနောက် စိတ်ဓာတ် ရေးရာနှင့် လူထုဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း က “အနောက်မြောက်ယွန်းယွန်း မှသည် တိမ်ယံဆီသို့” ဇာတ်လမ်း တွင် ပါဝင်ခဲ့သည့် ဦးသိန်းထွန်း အောင်၊ ဒါရိုက်တာ ဗိုလ်မှူး တင်အောင်စိုး (ပန်းမြို့တော်)၊ တွဲဖက်ဒါရိုက်တာ ထွန်းကျောက်ခဲ၊ ဟန်စိုး(မြစ်ကျိုး)၊ ရိုက်ကွင်း တာဝန်ခံနှင့် အုပ်ချုပ်မှုတာဝန်ခံ ဗိုလ်မှူး နေဝမ်းထွန်း၊ သရုပ်ဆောင် များဖြစ်ကြသည့် တေဇကျော်၊ မုဏ်း၊ စုလင်းရှိန်၊ မိုးကောင်းကင်၊ ရှင်းသန့်ရွှေ၊ ထူးပြည့်အောင်၊ နေရောင်၊ သီဟနိုင်၊ စစ်နိုနိုဗိုလ်၊ ယမုံမြင့်မြတ်၊ ရွှန်းလဲ့ရည်ဖူး၊ ပိုင်စစ်မှူး၊ ဇွဲဝီရ၊ အောင်ဘုန်းထွဋ် တို့ကို ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကို လည်း ကောင်း။
တပ်မတော်နေ့ ကျင်းပရေး စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းက (၇၇) နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည် တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူ ပြိုင်ပွဲတွင် ဆုရရှိသူများဖြစ်ကြ သည့် ဂုဏ်ပြုစစ်ချီ သီချင်းပြိုင်ပွဲ တွင် ပထမဆုရရှိသူ ဒုတိယအရာခံ ဗိုလ်သက်ဝင်းလှိုင်၊ ဒုတိယဆုရရှိ သူ မျိုးမြင့်ရန်နောင်၊ စတုတ္ထဆု ရရှိသူ အုပ်ခွဲတပ်ကြပ်ကြီး ဇော်မျိုး ထွန်း၊ ပဉ္စမဆုရရှိသူ တပ်ကြပ်ကြီး အောင်မိုးတင့်၊ စစ်သည် တေးသီချင်းပြိုင်ပွဲတွင် ပထမဆု ရရှိသူ ဇာမဏီ၊ ဒုတိယဆုရရှိသူ သက်နောင်၊ တတိယဆုရရှိသူ မင်းခန့်လှိုင်(ရွှေဘို)၊ စတုတ္ထဆု ရရှိသူ မြင့်မြတ်ဦး(မြဝတီ)၊ ပဉ္စမ ဆုရရှိသူ ဒုတိယတပ်ကြပ် လှိုင် ဝင်းထွန်း (လက်ရုံး)၊ ကဗျာ (ဝါသနာရှင်)ပြိုင်ပွဲတွင် ပထမဆု ရရှိသူ အမောင်၊ တတိယဆုရရှိသူ မြတ်ထွဏ်းနောင်၊ စတုတ္ထဆုရရှိ သူ ကောင်းခြိမ့်ကျော်၊ ပဉ္စမဆု ရရှိသူ အောင်မင်းကျော် (ပညာ)၊ ကဗျာ(အလွတ်တန်း) ပြိုင်ပွဲတွင် ပထမဆုရရှိသူ ရဲမင်းစိုးတို့ကို ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများကို လည်းကောင်း။
စာမူပြိုင်ပွဲ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ပြည်သူ့ဆက်ဆံ ရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေး မှူး ဗိုလ်ချုပ် ဇော်မင်းထွန်းက ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည် တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူ ပြိုင်ပွဲတွင် ဆုရရှိသူများဖြစ်ကြ သည့် ဂုဏ်ပြုကဗျာ (အလွတ် တန်း) ပြိုင်ပွဲတွင် ဒုတိယဆုရရှိသူ ကိုကို(ရေနံ့သာ)၊ တတိယဆုရရှိ သူ ဘုန်းမောင်ဝင်း (ဖျာပုံ)၊ စတုတ္ထ ဆုရရှိသူ မောင်ရေမွှေး (ပေလေး ပင်)၊ ပဉ္စမဆုရရှိသူ ဦးဆင်ကျော်၊ ဂုဏ်ပြုဝတ္ထုတိုပြိုင်ပွဲတွင် ပထမ ဆုရရှိသူ တက္ကသိုလ်မြမဉ္ဇူ၊ ဒုတိယဆုရရှိသူ ကြယ်စင်သုတ၊ တတိယဆုရရှိသူ မိုးထက်ဝေယံ၊ စတုတ္ထဆုရရှိသူ နွေးထက်လှိုင်၊ ပဉ္စမဆုရရှိသူ ယဉ်မွှေးပန်း(ဟဲဟိုး)၊ ဝတ္ထုရှည်ပြိုင်ပွဲတွင် ပထမဆု ရရှိ သူ နေဇင်(ပေါက်ခေါင်း)၊ ဒုတိယ ဆုရရှိသူ မောင်မောင်လွင် (ရွှေဘိုသား)၊ တတိယဆုရရှိသူ မောင်စူးရှ(အနောက်ရိုးမ)၊ စတုတ္ထ ဆုရရှိသူ ရဲမင်းစိုး၊ ပဉ္စမဆုရရှိသူ ပင်မြင့်စံ(ရွှေဘို)တို့ကို ဂုဏ်ပြု ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ကိုလည်းကောင်း ပေးအပ်ကြ သည်။
အခမ်းအနား အပြီးတွင် တပ်မတော်နေ့ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေး မှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေးက တက်ရောက် လာကြသူများအား လက်ဖက်ရည် ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အဖွဲ့ဝင်များနှင့်အတူ ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်