
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြား
နေပြည်တော် မတ် ၂၇
၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်၊ ယနေ့ ကျရောက်သည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်း၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာ သရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြား သည်။
ဦးစွာ စစ်ရေးပြအခမ်းအနားတွင် ပါဝင် ချီတက်ကြမည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ကြည်း) အမျိုးသမီးစစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမျိုးသမီးစစ်ရေးပြ တပ်ခွဲတို့သည် စစ်ရေးပြစစ်ကြောင်းကြီးများအလိုက် သစ်တပ် စစ်ရေးပြကွင်း၌ စတင်စုရုံးရောက်ရှိ နေရာယူကြပြီး စစ်ရေးပြ အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။
ထို့နောက် ဘက်ပိုက်တပ်စုနှင့် ဗဟိုစစ်တီးဝိုင်း အဖွဲ့သည် စစ်ရေးပြကွင်းအတွင်းရှိ သတ်မှတ်နေရာ၌ နေရာယူကြပြီး ယန္တရားစစ်ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာထွန်း ဦးဆောင်၍ အမြောက် တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုယန္တရားတပ်ခွဲ၊ ဒုံးတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုယန္တရား တပ်ခွဲ၊ သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုယန္တရားတပ်ခွဲ၊ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်ရုံး ကိုယ်စားပြု ယန္တရားတပ်ခွဲ၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု ယန္တရားတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြုယန္တရားတပ်ခွဲတို့က ချီတက်နေရာ ယူကြသည်။
အနော်ရထာစစ်ကြောင်း
ဆက်လက်ပြီး စစ်ရေးပြမှူးကြီး ဗိုလ်ချုပ် ရဲကျော်သူ ဦးဆောင်၍ အလံတော် အဖွဲ့၊ ၎င်းနောက်မှ စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် မိုးဇော်ထွန်း ဦးဆောင် သည့် ဂုဏ်ပြုတပ်ခွဲ၊ စစ်အင်ဂျင်နီယာညွှန်ကြားရေး မှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်ရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ သံချပ်ကာယန္တရားတပ်ဖွဲ့ ညွှန်ကြား ရေးမှူးရုံးကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စစ်လက်နက် ပစ္စည်းညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြ တပ်ခွဲ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စား ပြု စစ်ရေးပြတပ်ခွဲ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၁)၊ တပ်မတော်လေ့ကျင့် ရေးအရာရှိချုပ်ရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲတို့ ပါဝင်သည့် အနော်ရထာစစ်ကြောင်း။
ကျန်စစ်သားစစ်ကြောင်း
စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ဇော်ပိုင်ထွန်း ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ ဆက်သွယ်ရေး ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ဆေးဝန်ထမ်းညွှန်ကြား ရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ(၂)၊ မြောက်ပိုင်းတိုင်းစစ် ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲတို့ပါဝင်သည့် ကျန်စစ်သားစစ်ကြောင်း။
ဘုရင့်နောင်စစ်ကြောင်း
စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် သိန်းထူး ဦးဆောင် သည့် ဂုဏ်ပြုတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၁)၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၂)၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၁)၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၁) တို့ ပါဝင်သည့် ဘုရင့်နောင်စစ်ကြောင်း။
အောင်ဇေယျစစ်ကြောင်း
စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင် ဦးဆောင် သည့် ဂုဏ်ပြုတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကိုယ်စားပြု (အမျိုးသမီး)စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ကိုယ်စားပြု(အမျိုး သမီး) စစ်ရေးပြတပ်ခွဲ(၁)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ကိုယ်စားပြု (အမျိုးသမီး)စစ်ရေးပြတပ်ခွဲ(၂)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကိုယ်စားပြု (အမျိုးသမီး)စစ်ရေးပြတပ်ခွဲ(၃)၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း)ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြ တပ်ခွဲ(၄)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ(၅)နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ(၆)တို့ ပါဝင်သည့် အောင်ဇေယျစစ်ကြောင်း။
ဆင်ဖြူရှင်စစ်ကြောင်း
စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ဇော်ဝင်းထွန်း ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(လေ) ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ကာကွယ် ရေးဦးစီးချုပ်ရုံး (လေ)ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ(၁)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ(၂)၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ တောင်ပိုင်းတိုင်းစစ် ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ(၂)၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ(၂)တို့ ပါဝင်သည့် ဆင်ဖြူရှင်စစ်ကြောင်း။
ဗန္ဓုလစစ်ကြောင်း
စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ဇော်မြင့်ဦး ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ လေကြောင်းချီစစ်ရေးပြတပ်ခွဲ၊ အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ အရှေ့မြောက်တိုင်းစစ် ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲတို့ပါဝင်သည့် ဗန္ဓုလစစ်ကြောင်း။
အစီအစဉ်အတိုင်း ချီတက်
စစ်ကြောင်းမှူး ရဲမှူးချုပ် လူလူသန်း ဦးဆောင် သည့် ဂုဏ်ပြုတပ်ခွဲ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသမီး)စစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ(၁)၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု(အမျိုးသမီး) စစ်ရေးပြ တပ်ခွဲ(၂)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု(အမျိုးသား) စစ်ရေးပြတပ်ခွဲ(၁)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု (အမျိုးသား)စစ်ရေးပြတပ်ခွဲ(၂)၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု (အမျိုးသား) စစ်ရေးပြ တပ်ခွဲ(၃)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုး သား) စစ်ရေးပြတပ်ခွဲ(၄)တို့ ပါဝင်သည့် အောင်ဆန်း စစ်ကြောင်းတို့က စစ်တီးဝိုင်းအဖွဲ့များနှင့်အတူ စစ်ရေးပြကွင်းအတွင်းသို့ အစီအစဉ်အတိုင်း ချီတက် ကြသည်။
သောင်းသောင်းဖြဖြကြိုဆို
ထိုသို့ ချီတက်ချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၏ ဇနီး များ၊ ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၏ ဇနီးများက ဂုဏ်ပြုပန်းကုံးများစွပ်၍ ကြိုဆိုကြသည်။ အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိ၊ စစ်သည် မိသားစုများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးတို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ရုပ်ရှင်အနုပညာရှင်များ၊ ဒေသခံမိဘပြည်သူများကလည်း စစ်ကြောင်းကြီး များ ချီတက်ရာလမ်းတစ်လျှောက် သောင်းသောင်း ဖြဖြကြိုဆိုကာ ဂုဏ်ပြုပန်းကုံးများစွပ်၍ ကြိုဆိုခဲ့ ကြပြီး စစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသည် ဇာတိသွေး၊ ဇာတိမာန်အပြည့်ဖြင့် စစ်ချီတေးများကို သံပြိုင် ဟစ်ကြွေးသီဆိုချီတက်လာကြကာ စစ်ရေးပြကွင်း အတွင်းသို့ ရောက်ရှိနေရာယူကြသည်။ ယင်းနောက် ဗိုလ်ကြီး ဒေါ်မေမြတ်မူ ဦးဆောင်သည့် အထူးတာဝန် တပ်ဖွဲ့ (အမျိုးသမီး) စစ်ရေးပြတပ်ခွဲနှင့် ဗိုလ်မှူး ဖြိုးမောင်မောင်ဝင်း ဦးဆောင်သည့် တပ်မတော်(ရေ) အထူးတပ်ဖွဲ့ စစ်ရေးပြတပ်ခွဲတို့က စစ်ရေးပြကွင်း အတွင်းသို့ ဆက်လက်ရောက်ရှိနေရာယူကြသည်။
အဆိုပါ (၇၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုတရားသူကြီး ချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်ဥက္ကဋ္ဌ၊ ရဲဘော်သုံးကျိပ်ဝင် မိသားစု ဝင်များ၊ အငြိမ်းစားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ မိသားစုဝင်များ၊ အငြိမ်းစားတပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိ ကြီးများ၊ လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် မော်ကွန်းဝင်ပုဂ္ဂိုလ် များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ ဒုတိယ ဝန်ကြီးများ၊ တပ်မတော်သား အငြိမ်းစားသံအမတ် ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ နိုင်ငံခြား စစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများ၊တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စား လှယ်များ၊ နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများနှင့် တာဝန် ရှိသူများ၊ အောင်ဆန်းသူရိယဘွဲ့ရရှိခဲ့သူများ၏ မိသားစုဝင်များနှင့် ဆွေမျိုးများ၊ သီဟသူရဘွဲ့၊ သူရဘွဲ့နှင့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ရရှိခဲ့ကြသည့် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင် များ၊ ဆွေမျိုးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ အသွင်ပြောင်းပြည်သူ့စစ်၊ မူလပြည်သူ့ စစ်နှင့် နယ်ခြားစောင့်ဗဟိုအကြံပေးကွပ်ကဲရေး အဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့တို့မှ ပုဂ္ဂိုလ်များ၊ ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဝန်ကြီးဌာနအသီးသီး တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သား (အငြိမ်းစား) ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့တို့မှ အငြိမ်းစားညွှန်ကြားရေးမှူးချုပ်များ၊ ဝိုင်အမ်ဘီအေ အသင်းကြီး၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းနှင့် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေး အသင်းဗဟိုတို့မှ တာဝန်ရှိသူများ၊ တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် အနုပညာရှင် များ၊ စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည် ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ တပ်မတော်နေ့အလှူရှင်များ၊ သတင်းမီဒီယာ ကောင်စီ၊ ရုပ်ရှင်သဘင်ဂီတအစည်းအရုံးနှင့် သေနင်္ဂဗျူဟာလေ့လာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်မှ ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထား သည့် ဧည့်သည်တော်များနှင့် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ တက်ရောက်ကြသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော် နေ့ စစ်ရေးပြအခမ်းအနားကျင်းပသည့် စစ်ရေးပြ ကွင်းသို့ရောက်ရှိပြီး အလေးပြုခံစင်မြင့်၌ နေရာ ယူရာ စစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အလေးပြုကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်ရေးပြ စစ်ကြောင်းကြီးများအား လိုက်လံစစ်ဆေးသည်။
သစ္စာလေးချက်ကို သံပြိုင်ရွတ်ဆို
ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၊ စစ်ရေးပြစစ်ကြောင်းကြီးများမှ တပ်မတော်သားများ နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုကြပြီး သစ္စာလေးချက်ကို သံပြိုင်ရွတ်ဆို ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားသည်။ (မိန့်ခွန်းအပြည့်အစုံကို စာမျက်နှာ - ၃ တွင် သီးခြားဖော်ပြထားပါသည်။)
ညီညာစွာ ချီတက်အလေးပြု
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား စစ်ရေးပြမှူးကြီး ဗိုလ်ချုပ် ရဲကျော်သူ ဦးဆောင်သော စစ်ကြောင်းကြီးများမှ တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များက အစီအစဉ်အတိုင်း စစ်ကြောင်းပုံ ဖြင့် ညီညာစွာ ချီတက်အလေးပြုကြပြီး စစ်ရေးပြ ကွင်းကြီးအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။
ထိုသို့ ချီတက်အလေးပြုချိန်တွင် တပ်မတော် (လေ)မှ MI-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် နှစ်စင်းတို့က “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံ” နှင့် “တပ်မတော်အလံ” တို့ကို ချိတ်ဆွဲ၍ လည်းကောင်း၊ H-120 ရဟတ်ယာဉ် သုံးစင်းနှင့် H-125 ရဟတ်ယာဉ်နှစ်စင်းတို့က အမျိုးအစားမတူ မြားခေါင်းပုံ အုပ်ဖွဲ့ပျံသန်းခြင်း Composite Arrow Head Formation ပုံစံဖြင့်လည်းကောင်း၊ Y-12 အမျိုးအစား သယ်ယူပို့ဆောင်ရေး လေယာဉ် သုံးစင်း က Vic Formation ပုံစံဖြင့် လည်းကောင်း၊ ATR-42 အမျိုးအစား ပင်လယ်ပြင်ကင်းထောက်လေယာဉ် တစ်စင်းနှင့် BEECH 1900D အမျိုးအစား သယ်ယူ ပို့ဆောင်ရေးလေယာဉ် နှစ်စင်းတို့က အမျိုးအစားမတူ အုပ်ဖွဲ့ပျံသန်းခြင်း Composite Vic Formation ပုံစံဖြင့် လည်းကောင်း။
အသီးသီးသရုပ်ပြပျံသန်းကြ
ထို့နောက် K-8 အပေါ့စားတိုက်ခိုက်ရေးလေယာဉ် သုံးစင်းနှင့် Yak-130 အပေါ့စား တိုက်ခိုက်ရေးလေယာဉ် နှစ်စင်းတို့က အမျိုးအစားမတူ မြားခေါင်းပုံအုပ်ဖွဲ့ ပျံသန်းခြင်း Composite Arrow Head Formation ပုံစံဖြင့်လည်းကောင်း၊ K-8 W အပေါ့စားတိုက်ခိုက်ရေး လေယာဉ် ငါးစင်းက မြားခေါင်းပုံ အုပ်ဖွဲ့ပျံသန်းခြင်း Arrow Head Formation ပုံစံဖြင့်ပျံသန်းပြီး နိုင်ငံတော်အလံကိုယ်စားပြု အဝါရောင်၊ အစိမ်းရောင်၊ အနီရောင် မီးခိုးများကို ထုတ်လွှတ်၍လည်းကောင်း၊ Fokker 70 သယ်ယူပို့ဆောင်ရေး လေယာဉ် တစ်စင်း နှင့် MiG-29 ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ် နှစ်စင်းတို့က အမျိုးအစားမတူ အုပ်ဖွဲ့ပျံသန်းခြင်း Composite Vic Formation ပုံစံဖြင့် လည်းကောင်း၊ Yak-130 အပေါ့စား တိုက်ခိုက်ရေးလေယာဉ် ငါးစင်းတို့က မြားခေါင်းပုံအုပ်ဖွဲ့ပျံသန်းခြင်း Arrow Head Formation ပုံစံဖြင့်လည်းကောင်း၊ K-8 W အပေါ့စား တိုက်ခိုက်ရေးလေယာဉ် ငါးစင်းက ဒုတိယ အကြိမ် မြားခေါင်းပုံ အုပ်ဖွဲ့ပျံသန်းခြင်း Arrow Head Formation ပုံစံဖြင့်ပျံသန်းပြီး နိုင်ငံတော်အလံ ကိုယ်စားပြု အဝါရောင်၊ အစိမ်းရောင်၊ အနီရောင်မီးခိုးများကိုထုတ်လွှတ်၍လည်းကောင်း၊ F-7 ကြားဖြတ် တိုက်ခိုက်ရေးလေယာဉ် ငါးစင်းက မြားခေါင်းပုံအုပ်ဖွဲ့ ပျံသန်းခြင်း Arrow Head Formation ပုံစံဖြင့် လည်းကောင်း၊ MiG-29 ဘက်စုံသုံး တိုက်ခိုက်ရေး လေယာဉ်ငါးစင်းက မြားခေါင်းပုံစံ အုပ်ဖွဲ့ပျံသန်းခြင်း Arrow Head Formation ပုံစံဖြင့် လည်းကောင်း၊ MiG-29 ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ် ငါးစင်း က ဒုတိယအကြိမ်အဖြစ် Fan Break ခေါ် ယပ်တောင် ပုံခွဲထွက်ပျံသန်းပြီး Flare မီးကျည်များ ပစ်လွှတ်၍ လည်းကောင်း အသီးသီးသရုပ်ပြပျံသန်းကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူ မင်းအောင်လှိုင်အား အလေးပြုကြသည်။
ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တက်ရောက်လာကြသည့် ဧည့်သည်တော်ကြီးများ အား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ စစ်ရေးပြ ကွင်းကြီးမှ ပြန်လည်ထွက်ခွာပြီး ၂၀၂၂ ခုနှစ်၊ (၇၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်သည်။
ရောင်စုံအလံများ လွှင့်ထူထား
(၇၇)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြကျင်းပ သော နေပြည်တော်စစ်ရေးပြကွင်းကြီးတွင် ခံ့ညားစွာ စိုက်ထူထားသည့် ပထမ၊ ဒုတိယနှင့် တတိယ မြန်မာနိုင်ငံတော်တို့ကို တည်ထောင်ခဲ့ကြသော မင်းသုံးပါးတို့၏ ကြေးရုပ်တုကြီးများကို လည်းကောင်း၊ တပ်မတော်နေ့ မီးရှူးတိုင်နှင့် (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် တံဆိပ်ကြီးကို လည်းကောင်း ဝင့်ထည်စွာ တွေ့မြင်နိုင်သည့်အပြင် ဗမာ့လွတ်လပ်ရေး တပ်မတော်အလံ၊ ဗမာ့ကာကွယ် ရေး တပ်မတော်အလံ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အလံများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ညွှန်ကြားရေးမှူးရုံးအလံများ၊ တိုင်းစစ်ဌာနချုပ်၊ တပ်မဌာနချုပ်အသီးသီးနှင့် တပ်ရင်းတပ်ဖွဲ့များ၏ အမှတ်တံဆိပ်ပါ ရောင်စုံအလံများ တလွင့်လွင့် လွှင့်ထူထားကြသည်ကိုလည်း တွေ့မြင်နိုင်သည်။
ဆိုင်းဘုတ်များစိုက်ထူ
ထို့အပြင် (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်-မန္တလေး ကားလမ်းမ နှင့် ပင်လောင်းလမ်းဆုံတွင် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေမည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်သည်များ၏ လှုပ်ရှားမှုပုံရိပ်များကို ဖော်ကျူးထားသော ပိုစတာ ကြီးများကို စိုက်ထူထားရှိပြီး စစ်ရေးပြကွင်းရှေ့ရှိ လမ်းတစ်လျှောက်တွင်လည်း တပ်မတော်၏ ဆောင်ပုဒ်များကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ဆိုင်းဘုတ်များစိုက်ထူကာ စာတန်းများကိုလည်း ချိတ်ဆွဲထားရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်