(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲများနှင့် အလှူငွေပေးအပ်ပွဲပြုလုပ်

 

နေပြည်တော်  မတ်  ၂၄


(၇၇)နှစ်မြောက်   တပ်မတော်နေ့   အထိမ်း အမှတ်   စုပေါင်းသွေးလှူဒါန်းပွဲကို   ယနေ့ နံနက်ပိုင်းက       အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်အားကစားခန်းမ၌ ပြုလုပ်ရာ    တိုင်းစစ်ဌာနချုပ်နှင့်   ကွပ်ကဲမှု အောက်တပ်ရင်း၊    တပ်ဖွဲ့များရှိ   အရာရှိ၊ စစ်သည်၊  ရဲမေများနှင့်   မှီခိုသူမိသားစုဝင် စုစုပေါင်း   ၆၀  တို့က  စုပေါင်းသွေးလှူဒါန်း ကြသည်။ ထိုသို့ သွေးလှူဒါန်းနေမှုများကို တိုင်းမှူး  ဗိုလ်ချုပ်အောင်အောင်နှင့်  တာဝန် ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး အာဟာရဖြည့်   စားသောက်ဖွယ်ရာများနှင့် အားဆေးများပေးအပ်သည်။ 

 


အလားတူ (၇၇)နှစ်မြောက် တပ်မတော် နေ့အထိမ်းအမှတ်    စုပေါင်းသွေးလှူဒါန်းပွဲ နှင့်  အလှူငွေပေးအပ်ပွဲကို  ယနေ့နံနက်ပိုင်း က  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်  (ယာယီ အရေးပေါ်ကုသရေးဆေးရုံ)  ကိုဗစ်ကုသရေး စင်တာ၌ပြုလုပ်ရာ     တိုင်းမှူး    ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊  အထွေထွေရောဂါကု ဆေးရုံ(မန္တလေး)မှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးသက်အောင်၊       သွေးအလှူရှင်များဖြစ် ကြသော သံဃာတော်များ၊ တပ်ရင်း/ တပ်ဖွဲ့ များမှ   အရာရှိ၊   စစ်သည်၊    မိသားစုများ၊ စေတနာရှင်   သွေးအလှူရှင်များ၊   အလှူရှင် များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော် များ တက်ရောက်ကြသည်။

 


ဦးစွာ   သွေးအလှူရှင်   စုစုပေါင်း ၁၉၀ ကို   နယ်မြေခံတပ်ဆေးအဖွဲ့နှင့်  အထွေထွေ ရောဂါကုဆေးရုံ(မန္တလေး) မှ  ကျန်းမာရေး ဝန်ထမ်းများက လိုအပ်သည့် ကျန်းမာရေးစစ် ဆေးပေးခြင်းများ       ဆောင်ရွက်ပေးသည်။ ထို့နောက် သွေးအလှူရှင်များက သတ်မှတ် နေရာများတွင် သွေးလှူဒါန်းကြသည်။ ထိုသို့ စုပေါင်းသွေးလှူဒါန်းမှုများကို တိုင်းမှူးနှင့် တာဝန်ရှိသူများက  လိုက်လံကြည့်ရှုအားပေး ပြီး   သွေးအလှူရှင်များအတွက် အာဟာရ ဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

 

ထို့နောက်   တိုင်းမှူးနှင့်  တာဝန်ရှိသူများက သွေးအိတ်များ        ပေးအပ်လှူဒါန်းရာ အထွေထွေရောဂါကုဆေးရုံ     (မန္တလေး)မှ ဆေးရုံအုပ်ကြီးက  လက်ခံရယူပြီး   ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ  ကျေးဇူး တင်စကားပြောကြားသည်။ 

 


ထို့အပြင်    My Home   အထည်ဆိုင်မှ (၇၇)နှစ်မြောက်   တပ်မတော်နေ့   အထိမ်း အမှတ်     စုပေါင်းသွေးလှူဒါန်းပွဲအတွက် အလှူငွေကျပ် ၂၅ သိန်းကို  တိုင်းစစ်ဌာနချုပ် သို့ လာရောက်လှူဒါန်းရာ တိုင်းမှူးကလက်ခံ ရယူခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်