(၇၇)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့တက်ရောက်ကြသည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများအားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး၊တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက ဂါရဝပြုကန်တော့

 

(၇၇)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြသည့် အငြိမ်းစား တပ်မတော်အရာရှိကြီးများအား 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး၊ 
တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြုကန်တော့
 

 

နေပြည်တော်  မတ်  ၂၇


ယနေ့    ကျရောက်သည့်    (၇၇)    နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ            အခမ်းအနားသို့ တက်ရောက်ကြသည့်    တပ်မတော်တွင်    တာဝန် ထမ်းဆောင်ခဲ့သည့်            အငြိမ်းစား     တပ်မတော် အရာရှိကြီးများအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြုကန်တော့သည့် အခမ်းအနား ကို  ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာ သီရိဗိမာန် ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

 


အဆိုပါ ဂါရဝပြုကန်တော့သည့် အခမ်းအနားသို့ အငြိမ်းစား တပ်မတော်အရာရှိကြီး ၂၅ ဦးနှင့် ဇနီး ၁၆ ဦးတို့ကန်တော့ခံတက်ရောက်ကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ် ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ ဦးဆောင်၍ ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မှ  တပ်မတော်အရာရှိကြီး များနှင့် ဇနီးများက တက်ရောက် ဂါရဝပြုကန်တော့ ကြသည်။

 


အခမ်းအနားတွင်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်က  ဂါရဝပြုစကား ပြောကြားရာတွင်   ယခုကဲ့သို့   (၇၇) နှစ်မြောက် တပ်မတော်နေ့တွင်   ဂါရဝပြုကန်တော့ခွင့်ရသည့် အတွက်  ဂုဏ်ယူဝမ်းမြောက်ပါကြောင်း    ဦးစွာ ပြောကြား၍  ခေတ်အဆက်ဆက်  တပ်မတော်မှ နိုင်ငံတော်၏  တာဝန်များကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်  ထမ်းဆောင်ခဲ့မှုနှင့်  လက်ဆင့်ကမ်း တာဝန်ထမ်းဆောင်နေမှု   အခြေအနေ၊   ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင်   ခိုင်မာစွာ   လျှောက်လှမ်း နိုင်ရေး     ကြိုးပမ်းဆောင်ရွက်နေမှု    အခြေအနေ၊ ပြည်ထောင်စုမပြိုကွဲရေးအတွက်    တပ်မတော်မှ မားမားမတ်မတ် ရပ်တည်ကြိုးပမ်း ဆောင်ရွက်နေမှု အခြေအနေ၊    မလွှဲသာသည့်    အခြေအနေတွင်  တပ်မတော်မှ နိုင်ငံတော်၏ တာဝန်အရပ်ရပ်အား လွှဲပြောင်းတာဝန်ယူခဲ့ရမှု   အခြေအနေ၊   နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီမှ  ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေ အနေများကို ပြောကြားသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ တက်ရောက်လာကြသည့်   တပ်မတော်အရာရှိကြီး များနှင့်   ဇနီးများက တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများကိုယ်စား အငြိမ်းစားတပ်မတော်အရာရှိ ကြီးများအား  မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာနှင့် အညီ   ရိုသေစွာဖြင့်  ဂါရဝပြုကန်တော့ကြသည်။

 


ယင်းနောက်        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီး၊ ကောင်စီဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်       ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် ဇနီး၊  တပ်မတော်အရာရှိကြီးများက အငြိမ်းစားတပ်မတော် အရာရှိကြီးများထံ  ဂါရဝပြု လက်ဆောင်ပစ္စည်းများကို      ကိုယ်တိုင်ကိုယ်ကျ   ရိုသေစွာဂါရဝပြုပေးအပ်ကြသည်။

 


ထို့နောက်  ကန်တော့ခံအငြိမ်းစားတပ်မတော်အရာရှိကြီးများကိုယ်စား    ဗိုလ်ချုပ်   သူရစောဖြူ (အငြိမ်းစား)နှင့် ဗိုလ်ချုပ်ကြီး သိန်းစိန်(အငြိမ်းစား)တို့က ဩဝါဒစကားများ  ပြန်လည်ပြောကြားကြသည်။

 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    တပ်မတော်ကာကွယ်ရေး  ဦးစီးချုပ်နှင့် တပ်မတော်အရာရှိကြီးများသည်      အငြိမ်းစား တပ်မတော်အရာရှိကြီးများနှင့်   ဇနီးများနှင့်အတူ  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 


ထို့နောက်        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီးတို့သည်   အခမ်းအနားတက်ရောက်လာကြ သည့်   အငြိမ်းစား  တပ်မတော်အရာရှိကြီးများနှင့် ဇနီးများအား  ရင်းရင်းနှီးနှီး  နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။                            

သတင်းစဉ်