(၇၇)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် ဘားအံမြို့ ဇွဲကပင်ပန်းခြံဖွင့်လှစ်

 

ဘားအံ    မတ်   ၂၆


(၇၇)နှစ်မြောက်  တပ်မတော်နေ့ ကို       ဂုဏ်ပြုသောအားဖြင့် ဘားအံမြို့   အမှတ်(၄)ရပ်ကွက် ရုံးကုန်းအဝိုင်းအနီးရှိ    ဇွဲကပင် ပန်းခြံဖွင့်ပွဲ အခမ်းအနားကို မတ် ၂၆ ရက်   နံနက် ၈ နာရီခန့်က အဆိုပါပန်းခြံမုခ်ဦးရှေ့၌ ကျင်းပ သည်။

 


ရှေးဦးစွာ ကရင်ရိုးရာဖားစည် တီး၍ ကျွဲချိုမှုတ်ကာ ပန်းခြံဖွင့်ပွဲ အခမ်းအနားကို စတင်ကျင်းပပြီး ကရင်ပြည်နယ်       ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အနားယူ အပန်းဖြေနိုင်ရေး၊   သစ်တော သစ်ပင်နှင့် သဘာဝပတ်ဝန်းကျင် ၏   တန်ဖိုးနှင့်  အရေးကြီးပုံကို ပြည်သူလူထုအများစုက သဘော ပေါက်  တန်ဖိုးထားတက်စေရန်၊ ရုက္ခဗေဒပညာရှင်များ၊      ပန်း ဝါသနာရှင်များ၊       ခရီးသွား ဧည့်သည်များအတွက် ဆွဲဆောင် မှုရှိသောနေရာတစ်ခု ဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း  ဖြစ် ကြောင်း၊  နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ Green City , Clean City   ဖြစ်စေရေး၊     သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေ ရေးအတွက် ပြည်နယ်အတွင်းရှိ မြို့နယ်၊ မြို့များ၏ အဝင်အထွက် နေရာများ  စိမ်းလန်းစိုပြည်လှပ ရေး၊  သန့်ရှင်းသာယာရေး၊ ရေစီး ရေလာ ကောင်းမွန်ရေးနှင့် အများ ပြည်သူ အနားယူ အပန်းဖြေနိုင် မည့် ပန်းခြံ၊    ကလေးကစားကွင်းနှင့် လျှောက်လမ်းများကို စီမံဆောင် ရွက်ပေးလျက်ရှိကြောင်း၊    ယနေ့ ဖွင့်လှစ်သည့်    ဇွဲကပင်ပန်းခြံကို အဆင့်မြင့်ပန်းခြံတစ်ခုဖြစ်စေရေး အစဉ်အမြဲ ပြုစုထိန်းသိမ်းစောင့် ရှောက်ပြီး   ဆွဲဆောင်မှုရှိသော နေရာတစ်ခုဖြစ်စေရေး    ဖန်တီး ဆောင်ရွက်သွားကြဖို့ တိုက်တွန်း လိုကြောင်း ပြောကြားသည်။

 


ထို့နောက်   ကရင်ပြည်နယ် ဝန်ကြီးချုပ်      ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်    ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်စီးပွားရေးရာ   ဝန်ကြီး ဦးစောခင်မောင်မြင့်၊ သယံဇာတ     ရေးရာဝန်ကြီး     ဦးဇော်ဝင်း၊ ပြည်နယ်ဥပဒေချုပ်   ဦးရဲလွင်၊ ပြည်နယ်အစိုးရအဖွဲ့    အတွင်း ရေးမှူး ဦးကျော်စိုးနှင့် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ညွှန်ကြား ရေးမှူး သူရမြင့်သူတို့က ဇွဲကပင် ပန်းခြံအား  ဖဲကြိုးဖြတ်  ဖွင့်လှစ် ပေးကြပြီး   ပြည်နယ်ဝန်ကြီး ချုပ်က ဇွဲကပင်ပန်းခြံ ဆိုင်းဘုတ် အား   စက်ခလုတ်နှိပ်    ဖွင့်လှစ် ပေးကာ     အမွှေးနံ့သာရည်များ   ပက်ဖျန်းပေးကြသည်။

 


ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်သည် ဇွဲကပင်ပန်းခြံအတွင်းရှိ ကမ္ပည်းမော်ကွန်းအား စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးပြီး      အမွှေးနံ့ သာရည်များ ပက်ဖျန်းပေးကြကာ ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြု ဆုများပေးအပ်ချီးမြှင့်၍ ဇွဲကပင် ပန်းခြံအား    လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

 


ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်  တက်ရောက်လာသူများ သည်    ဇွဲကပင်ပန်းခြံအတွင်းရှိ စတိတ်စင်တွင် စင်တင်တေးဂီတ များဖြင့်     ဧည့်ခံဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုဆု များ ပေးအပ်ချီးမြှင့်ခဲ့သည်။

 


ဘားအံမြို့ ဇွဲကပင်ပန်းခြံကို မူလမြေဧရိယာ ၃ ဒသမ ၉ ဧကမှ ၄ ဒသမ ၄ ဧကထိ       တိုးချဲ့ပြီး မြေယာရှုခင်း Landscaping ကို အခြေခံ၍   အရိပ်ရသစ်ပင် ၁၅၀၊ ရွက်လှပန်းပင်      ၆၀၀၀၀  ခန့်၊ ပန်းအလှပင် ၃၀၀၀၀ ခန့် စိုက်ပျိုး ထားရှိပြီး ပြည်နယ်၏ အထင်ကရ ဇွဲကပင်တောင် ပုံစံငယ်တစ်ခုအပါ အဝင် ကွန်ကရစ်လျှောက်လမ်း၊ ကားပါကင်၊ ကလေးကစားကွင်း၊ ကျောက်တုံးရေတံခွန်နှင့် ရေပန်း၊ ကျောက်စီမြေထိန်းနံရံ၊    အုတ်စီ ရေမြောင်းများ၊       စတိတ်စင်၊ အုပ်ချုပ်မှုရုံးများ      ပါဝင်ကာ စုစုပေါင်းကုန်ကျ ငွေကျပ် ၄၁၆ ဒသမ ၇၉ သန်းဖြင့်  ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)