(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချပွဲသို့ အများပြည်သူများ စိတ်ပါဝင်စားစွာဖြင့် တစ်ခဲနက်ပါဝင်ဆင်နွှဲ

နေပြည်တော်   ဖေဖော်ဝါရီ   ၁၀


(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာ အစားအစာများ ခင်းကျင်းပြသရောင်းချပွဲ ကို   ယနေ့နံနက်ပိုင်းမှစတင်၍  နေပြည် တော်     ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ၊ ဝန်ကြီးဌာန များမှ   ဝန်ထမ်းများနှင့်    မိသားစုများ၊ ပြည်သူများ စိတ်ပါဝင်စားစွာဖြင့် တစ်ခဲ နက် လာရောက်လေ့လာကြည့်ရှု ဝယ်ယူ ကြသဖြင့် အထူးစည်ကားလျက်ရှိသည်။
ပြည်သူများလေ့လာကြည့်ရှု
အဆိုပါပွဲတော်သို့    လာရောက်ကြ သည့်      ပြည်သူများကို     သက်ဆိုင်ရာ တိုင်းရင်းသားရိုးရာ   ပြခန်းများအလိုက် ခင်းကျင်းပြသ  ရောင်းချပေးနေကြသည့် တိုင်းရင်းသားအဖွဲ့များက ရင်းနှီးနွေးထွေး စွာ ကြိဆိုကြပြီး ရိုးရာယဉ်ကျေးမှုဆိုင်ရာဗဟုသုတများ၊ ဒေသန္တရ ဗဟုသုတများ၊ တိုင်းဒေသကြီးနှင့်     ပြည်နယ်အလိုက် အထင်ကရနေရာများ၊ ဒေသတွင်း လူမှု စီပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ချက်များနှင့် ဒေသအလိုက် ရိုးရာအစား အစာများ၊     MSME     ထုတ်ကုန်များ အကြောင်းကို နွေးထွေးပျူငှာစွာ ရှင်းလင်း ပြသပေးကြရာ ကျောင်းသား၊ လူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစု များ၊ ပြည်သူများ စိတ်အားထက်သန်စွာ လေ့လာကြည့်ရှုကြပြီး တိုင်းရင်းသားအဖွဲ့ များဖြင့်  ဂုဏ်ယူစွာ  အမှတ်တရဓာတ်ပုံ ရိုက်ကြသူများဖြင့်လည်း စည်ကားလျက် ရှိသည်ကို တွေ့ရသည်။
ထို့ပြင် နေပြည်တော်ကောင်စီ အပါ အဝင်     တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးမှ     MSME     ထုတ်ကုန်များနှင့် ရိုးရာအစားအစာပြခန်းအသီးသီး၌လည်း ဒေသအလိုက် ထွက်ရှိသည့် ရိုးရာအစား အစာများ၊ ဒေသထွက် MSME ကုန်ထုတ် လုပ်ငန်းများ၊ One Region One Product ထုတ်ကုန်များအပါအဝင် ပြည်ပသို့တင်ပို့ ရောင်းချနေသည့် MSME ထုတ်ကုန်များ အကြောင်းကို       ပွဲတော်လာပြည်သူများ ဗဟုသုတအဖြစ်      သိရှိနိုင်ရေးအတွက် အသေးစိတ်ခင်းကျင်းပြသထားသည်ကိုလည်း တွေ့မြင်ရသည်။ 
ဖျော်ဖြေတင်ဆက်ပေး
အဆိုပါပြခန်းများ၌လည်း   မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ရိုးရာယဉ်ကျေးမှုအကအလှများ၊   ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ပေါ်လွင်စေ သည့် သီချင်းများနှင့် မျိုးချစ်စိတ်နှင့် ဇာတိ မာန်ကို တက်ကြွစေမည့်သီချင်းများ ဖွင့်လှစ် ဖျော်ဖြေတင်ဆက်ပေးကြရာ    ပွဲတော်လာ ပြည်သူများအနေဖြင့် တောင်ပေါ်မြေပြန့် မခွဲခြားဘဲ စည်းလုံးညီညွတ်သည့် သွေးချင်း ညီအစ်ကိုစိတ်ဓာတ်များ ခံစားရရှိစေခဲ့ပြီး    ပြည်ထောင်စု၏    အနှစ်သာရကိုလည်း      ပိုမိုပေါ်လွင်စေခဲ့သည်။ 
ဈေးနှုန်းချိုသာစွာ ရောင်းချပေး
အလားတူ    နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ ထွက်ရှိသည့် MSME ထုတ်ကုန်များ နှင့် ရိုးရာအစားအစာများ၊ တိုင်းရင်းသား ရိုးရာအမှတ်တရပစ္စည်းများ၊ ရိုးရာဝတ်စုံ များကို ပြည်သူများ စိတ်ကြိုက်ဝယ်ယူနိုင် ရန်အတွက် ဈေးနှုန်းချိုသာစွာ ရောင်းချ ပေးလျက်ရှိပြီး ချစ်ခင်နှစ်သက်မြတ်နိုးစွာ ဖြင့် ဝယ်ယူကြသူများဖြင့်လည်း စည်ကား လျက်ရှိရာ ဒေသအလိုက် ဆောင်ရွက်နေ သည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရန်    အားပေးမြှင့်တင်ပေးရာရောက် သည့် မြင်ကွင်းတစ်ခုလည်းဖြစ်သည်။
ပျော်ရွှင်စွာပါဝင်ဆင်နွှဲ
ညပိုင်းတွင်     ဖျော်ဖြေရေးအစီအစဉ် များအဖြစ် တိုင်းကျိုးပြည်ပြုတေးသီချင်း များ၊ ခေတ်ပေါ်တေးသီချင်းများ၊ မျိုးချစ် စိတ်နှင့်        ဇာတိမာန်တက်ကြွစေမည့် တေးသီချင်းများဖြင့် လည်းကောင်း၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်း သားရိုးရာ   ယိမ်းအဖွဲ့များက  ရိုးရာတေး သီချင်းများကို အကအလှများပေါင်းစပ်၍ လည်းကောင်း     မြူးကြွပျော်ရွှင်စွာဖြင့် ဖျော်ဖြေကြရာ ပြည်သူများပျော်ရွှင်စွာဖြင့် တစ်ခဲနက် ပါဝင်ဆင်နွှဲကြသည်။ 
ဆေးပေးခန်းများဖွင့်ထား
ထို့ပြင်   ရောင်းချပွဲသို့    လာရောက် လေ့လာကြည့်ရှုဝယ်ယူကြသည့် အများ ပြည်သူများ     အန္တရာယ်တစ်စုံတစ်ရာ မဖြစ်ပေါ်စေရန်အတွက် တာဝန်ရှိသူများ က စနစ်တကျလုံခြုံရေး စစ်ဆေးဆောင် ရွက်ပေးခြင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ကလည်း   ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန်အတွက်   ပွဲတော်သို့လာ သည့်လမ်းများ၌ ကြီးကြပ်ဆောင်ရွက်ပေး ခြင်းနှင့်  ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်အတွက်လည်း    ကျန်းမာရေး ဆေးပေးခန်းများ ဖွင့်လှစ်ထားရှိသည်ကို လည်း တွေ့ရှိရသည်။ 
အဆိုပါ   ပွဲတော်ကို     နေပြည်တော် ကောင်စီအပါအဝင်   တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏    MSME   တန်ဖိုးမြင့် ထုတ်ကုန်များ၊     ပြည်ပပို့ကုန်များအပါ အဝင်    One   Region   One   Product ထုတ်ကုန်များနှင့် ဒေသထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်ရေးနှင့် ဈေးကွက်ရရှိ ရေးအတွက်    တိုင်းရင်းသားလုပ်ငန်းရှင် များ   ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ အရည်အသွေးမြင့်ထုတ်ကုန်များ တိုးမြှင့် ထုတ်လုပ်နိုင်ရေး၊   ပြည်ပပို့ကုန်ရရှိရေး အတွက် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားလုပ်ငန်းရှင် များ တွေ့ဆုံ၍  သတင်းအချက်အလက်များ ဖလှယ်ရယူနိုင်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းနိုင် ရေး ဆောင်ရွက်ရန်၊ အမျိုးဂုဏ်ဇာတိဂုဏ် တိုးတက်မြင့်မားစေရေးကို   အထောက် အကူဖြစ်စေပြီး     သက်ဆိုင်ရာ    ဒေသ အလိုက်  ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ပြသနိုင်သည့် ဒေသထွက်ရိုးရာလက်မှုပညာပစ္စည်းများကိုလည်း ခင်းကျင်း ပြသနိုင်ရေးဆောင်ရွက်ရန်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသော     ဒေသထွက်ရိုးရာအစား အစာများကို ပြည်ထောင်စု၏ အနှစ်သာရ ပြည့်စုံစွာဖြင့် တိုင်းရင်းသားပြည်သူလူထု သို့ ထုတ်လုပ်ရောင်းချနိုင်ရေး ဆောင်ရွက် ရန် ရည်ရွယ်၍ MSME ထုတ်ကုန်အရောင်း ပြခန်း ၃၄ ခန်း၊  ရိုးရာအစားအစာပြခန်း ၁၉ ခန်းတို့ဖြင့်    ဖေဖော်ဝါရီ  ၁၀  ရက်မှ ၁၄  ရက်အထိ   ခင်းကျင်းပြသရောင်းချ သွားမည်ဖြစ်သည့်အတွက် မိဘပြည်သူ များ (အခမဲ့) လာရောက်လေ့လာဝယ်ယူ နိုင်ကြောင်း သိရသည်။ 

သတင်း- အောင်ရဲသွင်၊ အေးအေးသန့်
ဓာတ်ပုံ - ကိုကြီးထိန်