(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ဈေးရောင်းပွဲတော်ဖွင့်ပွဲမှ ပြည်ထောင်စုစိတ်ဓာတ်နှင့် စပ်လျဉ်းသည့် ရင်တွင်းစကားသံများ

 

ရန်ကုန်တိုင်းဒေသကြီး   အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့         အထိမ်းအမှတ် MSME ဈေးရောင်းပွဲတော်ကို  ရန်ကုန်မြို့  ဒဂုံမြို့နယ်      ပြည်သူ့ရင်ပြင်တွင် ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၂ ရက်အထိ ပျော်ပွဲရွှင်ပွဲများဖြင့်  စည်ကားသိုက်မြိုက် စွာ  ကျင်းပလျက်ရှိရာ   ယနေ့   ဖွင့်ပွဲ အခမ်းအနား၌   တက်ရောက်လာကြ သည့်    ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ပြည်ထောင်စု စိတ်ဓာတ်နှင့်  စပ်လျဉ်းသည့်  ရင်တွင်း စကားသံတို့ကို    စုစည်းဖော်ပြလိုက် ပါသည်။
ဦးမျိုးမြင့်အောင်(ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး)
(၇၇)နှစ်မြောက်  ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းမှာရှိတဲ့   MSME  လုပ်ငန်း တွေရဲ့   ထုတ်ကုန်တွေပြသရောင်းချတဲ့ ပွဲဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက်ကနေ ၁၂ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ  ဖွင့်လှစ်ရောင်းချပေးသွားမှာ ပါ။ ပြည်ထောင်စုနေ့မှာ  ည ၁၀ နာရီခွဲ အထိ   နာမည်ကြီးအဆိုတော်တွေရဲ့ တေးဂီတဖျော်ဖြေပွဲ၊ တိုင်းရင်းသားရိုးရာ ကပွဲနဲ့ မီးရှူးမီးပန်းတွေလည်း  ဂုဏ်ပြု ပစ်ဖောက်သွားမှာဖြစ်ပါတယ်။ ပြီးတော့ လာရောက်တဲ့ပြည်သူတွေကို စတုဒိသာ ကျွေးသွားမှာပါ။ 
ကျွန်တော်တို့နိုင်ငံရဲ့MSME လုပ်ငန်း ရှင်တွေ     ထုတ်လုပ်တဲ့ပစ္စည်းတွေကို    အခုလိုပြပွဲကနေ ပြည်သူသိရှိ  ရောင်းချ နိုင်မှုကနေ သူတို့လုပ်ငန်းတွေ  ထပ်မံ တိုးချဲ့    ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ပြည်ပကတင်သွင်းတဲ့       သွင်းကုန် အစားထိုးပစ္စည်းတွေလည်း ဖြစ်ပါတယ်။ ဝယ်ယူသုံးစွဲမှု   များလာတာဟာလည်း လုပ်ငန်းရှင်တွေအတွက် ဝမ်းသာစရာပါ။ နိုင်ငံတော်အတွက်လည်း အကျိုးရှိစေပါ တယ်။ အခုပြပွဲကို လာရောက်ကြည့်ရှုပြီး ပျော်ရွှင်စွာဆင်နွှဲဖို့လည်း    ဖိတ်ခေါ်ပါ တယ်။ 
တိုင်းရင်းသားစည်းလုံးညီညွတ်မှုနဲ့ ပြည်ထောင်စုစိတ်ဓာတ်ဟာ ကျွန်တော် တို့   တိုင်းပြည်အတွက်   အရေးကြီးဆုံး ဖြစ်ပါတယ်။ ဒီထက်အရေးကြီးတာဘာမှ မရှိပါဘူး။ တိုင်းပြည် ရေရှည်ရပ်တည် ခဲ့တယ်ဆိုတာ    တိုင်းရင်းသားများရဲ့ စည်းလုံးညီညွတ်မှုအားနဲ့     ရပ်တည် ခဲ့တာဖြစ်ပါတယ်။     ပြည်ထောင်စု စိတ်ဓာတ်ဟာ     ကျွန်တော်တို့နိုင်ငံ အတွက်    အတိတ်၊  လက်ရှိနဲ့  အနာဂတ် ကာလမှ  အရေးအကြီးဆုံးလည်း  ဖြစ်ပါ တယ်။     ပြည်တွင်းငြိမ်းချမ်းရေးဟာ     အရေးပါပါတယ်။    ငြိမ်းချမ်းမှုနဲ့အညီ     တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီး ပြည်တွင်း ငြိမ်းချမ်းမှုရှိမှသာ   စီးပွားရေးဖွံ့ဖြိုး ပြီးတော့  လူနေမှုအဆင့်    မြင့်မားလာ မှာပါ။    အခြားသောနိုင်ငံများနဲ့လည်း ရင်ပေါင်တန်းနိုင်မှာပါ။      
ဦးလျန်ကျင့်မန်
(YRTC တွဲဖက်အတွင်းရေးမှူး)
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ်   ပြည်သူ့ရင်ပြင် မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ကြီးမှူးကျင်းပတဲ့ MSME ဈေးရောင်း ပွဲတော်ပြခန်းကို   လာရောက်ကြည့်ရှု လေ့လာကြတဲ့  ပြည်သူတွေ  ညပိုင်းမှာ သွားလာရေး       အဆင်ပြေအောင် ဆောင်ရွက်ပေးထားပါတယ်။ 
ပြည်ထောင်စု       မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံနေထိုင်တဲ့ နိုင်ငံ ဖြစ်တဲ့အတွက် တိုင်းပြည်တိုးတက်ဖွံ့ဖြိုး ဖို့ဆိုရင်     ပြည်ထောင်စုစိတ်ဓာတ်နဲ့ တိုင်းရင်းသား     စည်းလုံးညီညွတ်မှု စိတ်ဓာတ်တွေ   ရှင်သန်နေဖို့  လိုအပ်ပါ တယ်။   ချစ်ခင်အေးချမ်းစွာနဲ့   အတူ ယှဉ်တွဲနေထိုင်ပြီး   စည်းလုံးညီညွတ် စွာ   နိုင်ငံတိုးတက်အောင်    လက်တွဲ ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။
ဒေါ်ညွန့်ညွန့်ရီ
(မော်ကွန်းထိန်း - ရန်ကုန်ပညာရေး 
တက္ကသိုလ် သင်တန်းရေးရာဌာန )
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အကြို MSME ဈေးရောင်းပွဲတော်ဖွင့်ပွဲ ကို ဖိတ်ကြားတဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို    ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ကျောင်းမှာ   တိုင်းရင်းသား ပေါင်းစုံရှိတဲ့အတွက်    ကျောင်းသား ကျောင်းသူတွေအနေနဲ့လည်း   ယနေ့ လာရောက်တဲ့ပွဲမှာ အားလုံးပျော်ရွှင်နေ ကြတာကို တွေ့ရပါတယ်။ 
ပြည်ထောင်စုနေ့ဟာ   မကြာခင် ရောက်ရှိတော့မှာပါ။     ပြည်ထောင်စု စိတ်ထားဟာ တိုင်းပြည်အတွက် အတိုင်း မသိအရေးပါပါတယ်။ ဒီနေ့ပွဲမှာဆိုရင် တိုင်းရင်းသားပေါင်းစုံကို တွေ့မြင်ရတာ ဟာ ပြည်ထောင်စုစိတ်ထားကို နိုးကြား စေတဲ့အချက်တစ်ချက်ပါ။ တိုင်းရင်းသား လူငယ်တွေစည်းလုံးညီညွတ်မှုကို တွေ့ရ တဲ့အတွက် မျိုးဆက်သစ်ကျောင်းသား၊ လူငယ်တွေအချင်းချင်း    ပြည်ထောင်စု စိတ်ဓာတ်ကို ပိုမိုခိုင်မြဲစေမယ်လို့ ယုံကြည် ပါတယ်။   တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင်    ပြည်တွင်းငြိမ်းချမ်းရေးဟာ အရေးကြီးပါတယ်။ စည်းလုံးညီညွတ်မှု ရှိရင် နိုင်ငံငြိမ်းချမ်းမယ်၊ ငြိမ်းချမ်းရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှာ     ဖြစ်တာ ကြောင့်   စည်းလုံးညီညွတ်မှု၊  ငြိမ်းချမ်း မှုနဲ့       ပြည်ထောင်စုကြီးဆိုတာဟာ တစ်သွေးတစ်သားတည်းထွန်းလင်းနေမှာပါ။     ဒီနေ့မှာ   စည်းစည်းလုံးလုံးနဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေကို တွေ့မြင်ရတာဟာ ရင်ထဲမှာ ဖော်ပြလို့ မရအောင် ဝမ်းသာပီတိဖြစ်ရပါတယ်။ 
မနေခြည်လင်း(ရန်ကုန်ပညာရေး
တက္ကသိုလ်-စတုတ္ထနှစ်-ရှမ်းတိုင်းရင်းသူ)
ပြည်ထောင်စုနေ့  အထိမ်းအမှတ်ပွဲ ကို ဖိတ်ကြားပေးတဲ့ တာဝန်ရှိသူအားလုံး ကို ကျေးဇူးအထူးတင်ပါတယ်။ (၇၇)နှစ် မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပွဲကို   စည်စည်ကားကား   သိုက်သိုက် ဝန်းဝန်းနဲ့    ကျင်းပပေးတာကိုလည်း အတိုင်းမသိ ဝမ်းမြောက်မိပါတယ်။ 
နိုင်ငံတစ်နိုင်ငံမှာ စည်းလုံးညီညွတ် မှုဟာ အရေးကြီးပါတယ်။ ထင်းစည်းကို ချိုးဖို့ မလွယ်ကူပေမယ့် အဲဒီထင်းစည်းက ထင်းချောင်းတစ်ချောင်းတည်းဆိုရင် ချိုးဖဲ့ ဖို့ လွယ်ကူစေပါတယ်။ မြန်မာနိုင်ငံမှာ လည်း တိုင်းရင်းသားအားလုံး စည်းလုံး ညီညွတ်စွာနေထိုင်နေမယ်ဆိုရင် ပြည်ပ နိုင်ငံတွေ     ဝင်ရောက်နှောင့်ယှက်မှု မလုပ်ဆောင်နိုင်ပါဘူးလို့ ခံယူမိပါတယ်။ သမီးတို့ကျောင်းသူတွေအနေနဲ့   မြန်မာ သာမက ကမ္ဘာကြီး စစ်မက်မရှိဘဲအေးချမ်း သာယာတာကို မြင်တွေ့လိုပါတယ်။ 
မဖူးသစ်အောင်(ရန်ကုန်ပညာရေး
တက္ကသိုလ်၊ စတုတ္ထနှစ် - မွန်တိုင်းရင်းသူ)
ဒီနေ့    လာရောက်ရတဲ့အတွက် လွန်စွာပျော်ရွှင်မိပါတယ်။    သမီးတို့ ကျောင်းကို  ဖိတ်ကြားပေးတဲ့အတွက် လည်း   ဂုဏ်ယူကျေးဇူးတင်ပါတယ်။ အခုလို    တိုင်းရင်းသားမောင်နှမတွေကို တွေ့ရတာ    ရင်ထဲမှာ     ဖော်ပြလို့မရတဲ့ စိတ်ကြည်နူးမှုတစ်ခုကို ခံစားရပါတယ်။ 
တိုင်းရင်းသားစည်းလုံးညီညွတ်မှုရှိမှသာ ပြည်ထောင်စုဆိုတာဖြစ်လာတာ ပါ။ တိုင်းရင်းသားအားလုံးပေါင်းစုမှသာ မြန်မာနိုင်ငံဆိုတာ    ဖြစ်လာတာပါ။ မြန်မာနိုင်ငံဆိုတာ တိုင်းရင်းသား ၁၃၅ မျိုးစုပေါင်းထားတဲ့အင်အားလို့  ပြောရ မှာပါ။  ငါ့တိုင်းရင်းသားဆိုပြီး   ခွဲခြားမှု မရှိဘဲ အခုလို ပြည်ထောင်စုနေ့အထိမ်း အမှတ်ပွဲမှာ  စည်းစည်းလုံးလုံး   တစ်စု တစ်ဝေးတည်း     တွေ့မြင်ရတာဟာ ပြည်ထောင်စုစိတ်ဓာတ်ကို ပိုပြီးတန်ဖိုး ထား လေးနက်စေပါတယ်။ နိုင်ငံငြိမ်းချမ်း သာယာပါစေလို့ သမီးနေ့တိုင်းဆုတောင်း ပါတယ်။ တိုင်းပြည်အေးချမ်းသာယာမယ် ဆိုရင်  ရှေ့တိုးတက်မယ့်   လမ်းစတွေ အများကြီးမြင်မိပါတယ်။ နိုင်ငံငြိမ်းချမ်း မှုမရှိခြင်းဟာ       လူငယ်တွေအတွက် ထိခိုက်စေသလို  နိုင်ငံလည်း  ထိခိုက်ပါ တယ်။ နိုင်ငံရှေ့မတိုးနိုင်တာဟာ ရောဂါ ခံစားနေရတဲ့    လူနာတစ်ယောက်လို ဖြစ်နေတာကြောင့်     နိုင်ငံမကျန်းမာ သလိုပါပဲ။     ဒါကြောင့်   မြန်မာနိုင်ငံ အမြန်ဆုံးကျန်းမာပါစေလို့    နေ့တိုင်း ဆုတောင်းပါတယ်။ 
မောင်မျိုးသန့်ကျော် 
(တိုင်းရင်းသားဒီဂရီကောလိပ်၊
စတုတ္ထနှစ်-နာဂတိုင်းရင်းသား)
တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေကို အခုလိုတွေ့ရတာ ဝမ်းသာပီတိဖြစ်ရ ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ချစ်စရာ တိုင်းရင်းသားတွေနဲ့ စုဖွဲ့နေထိုင်နေတာ ပါလားဆိုတဲ့အသိကိုလည်း  သတိရစေ ပါတယ်။    ကျောင်းပြီးရင်   အမိနိုင်ငံနဲ့ တိုင်းရင်းသားအကျိုးအတွက် လုပ်ငန်း ခွင်ဝင်ပြီး    တာဝန်ထမ်းဆောင်သွားဖို့ ရှိပါတယ်။
ပြည်ထောင်စုစိတ်ဓာတ်ဟာ တိုင်း ရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်တော် တို့   နိုင်ငံအနေနဲ့    အလွန်အရေးကြီး ပါတယ်။    ပြည်ထောင်စုမြန်မာနိုင်ငံ ဟာ   သစ်ပင်တစ်ပင်    ဖြစ်မယ်ဆိုရင် ပြည်ထောင်စု    တိုင်းရင်းသားတွေဟာ သစ်ပင်ရဲ့    အကိုင်းအအခက်တွေပါပဲ။ ပင်စည်ရှင်သန်နေဖို့လိုပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ဆိုရင် တစ်မူ၊ တစ်မင်း၊ တစ်သွေး၊ တစ်ဖဆိုတဲ့စိတ်ကိုဖယ်ရှားပြီး ဥမကွဲသိုက်မပျက်   စည်းလုံးညီညွတ်ဖို့ လိုအပ်ပါတယ်။ ပြည်ထောင်စုညီအစ်ကို တွေကို   ယနေ့မှာ  ရောင်စုံတွေ့မြင်ရတာ ဟာ အတိုင်းမသိ  ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ 
မဂျူဂျူထက်(လသာမြို့နယ်၊ အမှတ် ၁ 
အထက်တန်းကျောင်း၊ Grade-9)
ပြည်ထောင်စုနေ့  အထိမ်းအမှတ်ပွဲ မှာ  ကျောင်းသူ  ကျောင်းသားတွေကို တွေ့မြင်ရပြီး ဘင်ခရာတီးဝိုင်းနဲ့ဖျော်ဖြေ ခွင့်ရတဲ့အတွက်    ဝမ်းသာပျော်ရွှင်မိပါ တယ်။ သမီးတို့ကျောင်းကို ဖိတ်ကြားပေး တဲ့အတွက်လည်း   ဂုဏ်ယူဝမ်းသာမိပါ တယ်။ သမီးတို့ဘင်ခရာအဖွဲ့ကို ဆုချီးမြှင့် ပေးတဲ့အတွက်လည်း အထူးကျေးဇူးတင် ပါတယ်။
တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ အားလုံး   စည်းစည်းလုံးလုံး    ညီညီ ညွတ်ညွတ်နဲ့ ပြည်ထောင်စုကြီး မပြိုကွဲ အောင် ဆက်လက်ထိန်းသိမ်းသွားရမယ် လို့ ခံယူထားပါတယ်။  
မဖြိုးအိသန္တာဝင်း (လသာမြို့နယ်၊ 
အမှတ် ၂ အထက်တန်းကျောင်း၊ 
Grade-8)
ဒီနေ့မှာ သူငယ်ချင်းတွေနဲ့ အုပ်စု လိုက် ဘင်ခရာတီးဝိုင်းနဲ့ ဖျော်ဖြေရတာ ဝမ်းသာကြည်နူးမိပါတယ်။ ဖေဖော်ဝါရီ ၁၂    ရက်နေ့ဆိုရင်  (၇၇)   နှစ်မြောက် ပြည်ထောင်စုနေ့ရောက်ပါပြီ။    ပြည် ထောင်စုနေ့ဆိုတာ    တိုင်းရင်းသား အားလုံးကို     တစ်စုတစ်စည်းတည်း တွေ့မြင်ရတဲ့နေ့လို့      မြင်မိပါတယ်။ တိုင်းရင်းသားအားလုံးကို  တွေ့မြင်ရတဲ့ အတွက် ‘လှပတဲ့မြန်မာ’ ဆိုတဲ့ သီချင်း ထဲကလို    ရောင်စုံပန်းတွေပွင့်နေတဲ့ပန်း ဥယျာဉ်ကြီးထဲက       ပန်းတွေလိုပဲ တိုင်းရင်းသားတွေကို     မြင်မိပါတယ်။ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ် မှသာ နိုင်ငံတိုးတက်မှာဖြစ်တဲ့အတွက် ညီညွတ်စေချင်ပါတယ်။ 
ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ကနူး/ ရဲထွဋ်