
နေပြည်တော် ဖေဖော်ဝါရီ ၁၀
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက်တွင် နေပြည်တော်မြို့တော် ခန်းမရှေ့ ရင်ပြင်၌ ကျင်းပမည်ဖြစ်ရာ အဆိုပါအခမ်းအနားကျင်းပပုံ များကို ယင်းနေ့ နံနက် ၆ နာရီ မိနစ် ၄၀ မှစတင်၍ MRTV-HD၊ MRTV NRC၊ MWD HD ၊ MWD VARIETY HD ၊ Channel Light ၊ 5 Plus ၊ Readers Channel ၊ Skynet Up to Date ၊ Skynet တိုင်းရင်းသား Channelရုပ်သံလိုင်းများနှင့် မြန်မာ့အသံရေဒီယို ၊ ပတ္တမြား FM၊ ချယ်ရီ FM၊ ပဉ္စဝတီ FM၊ မန္တလေး FM၊ ရွှေ FM ၊ FM ပုဂံ၊ Star FM၊ သဇင် FM တို့အပြင် MRTV APP: အပါအဝင် Online တို့မှ တိုက်ရိုက်(LIVE)ရိုက်ကူး၍ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ထို့ပြင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ဂုဏ်ပြုဖျော်ဖြေပွဲကို ယင်းနေ့ ညနေ (၆)နာရီမှ စတင်၍ မြန်မာ့ရုပ်မြင်သံကြား၊ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း MRTV(NRC)တွင် တိုက်ရိုက် (LIVE) ထုတ်လွှင့်ပြသမည်ဖြစ်သည်။ သတင်းစဉ်