
နေပြည်တော် မေ ၄
(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ ပိုင်း) ကျိုင်းတုံခရိုင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင် များနှင့် မိသားစုဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံတပ်မတော်ဆေးရုံ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးကြသည်။
ဦးစွာ တိုင်းမှူးက သွေးလှူဒါန်းပွဲကို တက်ရောက် လာကြသည့် မီးသတ်တပ်ဖွဲ့ဝင်များအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်သည်။ ထို့နောက် တိုင်းမှူးက သွေးလှူဒါန်းနေသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တစ်ဦးချင်းလိုက်လံကြည့်ရှု အားပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာ များ၊ ထောက်ပံ့ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူ သည်။
အလားတူ ၂၀၂၃ ခုနှစ် မေ ၅ ရက်တွင် ကျရောက် သော(၇၇) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ နှင့် မေ ၈ ရက်တွင် ကျရောက်သော ကမ္ဘာ့ကြက်ခြေနီ နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံ၌ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူကြ သည်။
ထို့နောက် ကျန်းမာရေးဝန်ထမ်းများက သွေးအလှူရှင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် စုစုပေါင်း ၅၁ ဦးကို သွေးလှူဒါန်းနိုင်ရေးအတွက် သွေးပေါင်ချိန်ခြင်း၊ သွေးအမျိုးအစား ခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး သတ်မှတ်နေရာအသီးသီး၌ စုပေါင်းသွေးလှူဒါန်း ကြသည်။
ထိုသို့ စုပေါင်းသွေးလှူဒါန်းနေမှုများကို အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန် ရှိသူများနှင့် ခရိုင်/မြို့နယ်မှ ဌာနဆိုင်ရာ တာဝန်ရှိ သူများက လိုက်လံကြည့်ရှုအားပေးပြီး သွေးအလှူရှင် များအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာ များ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်