
မော်လမြိုင် မတ် ၂၆
မွန်ပြည်နယ်သည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ဆောင်ရွက်နေသည့် ပြည်နယ်တစ်ခုဖြစ်သလို ကျေးလက်နှင့် မြို့ပြဟန်ချက် ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကျေးလက်ဒေသနေပြည်သူများ ၏ဘ၀ ဖွံ့ဖြိုးတိုးတက်စေရေး အထူးအလေးပေး ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်း ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မော်လမြိုင် မြို့ ရိုးဂိုးကျေးရွာ ကုန်ထုတ်လမ်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်ပေးသည်။
ရှေးဦးစွာ အဆိုပါကုန်ထုတ် လမ်း ဖောက်လုပ်ရခြင်းနှင့် ပတ်သက်၍ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်း တင်ပြသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က ကုန်ထုတ်လမ်းအား ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကာ လမ်းကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်က ဒေသနှင့်ကိုက်ညီသည့် ဆောင်းသီးနှံများ ဖြစ်ကြသည့် မြေပဲ၊ နေကြာ၊ နှမ်း ဆီထွက် သီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ကို အခြေခံသည့် ကုန်ထုတ်လုပ်မှု များ သိပ္ပံနည်းကျ ခေတ်မီနည်း စနစ်ဖြင့် ပိုမိုတိုးတက်အောင် ကြိုးစား ဆောင်ရွက်ကြရန် မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။
မော်လမြိုင်မြို့နယ် ရိုးဂိုးကျေးရွာ ကုန်ထုတ်လမ်းကို ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် ပြည်နယ် အစိုးရ ခွင့်ပြုရန်ပုံငွေကျပ် ၉၈ ဒသမ ၄၀၆ သန်းဖြင့် ဆောင် ရွက်ခဲ့ပြီး မြေသားလမ်းနှင့် ဂဝံ ခင်းခြင်း ၇ ဒသမ ၇၃ မိုင်ရှိကာ၊ အကျိုးပြု အိမ်ထောင်စု ၃၂၈ စုနှင့် အကျိုးပြု စိုက်ပျိုးဧက ၅၃၀ ကို အထောက်အကူပြု ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရ သည်။
ခင်စန်းမြင့်(ပြန်/ဆက်)