(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နိုင်ငံတော်အဆင့် အခမ်းအနားများဖြစ်သည်နှင့်အညီ ခမ်းခမ်းနားနားဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်

 

နေပြည်တော်    နိုဝင်ဘာ    ၂၂


၂၀၂၃ ခုနှစ်၊     (၇၆)နှစ်မြောက်    ပြည် ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီ    ပထမအကြိမ်   ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင်    နေပြည်တော်ရှိ နိုင်ငံတော်    စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စု နေ့  ကျင်းပရေး   ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်      စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး   စိုးဝင်း   တက်ရောက် အမှာစကား ပြောကြားသည်။

 


အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊       စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊  ဆပ်ကော်မတီဥက္ကဋ္ဌများဖြစ်ကြ သည့်     ဒုတိယဝန်ကြီးများနှင့်   တာဝန်ရှိသူများ       တက်ရောက်ကြပြီး ကျန်ကော်မတီဝင်များက  ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။ 

 


စည်ကားစွာကျင်းပမည်


အစည်းအဝေးတွင် ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့  ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကားပြောကြားရာတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို   အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး   လိုအပ်သည်များ   ကြိုတင် ညှိနှိုင်းဆောင်ရွက်နိုင်ရန် ပြုလုပ်သည့် ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကို ဇန်နဝါရီလ တွင်  ကျင်းပပြုလုပ်မည်ဖြစ်ပြီး   (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို    တစ်ဆက်တစ်စပ် တည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်သဖြင့် အခမ်း အနားများ ဆက်နေသည်ကို တွေ့ရှိရမည်ဖြစ်သော် လည်း နိုင်ငံတော်အဆင့်အခမ်းအနားများဖြစ်သည် နှင့်အညီ ခမ်းခမ်းနားနားဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့နှင့်   ပတ်သက်၍   အမျိုးသားရေး ဦးတည်ချက် (၅)ရပ်ကိုလည်း ထုတ်ပြန်ထားပြီးဖြစ်ပြီး အဆိုပါ ဦးတည်ချက်များနှင့်အညီ ကျင်းပဆောင်ရွက် သွားမည် ဖြစ်ကြောင်း။ 

 


၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့အခမ်းအနားကြီးကို     စုပေါင်းစွမ်းအားဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ် ကျော်ဖြတ်နိုင်ခဲ့ပြီးဖြစ် သကဲ့သို့ စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကြီး ကိုလည်း ခမ်းနားစွာကျင်းပနိုင်ရေး စီမံဆောင်ရွက် လျက်ရှိကြောင်း၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား   ကျင်းပပြုလုပ်ခဲ့သကဲ့သို့ပင်   ပုံမှန် ကျင်းပနိုင်ရေး   လျာထားဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊  အဆိုပါ  လျာထားချက်အပေါ်မူတည်၍ တက်ရောက်လာကြသည့်     တာဝန်ရှိသူများက ဆွေးနွေးကြရမည်ဖြစ်ကြောင်း။

 


ပြည်ထောင်စုနေ့၏    အနှစ်သာရတွင်     ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို  ပြည်နယ် နှင့် တိုင်းအလိုက်သို့ လှည့်လည်သယ်ဆောင် ညအိပ် ရပ်နားခြင်းသည်လည်း  တစ်ခုအပါအဝင်ဖြစ်ကာ ပြီးခဲ့သည့်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား၌ ရန်ကုန်မြို့တော်တွင် ရပ်နားထား သည့် ပြည်ထောင်စုအလံတော်အား နေပြည်တော် ကောင်စီနယ်မြေသို့ စည်ကားသိုက်မြိုက်စွာ အခမ်း အနားဖြင့် သယ်ယူ ရပ်နားခဲ့ပါကြောင်း၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံအား နှစ်စဉ်လှည့်လည် သယ်ဆောင်ခြင်းမပြုစေဘဲ (၅)နှစ် တစ်ကြိမ်သာ ပြည်နယ်နှင့်   တိုင်းဒေသကြီးအလိုက်   လှည့်လည် သယ်ဆောင်   ညအိပ်ရပ်နားခြင်း   အစီအစဉ်များ ဆောင်ရွက်ရန်လည်း  လျာထားပြီး အဆိုပါကိစ္စရပ် အပေါ်တွင်လည်း ဆွေးနွေးပေးနိုင်ရန်ဖြစ်ကြောင်း။

 


လုံခြုံရေးကိစ္စ ပိုမိုဂရုပြုဆောင်ရွက်


(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီ၊ စီမံခန့်ခွဲရေးကော်မတီနှင့် ဆပ်ကော်မတီအသီးသီးကို ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက်    အောင်မြင်စွာ ကျင်းပနိုင်ရေးလိုအပ်သည်များကို      ထည့်သွင်း ဆွေးနွေးကြရန်လိုကြောင်း၊ အခမ်းအနားများ ကျင်းပ ပြုလုပ်ရာတွင် ကိုဗစ်-၁၉ ရောဂါ သတ်မှတ်ချက်များ ကိုက်ညီစွာဖြင့်  စည်းကမ်းစနစ်တကျ ဆောင်ရွက် သွားရန်   လိုအပ်သကဲ့သို့  လုံခြုံရေးဆိုင်ရာကိစ္စရပ် များ လစ်ဟင်းမှုမရှိစေရေးအတွက်လည်း ပိုမိုဂရုပြု ဆောင်ရွက်သွားရန်လိုကြောင်း၊    အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးအတွက် သက်ဆိုင် ရာ ကဏ္ဍအလိုက် တာဝန်ရှိသူများက မိမိတို့ ဆောင် ရွက်ရမည့်  လုပ်ငန်းတာဝန်များအလိုက်  ကျေပွန် အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားသည်။

 


ထို့နောက် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် က စီမံခန့်ခွဲမှုကော်မတီ မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများ နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 


ကဏ္ဍအလိုက် ရှင်းလင်းတင်ပြ


ယင်းနောက် လုံခြုံရေးဆပ်ကော်မတီ၊ ဘဏ္ဍာ ရေး ဆပ်ကော်မတီ၊   ပြန်ကြားရေးဆပ်ကော်မတီ၊    ညစာစားပွဲ ဖျော်ဖြေရေးဆပ်ကော်မတီ၊ ပို့ဆောင်ရေး နှင့်   ဆက်သွယ်ရေးဆပ်ကော်မတီ၊ သဝဏ်လွှာပြုစု ရေး  ဆပ်ကော်မတီ၊    ကျန်းမာရေးဆပ်ကော်မတီ၊ ယဉ်ကျေးမှုအဖွဲ့များ    ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် နေရာချထားရေးဆပ်ကော်မတီ၊ မြေစိုက်ပိုစတာများ စိုက်ထူရေးဆပ်ကော်မတီ၊    နိုင်ငံတော်အလံတင် အခမ်းအနား စီစဉ်ရေးဆပ်ကော်မတီ၊  မီးရှူးမီးပန်း များ   ပစ်ဖောက်ရေးဆပ်ကော်မတီ၊ အလှပြ Drone လွှတ်တင်ရေးဆပ်ကော်မတီ၊    စာရင်းစစ်ဆေးရေး ဆပ်ကော်မတီ၊  ညစာစားပွဲ ခင်းကျင်းကျွေးမွေးရေး ဆပ်ကော်မတီနှင့်      အခမ်းအနားပြင်ဆင်ရေး   ဆပ်ကော်မတီတို့မှ   တာဝန်ရှိသူများက   (၇၆)နှစ် မြောက် ပြည်ထောင်စုနေ့အောင်မြင်စွာ ကျင်းပနိုင် ရေးနှင့်   စပ်လျဉ်း၍   သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍   (၇၆)နှစ်မြောက်   ပြည်ထောင်စုနေ့ ကျင်းပရေး    ဗဟိုကော်မတီဥက္ကဋ္ဌ    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 


ထို့နောက်   ဗဟိုကော်မတီဝင်   ပြည်ထောင်စု ဝန်ကြီးများနှင့်      တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးကြသည်။

 


လစ်ဟင်းမှုမရှိအောင် ဆောင်ရွက်


ယင်းနောက်    ၂၀၂၃ ခုနှစ်၊   (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့  ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က        နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် အခမ်းအနားအောင်မြင်စွာ နိုင်ငံ တော်အဆင့် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင် ရာ    ဆပ်ကော်မတီအလိုက်   မိမိတို့၏  တာဝန်များ ကို  အစဉ်အဆက် ဆောင်ရွက်ခဲ့သည်များအတိုင်း လစ်ဟင်းမှုမရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းတွင် ယဉ်ကျေး မှုအဖွဲ့များ  စတင်ရောက်ရှိမည်ဖြစ်သဖြင့်   မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ လိုအပ်သည်များ ကြိုတင်ပြင်ဆင်သွားရန် လိုကြောင်း၊ မြေစိုက်ပိုစတာများ     အချိန်မီဆောင်ရွက်နိုင်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကာ အချိန်မီ ပြန်လည်တင်ပြရန်လိုကြောင်း၊  (၇၆)  နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အမျိုးသားရေးဦးတည် ချက် (၅)ရပ်နှင့်အညီ ပြည်ထောင်စုဖွားတိုင်းရင်းသား အားလုံး၏       စည်းလုံးညီညွတ်မှု      ထာဝရရေရှည် တည်တံ့ခိုင်မြဲရေး၊ ဥမကွဲ သိုက်မပျက် ရှိစေရေးတို့ကို ဖော်ညွှန်းနိုင်ရန်လိုကြောင်း၊     ပြည်ထောင်စုကြီး ရေရှည်တည်တံ့ခိုင်မြဲရမည်ဟူသည့် စိတ်ဓာတ်များ ကိန်းဝပ်ရှင်သန်နေစေရေး၊ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသည့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး     တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ကာ    ပြည်ထောင်စုကြီး  ထာဝရ တည်မြဲရေး၊ စည်းလုံးညီညွတ်မှုမှတစ်ဆင့် ထာဝရ ငြိမ်းချမ်းရေးရရှိရေး       စသည့်ဦးတည်ချက်များ အောင်မြင်စေရန် အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန် လိုကြောင်းဖြင့်    မှာကြားပြီး    အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်