(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြင်းစီးအားကစားပြိုင်ပွဲ ကျင်းပ

 

ရန်ကုန်   ဖေဖော်ဝါရီ   ၁၀


(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြင်းစီးအားကစား ပြိုင်ပွဲကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ မြန်မာနိုင်ငံမြင်းစီးအားကစား အဖွဲ့ချုပ် အားကစားကွင်း၌ ယနေ့ နံနက် ၈ နာရီက ကျင်းပသည်။

 


ဦးစွာ မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင် မောင် က   ပြိုင်ပွဲနှင့်ပတ်သက်၍   ရှင်းလင်းပြောကြားပြီး  အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများက ပြိုင်ပွဲများဖွင့်လှစ်ကြောင်းကြေညာ၍ ခေါင်းလောင်း တီးကာ ဖွင့်လှစ်ပြီး ပြိုင်ပွဲများကို စတင်ကျင်းပသည်။

 


အဆိုပါ မြင်းစီးပြိုင်ပွဲ၌ မြန်မာ့ရိုးရာဒုန်းစီးပြိုင်ပွဲ၊ မြန်မာ့ရိုးရာ အသားကျပြိုင်ပွဲ၊ နိုင်ငံတကာ တန်းခုန်ပြိုင်ပွဲ  Show Jumping  တို့ ပါဝင်ပြီး ယနေ့တွင် မြန်မာ့ရိုးရာဒုန်းစီးပြိုင်ပွဲ၊ မြန်မာ့ရိုးရာ အသားကျ ပြိုင်ပွဲများကို စတင်ယှဉ်ပြိုင်ခဲ့ကြသည်။

 


(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြင်းစီးအားကစား ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၂ ရက်အထိ သုံးရက်ကြာ ကျင်းပသွား မည်ဖြစ်ကာ အားကစားသမား ၄၀ နီးပါး ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။                                                                

အာကာစိုး