
သာပေါင်း ဖေဖော်ဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး သာပေါင်း မြို့နယ်၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့(အကြို)အထိမ်း အမှတ် မြန်မာ့ရိုးရာလှေလှော် ပြိုင်ပွဲကို အမှတ် (၂) ရပ်ကွက် မင်္ဂလာတံတားအနီး ငဝန်မြစ် ကမ်းစပ်ရှိ မြန်မာ့ရိုးရာလှေလှော် ပြိုင်ပွဲမဏ္ဍပ်၌ ဖေဖော်ဝါရီ ၈ ရက် နံနက် ၉ နာရီမှ စတင်ကျင်းပ ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်း ဧရာထိုက်က အမှာစကားပြော ကြားပြီး ပြိုင်ပွဲဝင်အသင်းလက်ခံ ရေးနှင့် အားကစားသမားစိစစ်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ၊ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ် ဦးစီးအရာရှိ ဦးဝင်းထွဋ်က ပြိုင်ပွဲ ဝင် အသင်းများကို ပြိုင်ပွဲစည်းကမ်း များ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အားကစား နှင့် ကာယပညာဦးစီးဌာန နည်း စနစ်မှူး ဒေါ်ချိုသဲက လှေလှော် ပြိုင်ပွဲ စတင်တာလွှတ်ယှဉ်ပြိုင်ကြ ရာ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ ဝါသနာရှင်ပြည်သူများ စည်ကား သိုက်မြိုက်စွာ တစ်ခဲနက် အားပေး လျက်ရှိသည်။
၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ (အကြို)အထိမ်း အမှတ် မြန်မာ့ရိုးရာလှေလှော် ပြိုင်ပွဲတွင် အမျိုးသား(၅)တက် ၁၈ သင်း၊ အမျိုးသား(၇)တက် ၁၈ သင်း၊ အမျိုးသမီး ဒေသလှေ (၅)တတ် လေးသင်း၊ အမျိုးသား ဒေသခတ်တက်နှစ်စုံ လေးသင်း တို့က မီတာ ၅၀၀၊(၃)ချီ၊(၃)လား ယှဉ်ပြိုင်လှော်ခတ်ကြရမည်ဖြစ် ပြီး ဖေဖော်ဝါရီ ၈ ရက်မှ ၁၂ ရက် အထိ ယှဉ်ပြိုင် လှော်ခတ်ကြမည် ဖြစ်ကြောင်း သိရသည်။
မျိုးဇော်သိန်း (ပြန်/ဆက်)