
နေပြည်တော် ဇန်နဝါရီ ၂
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တောင်ကြီး မြို့ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး ငါးထပ် ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားနှင့် ဆေးတက္ကသိုလ် - တောင်ကြီး သင်ကြား ရေး လေးထပ်စာသင်ဆောင်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တရားသူကြီး ချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ဌာနဆိုင်ရာအသီးသီးမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ပါမောက္ခချုပ်၊ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၊ သင်ကြားရေးဆိုင်ရာ ဆရာ/ဆရာမ များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေး ကျောင်းသား/ ကျောင်းသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ် တရားသူကြီးချုပ်၊ ရှမ်းပြည်နယ် လူမှု ရေးရာဝန်ကြီး၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာတင်ထွန်းနှင့် ဆေး တက္ကသိုလ် - တောင်ကြီး ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ လှဝင်းမြင့်တို့က ဆေးတက္ကသိုလ် - တောင်ကြီး လေးထပ် စာသင်ဆောင်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး ဖွင့်ပွဲအထိမ်းအမှတ်ကမ္ပည်း မော်ကွန်းကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် သင်ကြားရေး လေးထပ်ဆောင်ရှိ စာသင်ခန်းများကို လှည့်လည်ကြည့်ရှု သည်။ ယင်းနောက် ဆေးတက္ကသိုလ်-တောင်ကြီး ပါမောက္ခချုပ်က ဖွင့်ပွဲအထိမ်း အမှတ်လက်ဆောင်ပစ္စည်းများကို ပေးအပ် ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့က ဆေးတက္ကသိုလ်-တောင်ကြီးအတွက် လှူဒါန်းပေးကြသော အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာ များပေးအပ်သည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ဆက်လက်၍ စဝ်စံထွန်းပြည်သူ့ ဆေးရုံကြီး ငါးထပ်ကုသဆောင်သစ် ဖွင့်ပွဲကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ် ဝဏ္ဏစိုးတို့က ငါးထပ်ကုသဆောင်သစ် ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ် အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူလူထုအကျိုးရှိစေရန်ရည်ရွယ်၍ ယခု ကဲ့သို့ ကုသဆောင်သစ်များ၊ စာသင်ဆောင် သစ်များ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ မကြာမီ ဆေးရုံအဆောက်အအုံသစ်များ ထပ်မံဖွင့်လှစ်ရန်ရှိပါကြောင်း၊ တောင်ကြီး မြို့တွင် ဗဟိုအဆင့်ဆေးရုံ နှစ်ရုံ၊ ဆေး တက္ကသိုလ်၊ သူနာပြုသင်တန်းကျောင်း၊ သားဖွားသင်တန်းကျောင်းတို့ကို ဖွင့်လှစ် ထားရှိပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) ၌ ပြည်သူ့ဆေးရုံပေါင်း ၆၉ ရုံကို ဖွင့်လှစ် ထားရှိပါကြောင်း၊ စဝ်စံထွန်းပြည်သူ့ ဆေးရုံကြီးကို ၁၉၅၇ ခုနှစ်တွင် ဆိုဗီယက် ပြည်ထောင်စုအကူအညီဖြင့် စတင် တည်ဆောက်ခဲ့ခြင်းကြောင့် မြန်မာ- ရုရှား ချစ်ကြည်ရေးအတွက် အရေးကြီးသော မှတ်တိုင်တစ်ခုဖြစ်ပါကြောင်း၊ သင်ကြား ရေးဆေးရုံကြီးလည်းဖြစ်ကာ ကင်ဆာ ရောဂါကုသနိုင်သည့် အဓိကဆေးရုံလည်း ဖြစ်ပါကြောင်း၊ သုံးထပ်လူနာဆောင် တစ်ခုကိုလည်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ကျောက်ကပ်သွေးသန့်စင်ဌာနကို ဖွင့်လှစ် နိုင်ခဲ့ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ နေထိုင်နိုင်ရေးအတွက်လည်း ဝန်ထမ်း အိမ်ရာများကို တိုးချဲ့ဆောက်လုပ်ပေးခဲ့ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် ဤဆေးရုံကြီး ရေရှည်ဖွံ့ဖြိုး တိုးတက်ပြီး ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှု တိုးမြှင့်ဆောင်ရွက်နိုင်စေ ရန် ကြိုးစားသွားရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ဆေး ကုသရေးလုပ်ငန်းများကို တာဝန်ကျေပွန် စွာ ဆောင်ရွက်ပေးကြရန်၊ လူနာများကို နွေးထွေးပျူငှာစွာဆက်ဆံပြီး ပြည်သူများ အားကိုးယုံကြည်ရသည့် ဆေးရုံများဖြစ် အောင် ဆောင်ရွက်သွားကြရန် လိုပါ ကြောင်း ပြောကြားသည်။
လှည့်လည်ကြည့်ရှု
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ဆက်လက်၍ စဝ်စံထွန်းပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာဝင်းမော်ဦးက ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရလက်ဆောင် များပေးအပ်ကာ ကျေးဇူးတင်စကား ပြော ကြားသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက ဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်း မော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပြီး ငါးထပ်ကုသဆောင်သစ်ကို လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် အရေးပေါ် ဆေးကုသမှုဌာန၊ နှလုံးကြပ်မတ်ကုသ ဆောင်၊ ဆေးကုသဆောင်၊ ကျောက်ကပ် သွေးသန့်စင်ဌာနတို့တွင် ဆေးကုသမှု လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု အားပေးကာ လူနာများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ယခု ဖွင့်လှစ်သည့် စဝ်စံထွန်းပြည်သူ့ ဆေးရုံကြီး ငါးထပ်ကုသဆောင်သစ်ကို နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေကျပ် ၂ ဒသမ ၅ ဘီလီယံကျော် (၂၅၉၂ ဒသမ ၅ ကျပ်သန်း) အကုန်အကျခံ၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရေးပေါ်ကုသမှုဌာနနှင့် စာသင်ခန်းမ၊ ဓာတ်မှန်ဌာန၊ အရိုးကုသဆောင်၊ အစာအိမ်အူလမ်းကြောင်း မှန်ပြောင်း ကြည့်ရှုမည့် (Endoscopy) အခန်းနှင့် ခွဲစိတ်ကုသဆောင်၊ အထူးကြပ်မတ်ကုသ ဆောင်၊ စာသင်ခန်းများ၊ ခွဲစိတ်ခန်း ငါးခန်းတို့ပါဝင်ကာ လူနာခုတင်အသစ် များ၊ ခွဲစိတ်ခန်း၊ အထူးကြပ်မတ်ကုသ ခန်း၊ အရေးပေါ်ဌာနတို့အတွက် လိုအပ် သည့် ဆေးရုံသုံးစက်ပစ္စည်းကိရိယာများ ကို ဖြည့်ဆည်းတပ်ဆင်ပေးထားပြီး ဆေးတက္ကသိုလ် - တောင်ကြီး လေးထပ် စာသင်ဆောင်သစ်ကို စုစုပေါင်း ကုန်ကျ ငွေကျပ်သန်းပေါင်း ၁၄၀၃ သန်းကို အသုံးပြုကာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဆေးတက္ကသိုလ် - တောင်ကြီးတွင် ၂၀၂၄ ပညာသင်နှစ်အတွက် ဆေးပညာ မဟာ သိပ္ပံဘွဲ့လွန်သင်တန်းကို စတင်ဖွင့်လှစ် နိုင်ပြီဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် တောင်ကြီးမြို့ သူနာပြုသင်တန်းကျောင်း သို့သွားရောက်ကာ ဆရာ/ ဆရာမ၊ သင်တန်းသား/ သင်တန်းသူများကို တွေ့ဆုံပြီး သင်ကြားရေးလုပ်ငန်းများနှင့် နေထိုင်စားသောက်ရေးအတွက် လိုအပ် ချက်များကို မေးမြန်းဖြည့်ဆည်းပေးပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် တောင်ကြီးမြို့ သားဖွားသင်တန်းကျောင်း သို့ သွားရောက်ကာ သင်တန်းသူ/သင်တန်း သားများကို တွေ့ဆုံအားပေးစကား ပြောကြား၍ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်