
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံဘောလုံးပြိုင်ပွဲ(အမျိုးသား)
ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးချီးမြှင့်
နေပြည်တော် ဇန်နဝါရီ ၃
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာန ပေါင်းစုံ (အမျိုးသား) ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ညနေပိုင်း တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်း၌ကျင်းပရာ နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှု အားပေးပြီး ဆုများ ပေးအပ်ချီးမြှင့်သည်။
ကြည့်ရှုအားပေး
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ တွဲဖက် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ် ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ အားကစား အသင်းများအလိုက် အုပ်ချုပ်သူ များ၊ နည်းပြများနှင့် အားကစား သမားများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစား ဝါသနာရှင်ပြည်သူများ တက် ရောက်ကြည့်ရှုအားပေးကြသည်။
အကြိတ်အနယ်ယှဉ်ပြိုင်
(၇၆)နှစ်မြောက် လွတ်လပ် ရေးနေ့အထိမ်းအမှတ် ဝန်ကြီး ဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲ (အမျိုးသား)ဗိုလ်လုပွဲတွင် စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်း နှင့်အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ အဆိုပါအသင်းများ သည် ဗိုလ်လုပွဲသို့ တက်ရောက် လာကြသည့် အသင်းများဖြစ်သည် နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အကြိတ်အနယ် ဖိအားပေး ယှဉ်ပြိုင်ကြပြီး ပွဲကစားချိန် ၈ မိနစ်တွင် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက အဖွင့်ဂိုးရရှိခဲ့ပြီး ဦးဆောင်နိုင် ခဲ့သည်။ ထို့နောက် ပွဲကစားချိန် ၁၁ မိနစ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်း က ချေပဂိုးနှင့် ပွဲချိန် ၁၆ မိနစ်နှင့် ပွဲချိန် ၁၈ မိနစ်တို့တွင် ဦးဆောင် ဂိုးများ ထပ်မံသွင်းယူနိုင်ခဲ့သော ကြောင့် သုံးဂိုး - တစ်ဂိုးဖြင့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းက ဦးဆောင် နိုင်ခဲ့သော်လည်း ပွဲချိန် ၄၂ မိနစ် တွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနအသင်းက ချေပဂိုး တစ်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သောကြောင့် ပထမပိုင်း ၄၅ မိနစ် ပြီးဆုံးချိန်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်း က သုံးဂိုး-နှစ်ဂိုးဖြင့် ဦးဆောင်နိုင် ခဲ့သည်။
ယင်းနောက် ဒုတိယပိုင်း ပွဲကစားချိန်ကို ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရာ ပွဲစလျှင်စချင်း ၄၇ မိနစ်၌ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနအသင်းက ချေပဂိုး တစ်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့သဖြင့် တစ်ဖက်သုံးဂိုးစီဖြင့် နှစ်ဖက် အပြန်အလှန် အကြိတ်အနယ် ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ကြ သည်။ ကျန်ရှိသည့် ပွဲကစားချိန် အတွင်း အနိုင်ဂိုးရရှိရေး ရေကုန် ရေခန်း ယှဉ်ပြိုင်ကစားခဲ့ကြသော် လည်း တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်း မရှိသည့်အတွက် သာမန်ပွဲကစားချိန် မိနစ် ၉၀ ပြည့်သည့်အချိန်တွင် သရေရလဒ် ဖြင့်သာ ပွဲပြီးဆုံးခဲ့ရသဖြင့် အချိန်ပို ပထမပိုင်းကို ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရသည်။
အချိန်ပို မိနစ် ၃၀ ကို ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာ အချိန်ပို ၁၈ မိနစ်တွင် အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန အသင်းက ၁၈ ကိုက်စည်းအပြင် ဘက်မှ အပြင်းကန်သွင်းချက် ဖြင့် ဦးဆောင်ဂိုးရရှိခဲ့ပြီး ချေပဂိုး ပြန်လည်သွင်းယူနိုင်ခြင်း မရှိသဖြင့် ပွဲကစားချိန်များ ပြီးဆုံးချိန်တွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းက စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်း အား လေးဂိုး - သုံးဂိုးဖြင့် ထိုက်တန် စွာ အနိုင်ရဗိုလ်စွဲခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက် ကျင်းပရာ အကောင်းဆုံး အားကစားသမားဆု ရရှိခဲ့ကြ သည့် အားကစားသမားများကို ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကောင်စီဝင်များ ဖြစ်ကြသည့် ခွန်စံလွင်၊ ဒေါက်တာဘရွှေ၊ ဒေါက်တာမှုထန်နှင့် မန်းငြိမ်းမောင် တို့က ဂုဏ်ပြုဆုတံဆိပ်နှင့် ချီးမြှင့် ငွေများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ အသင်းလိုက် စတုတ္ထဆုရရှိသည့် ဆောက်လုပ် ရေးဝန်ကြီးဌာန အသင်းအား ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက လည်းကောင်း၊ တတိယ ဆုရရှိသည့် ပြည်ထဲရေးဝန်ကြီး ဌာနအသင်းအား ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က လည်းကောင်း၊ ဒုတိယဆုရရှိသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အသင်းအား ကောင်စီဝင် ဗိုလ်ချုပ် ကြီး မြထွန်းဦးက လည်းကောင်း တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆု နှင့် ချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပထမဆုရရှိ သည့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းအား ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တစ်ဦး ချင်း ဆုတံဆိပ်များကို ပေးအပ် ချီးမြှင့်သည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပထမဆု ရရှိသည့် အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက် ဖလားတို့ကို ပေးအပ်ချီးမြှင့်ပြီး အားကစားသမားများကို ရင်းရင်း နှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်