(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော် အောင်မြင်စွာကျင်းပပြီးစီး ကျောင်းသားလူငယ်များနှင့် ပြည်သူများ တစ်ခဲနက် ပါဝင်ဆင်နွှဲခဲ့ကြ

 

နေပြည်တော်  ဒီဇင်ဘာ   ၂၂


(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော် တတိယနေ့ကို ယနေ့ နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌   စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပ လျက်ရှိရာ  ဝန်ကြီးဌာနအသီးသီးမှ   ဌာနဆိုင်ရာဝန်ထမ်းများ၊ အခြေခံပညာကျောင်းများ၊  ပုဂ္ဂလိကကျောင်း များနှင့်  ပညာရေးဒီဂရီကောလိပ်တို့မှ ဆရာဆရာမများ၊  ကျောင်းသား၊ လူငယ်များနှင့်  ပြည်သူများ စိတ်ပါဝင်စားစွာဖြင့် တစ်ခဲနက် လာရောက်လေ့လာကြည့်ရှုကြသည်။


ယနေ့သည် ပွဲတော်နောက်ဆုံး ရက်ဖြစ်သည့်အတွက်   ဝန်ကြီး ဌာနအလိုက် စိတ်ဝင်စားဖွယ်ရာ ပြသထားသည့် ပြခန်းများအားလုံး တွင်      အနယ်နယ်အရပ်ရပ်မှ စိတ်ပါဝင်စားစွာ      လာရောက် လေ့လာကြသူများဖြင့်    အထူး စည်ကားလျက်     ရှိသည့်အပြင် တိုင်းရင်းသားရိုးရာ စားသောက် ဆိုင်များတွင်လည်း  ရိုးရာအစား အသောက်များအား    စိတ်အား ထက်သန်စွာ  လာရောက်မြည်းစမ်း ကြသူများဖြင့်လည်း ကြိတ်ကြိတ် တိုးစည်ကားလျက်ရှိသည်။ 


ပြန်ကြားရေးဝန်ကြီးဌာန၏ မြန်မာ့အသံနှင့်   ရုပ်မြင်သံကြား ပြခန်း၌လည်း    “အသံအလှူ ကုသိုလ်ယူ”        ဆောင်ပုဒ်ဖြင့် မျက်မမြင်သင်တန်းကျောင်းများမှ အမြင်အာရုံချို့တဲ့သူများ စိတ်ဓာတ် ခွန်အားမြင့်တက်စေရန်အတွက် ဗဟုသုတ      ဖြစ်ထွန်းစေမည့် စာအုပ်၊ စာပေမျိုးစုံကို ဖတ်ကြား အသံသွင်း၍ အသံဖြင့်ကုသိုလ်ယူလှူဒါန်းနိုင်ရန် စီစဉ်ဆောင်ရွက် ထားရှိရာ  ပွဲတော်ကျင်းပခဲ့သည့် သုံးရက်တာကာလအတွင်း  နိုင်ငံ့ ဝန်ထမ်းများ၊    ကျောင်းသား ကျောင်းသူများနှင့်   ပြည်သူ  စုစု ပေါင်း ၂၂၇ ဦးတို့က စာအုပ်ပေါင်း ၅၆ အုပ်ကို ဖတ်ကြားပြီး  အသံ ကုသိုလ်အဖြစ် ပါဝင်လှူဒါန်းခဲ့ကြ ကြောင်း သိရှိရသည်။
ယင်းပြခန်း၌ပင် ပြည်သူများ တီဗွီဖန်သားပြင်မှသာ  တွေ့မြင် နိုင်သည့် သတင်းစတူဒီယိုအတွင်း သတင်းကြေညာသည့် ပုံစံများကို ပြပွဲသို့ လာရောက်လေ့လာကြသူ များ ကိုယ်တိုင်ဝင်ရောက်သတင်း ကြေညာဟန် သရုပ်ဆောင်နိုင်ပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူး နိုင်ရန် စီစဉ်ဆောင်ရွက်ပေးထား သည့်အတွက် လူကြိုက်များသည့် ပြခန်းတစ်ခုလည်းဖြစ်ခဲ့သည်။ 
ထို့ပြင်        ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး   ဝန်ကြီးဌာန၏  ရေကြောင်းပြခန်းတွင်  ရေယာဉ် မောင်းနှင်မှုသရုပ်ပြကွက်၊ သင်္ဘော Model     ပုံစံငယ်များပြကွက်၊ ရေယာဉ်တည်ဆောက်သည့်အချိန် တွင် အသုံးပြုသည့် ဂဟေဆက် ခြင်းသရုပ်ပြကွက်၊   မြန်မာနိုင်ငံ ရေကြောင်းပညာ   တက္ကသိုလ် ကျောင်း        ပုံစံငယ်       ပြကွက်၊ လေကြောင်းပြခန်းတွင် စိတ်ဝင် စားဖွယ်ရာ လေယာဉ်ပုံစံငယ်များ ပြကွက်၊   မြန်မာ့မီးရထားပြခန်း တွင် ရန်ကုန်မြို့ပတ်ရထားလမ်းပြေးဆွဲမှုပုံစံငယ်   ပြကွက်နှင့် ရထားပုံစံအမျိုးမျိုးတို့ကို ပြကွက် မျိုးစုံဖြင့်  ခင်းကျင်းပြသထားရာ  ရေကြောင်းနှင့် လေကြောင်းပညာ ရပ်တို့ကို   စိတ်ဝင်စားကြသည့် ကျောင်းသားလူငယ်များအတွက် စိတ်အားထက်သန်ဖွယ်ရာ ပြကွင်း ပြကွက်များဖြစ်ခဲ့ပြီး လာရောက် လေ့လာကြသူများဖြင့် တစ်ခဲနက် စည်ကားခဲ့သည်။ 


အလားတူ ဝန်ကြီးဌာနအလိုက် စိတ်ဝင်စားဖွယ်ရာ   စီစဉ်ပြုလုပ် ထားသည့်   ကစားနည်းများနှင့် ဉာဏ်ရည်ဉာဏ်သွေး၊ အသိပညာ ဗဟုသုတများနှင့် ပေါင်းစပ်ဖြေဆို ရသည့် ဉာဏ်စမ်းပဟေဠိကစား နည်းများတွင်လည်း လာရောက် ပါဝင်ဖြေဆိုကြသည့် ကျောင်းသား၊   လူငယ်များဖြင့် အထူးစည်ကား လျက်ရှိသည့်အပြင်   ကစားနည်း များနှင့်  ပဟေဠိမေးခွန်းများကို ဖြေဆို အောင်မြင်ကြသူများကို လည်း  အမှတ်တရလက်ဆောင် များ  ပြန်လည်ချီးမြှင့်သည့်  အစီ အစဉ်ကြောင့်လည်း ပိုမိုပျော်ရွှင်ဖွယ်ရာဖြစ်စေခဲ့သည်။ 


ပညာရေးဝန်ကြီးဌာန၏ ဆရာ အတတ်ပညာရေးပြခန်း၊  ပညာ ရေးစီမံကိန်းနှင့်   လေ့ကျင့်ရေး ပြခန်း၊ ကျောင်းပြင်ပနှင့် တစ်သက် တာပညာရေးပြခန်း၊  မြန်မာနိုင်ငံ တိုင်းရင်းသား   ဘာသာစကား ပြခန်း၊ အဆင့်မြင့်ပညာနှင့်အခြေခံ ပညာပြခန်းတို့တွင် ပညာရေးနှင့် ပတ်သက်သည့် ဗဟုသုတစာပေ များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ ဂေဟစနစ်ဆိုင်ရာပြကွက် များ၊  ဓာတုဗေဒ၊   ရူပဗေဒနှင့် ဇီဝဗေဒဘာသာရပ်များဆိုင်ရာ လက်တွေ့စမ်းသပ် ဆောင်ရွက်နေ မှုများကို   စာတွေ့၊   လက်တွေ့ ရှင်းလင်း   ဆောင်ရွက်ပေးခဲ့ရာ စိတ်ဝင်တစားလာရောက်လေ့လာ ကြသည့် အခြေခံပညာအထက် တန်းကျောင်းနှင့် ပုဂ္ဂလိကကျောင်း များမှ ကျောင်းသား ကျောင်းသူ များဖြင့် အထူးစည်ကားခဲ့သည်။ 


လူဝင်မှု      ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေ ဖြင့်လည်း ပွဲတော်လာ  အသက် ၁၀  နှစ်အထက်ရှိ  နိုင်ငံသားများ အား စမတ်ကတ်များထုတ်ပေး နိုင်ရေးအတွက် ကိုယ်ရေးအချက် အလက်များ   ကောက်ယူစိစစ်ပြီး ဂဏန်း ၁၀  လုံးပါဝင်သည့်  UID နံပါတ်များ      တစ်ချိန်တည်း ထုတ်ပေးခြင်းများကို ဆောင်ရွက် ပေးလျက်ရှိရာ       လာရောက် ဆောင်ရွက်ကြသည့် ကျောင်းသား ကျောင်းသူများဖြင့်  ကြိတ်ကြိတ် တိုး စည်ကားလျက်ရှိသည်။


ဆိုင်ဘာလုံခြုံရေးပြခန်းတွင် လည်း    ဆိုင်ဘာလုံခြုံရေးနှင့် ပတ်သက်သည့် အသိပညာပေး ပိုစတာများပြသခြင်း၊ လက်ကမ်း စာစောင်များ ဝေငှခြင်း၊  ဆိုင်ဘာ လုံခြုံရေးနှင့်     ပတ်သက်သည့် အခြေခံပညာ၊  တက္ကသိုလ်နှင့် ပညာရှင်အဆင့် ဉာဏ်စမ်းပဟေဠိ မေးခွန်းများကို   ဖြေဆိုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားခြင်းတို့ ကြောင့်လည်း စိတ်ဝင်စားဖွယ်ရာပြခန်းတစ်ခုဖြစ်ခဲ့သည်။


မွန်းလွဲပိုင်းတွင် “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး”ခေါင်းစဉ် ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကို   ပြုလုပ်ခဲ့ရာ  ကျောင်းသား ကျောင်း သူများနှင့်   လူငယ်များ တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြ သည်။ အဆိုပါ     ဆွေးနွေးပွဲတွင် MRTV – 4 ရုပ်သံလိုင်းမှ အစီအစဉ် တင်ဆက်သူများနှင့် ဇာတ်လမ်း တွဲသရုပ်ဆောင်များက ဦးဆောင် ၍ လူငယ်နှင့် စာပေ၊  အနုပညာ ဆက်စပ်မှုရှိပုံ၊   အသက်အရွယ် အပိုင်းအခြားအလိုက်     စာပေ လေ့လာဖတ်ရှုခြင်းဖြင့်   ရရှိမည့် အကျိုးကျေးဇူးများ၊ လူငယ်ဘဝမှ စတင်၍    လူတိုင်းအပေါ်တွင် စိတ်ကောင်း    စေတနာကောင်း အရင်းခံကာ  ပေါင်းသင်းဆက်ဆံ ပါက   အောင်မြင်မှုရရှိနိုင်မည့် နည်းလမ်းများ၊  လူငယ်ဘဝတွင် နေထိုင်ပြုမူရမည့်  အမူအကျင့် များနှင့် တွေ့ကြုံရမည့်အခက်အခဲ များ၊ ဝါသနာပါရာ  အတတ်ပညာ တစ်ခုခုကို တစိုက်မတ်မတ် ဇွဲရှိရှိ ကြိုးစားပါက     ထူးချွန်သည့် လူတော်၊ လူကောင်းများဖြစ်လာ နိုင်ကြောင်းတို့ကို  ဆွေးနွေးပြော ကြားခဲ့ကြပြီး တက်ရောက်လာကြ သည့် ကျောင်းသား၊ လူငယ်များက လည်း   မိမိတို့သိရှိလိုသည်များ ကို   စိတ်ပါဝင်စားစွာ    မေးမြန်း ဆွေးနွေးခဲ့ကြသည်။ 


 ဆွေးနွေးပွဲ        အပြီးတွင်    ပြန်ကြားရေးဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး ဦးရဲတင့်က လူငယ်စကား ဝိုင်းများတွင်   ဦးဆောင်ပါဝင် ဆွေးနွေးခဲ့ကြသည့် MRTV–4 ရုပ်သံ လိုင်းမှ  အစီအစဉ်တင်ဆက်သူ များနှင့် ဇာတ်လမ်းတွဲသရုပ်ဆောင် များကို  ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။


ထို့ပြင် ပွဲတော်အတွင်း၌ (၇၆)နှစ်မြောက်     လွတ်လပ်ရေးနေ့ အထိမ်းအမှတ်    “လှပသာယာ ပြည်မြန်မာ”ရောင်စုံဓာတ်ပုံပြပွဲ နှင့် ၂၀ ရာစု မြန်မာစာရေးဆရာ၊ ဆရာမကြီးတို့၏    ဓာတ်ပုံများ၊ တိုင်းဒေသကြီး /  ပြည်နယ်များ အတွင်းရှိ တန်ခိုးကြီးဘုရားစေတီ များ၊ သဘာဝအလှရှုခင်းများ၊ ရိုးရာ ဓလေ့ပွဲတော်များနှင့် အထင်ကရ နေရာများ၏ မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသထားရှိရာ  ဓာတ်ပုံ အနုပညာကို ချစ်မြတ်နိုးကြသည့် ပညာရှင်များနှင့် ဝါသနာရှင်များ က စိတ်ပါဝင်စားစွာဖြင့်   ကြည့်ရှု လေ့လာကြသည်။


ထိုသို့  အသိပညာဗဟုသုတရရှိ စေမည့်    အစီအစဉ်ကောင်းများ အပြင်     စိတ်ပျော်ရွှင်ချမ်းမြေ့စေ မည့် ဖျော်ဖြေရေးအစီအစဉ်များ အဖြစ်     မြန်မာ့အသံနှင့်  ရုပ်မြင် သံကြား၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊  သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ မြဝတီရုပ်မြင်သံကြား တို့မှဝန်ထမ်းများနှင့်   နိုင်ငံကျော် အနုပညာရှင်များ၏ သီဆိုဖျော်ဖြေ မှုများကြောင့်လည်း   ပြပွဲကြီးကို ပိုမိုအသက်ဝင်စေခဲ့ကာ      ပြပွဲ လာရောက်ကြသူများကလည်း စိတ်လက်ပေါ့ပါးစွာ      ကြည့်ရှု အားပေးကြသည်။


ပွဲတော်သို့    လာရောက်ကြ သည့် ကျောင်းသား  ကျောင်းသူ များ၊   ဆရာ  ဆရာမများနှင့် မိဘပြည်သူများအနေဖြင့် စိတ်ဝင် စားဖွယ်ရာပြသထားသည့်    အစီ အစဉ်များကို လှည့်လည်ကြည့်ရှု လေ့လာရင်း အမောပြေတိုင်းရင်း သားများ၏ ရိုးရာအစားအသောက် များအား နှစ်သက်စွာဖြင့် အလွယ် တကူ       စားသုံးနိုင်ရန်အတွက် တိုင်းရင်းသားရိုးရာ စားသောက် ဆိုင်များကို ဈေးနှုန်းချိုသာစွာဖြင့် ဖွင့်လှစ်ရောင်းချပေးခဲ့ရာ   အစား အသောက်များ   ပြတ်လပ်သည် အထိ  လာရောက်စားသုံးဝယ်ယူ သူများဖြင့်     ကြိတ်ကြိတ်တိုး  စည်ကားလျက်ရှိသည်။


ထို့ပြင် ပွဲတော်သို့ လာရောက် ကြသူများ တစ်စုံတစ်ရာကျန်းမာရေးချို့ယွင်းမှုဖြစ်ပေါ်ပါကလည်း အရေးအပေါ်      ကျန်းမာရေး  စောင့်ရှောက်မှုအစီအစဉ်များနှင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာဆင်နွှဲနိုင်ရေးအတွက်လည်း လုံခြုံ ရေးအစီအမံများကိုလည်း   စနစ် တကျ ဆောင်ရွက်ထားသည်။


ညနေပိုင်းတွင် ပွဲတော်အခမ်း အနား အောင်မြင်စွာ ကျင်းပပြီးစီး မှုအထိမ်းအမှတ်အဖြစ် မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားမှ အနုပညာရှင် များ၏ “မနောမြေမှတေးသံသာ” သီချင်းဖြင့်  မြူးမြူးကြွကြွသီဆိုဖျော်ဖြေမှုများနှင့်အတူ တိုင်းရင်း သားအကအဖွဲ့များ၊  ပွဲတော်လာ ကျောင်းသား   ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူများတပျော် တပါး  စုပေါင်းကပြဆင်နွှဲမှုများ ကြောင့်လည်း  မြိုင်မြိုင်ဆိုင်ဆိုင် ဖြင့်  ပျော်ရွှင်ဖွယ်ရာ ပွဲတော်ကြီး အဖြစ် ကျင်းပပြီးစီးခဲ့သည်။ 


လူငယ်နှင့်   စာပေအနုပညာ ပွဲတော်ကျင်းပပေးခဲ့သည့် သုံးရက် တာကာလအတွင်း နိုင်ငံသားတိုင်း က   အထွတ်အမြတ်ထားရသည့် လွတ်လပ်ရေးနေ့နှင့်   လွတ်လပ် ရေးကြိုးပမ်းမှု သမိုင်းကြောင်းများ၊ လူငယ်များအတွက် နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ဓာတ်များမြင့်မားလာစေမည့်     အကြောင်းအရာများ၊ စာပေနှင့် အနုပညာစွမ်းအားဖြင့် အသိပညာဗဟုသုတကြွယ်ဝပြီး မှန်ကန်သည့် အတွေးအခေါ် အယူ အဆများနှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင်     ပါဝင် ပူးပေါင်း ဆောင်ရွက်လာနိုင်စေ မည့်    အကြောင်းအရာများကို စာတွေ့၊ လက်တွေ့ပြသပေးနိုင်ခဲ့ သည့်အတွက် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် အနာဂတ်    နိုင်ငံ့ခေါင်းဆောင် ကျောင်းသားလူငယ်များ    အသိ အမြင် ဗဟုသုတကြွယ်ဝစေရန် ဆည်းပူး     လေ့လာနိုင်ခဲ့သည့် ပွဲတော်ကြီးတစ်ခုလည်း   ဖြစ် ကြောင်း သိရှိရသည်။ 


အောင်ရဲသွင်၊ အေးအေးသန့်
ဓာတ်ပုံ - ကိုကိုအေး၊ ဖိုးပြည့်စုံ