ရန်ကုန် ဒီဇင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး   အစိုးရ အဖွဲ့၏ ဦးဆောင်မှုဖြင့် ဒီဇင်ဘာအားကစားလလှုပ်ရှားမှုနှင့် ၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ် ရေးနေ့အထိမ်အမှတ်  အမျိုးသား အမျိုးသမီး အလွတ်တန်းဖိတ်ခေါ် စက်ဘီးပြိုင်ပွဲကို   ယမန်နေ့က ပြည်သူ့ရင်ပြင်၌ကျင်းပရာ စက်ဘီး အားကစားသမား      ၆၀၀    ခန့် ဝင်ရောက်   ယှဉ်ပြိုင်ခဲ့ကြသည်။       
အဆိုပါပြိုင်ပွဲသို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး     ဌာနဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစား နှင့် ကာယပညာဦးစီးဌာနမှ ညွှန် ကြားရေးမှူးများ၊   မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်မှ တာဝန်ရှိသူ များ ကြည့်ရှုအားပေးကြသည်။                                           
ပြိုင်ပွဲတွင် အမျိုးသားစက်ဘီး ကို မင်္ဂလာဒုံမြို့နယ် ထောက်ကြံ လမ်းဆုံမှ တာလွှတ်ကာ ပြည်လမ်း အတိုင်း  ပြည်သူ့ရင်ပြင်သို့လည်း ကောင်း၊  အမျိုးသမီးစက်ဘီးပြိုင်ပွဲ တွင် မင်္ဂလာဒုံလေဆိပ်လမ်းဆုံမှ တာလွှတ်ကာ ပြည်လမ်းအတိုင်းပြည်သူ့ရင်ပြင်သို့ လည်းကောင်းပန်းဝင်ကြသည်။                                                
ပြိုင်ပွဲအပြီး     ဆုပေးပွဲကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က  အမျိုးသား  အမျိုး သမီး  အလွတ်တန်းဖိတ်ခေါ်ပြိုင်ပွဲ တွင် ပထမ၊ ဒုတိယ၊ တတိယရရှိ ကြသော   အားကစားသမားများ အား ဆုတံဆိပ်နှင့် ငွေသားဆုများ ကိုလည်းကောင်း၊    အမျိုးသမီး စတုတ္ထမှ ဒသမအထိရရှိကြသော အားကစားသမားများအား လုံခြုံ ရေးနှင့်     နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး   ဝင်းတင့်ကလည်း ကောင်း၊ အမျိုးသားစတုတ္ထမှ ဒသမ အထိရရှိကြသော    အားကစား သမားများအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး    ကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးကတစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသား ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက်   တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ဌာန ဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုလ်များကပန်းဝင်ကြသော အားကစားသမား များအား ငွေသားဆုများချီးမြှင့် သည်။   ယင်း အလွတ်တန်းဖိတ်ခေါ်    စက်ဘီးပြိုင်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး၊  ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊  မန္တလေး တိုင်းဒေသကြီး၊   မွန်ပြည်နယ် မှ   စက်ဘီးဝါသနာရှင်များ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ 
အာကာစိုး
      


