(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအခမ်းအနား ကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ    ၄


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ   သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး   ဒေါ်ကြူ ကြူလှတို့က တည်ခင်းဧည့်ခံသည့် (၇၆)နှစ်မြောက်   လွတ်လပ်ရေး နေ့အထိမ်းအမှတ်  ဂုဏ်ပြုညစာ စားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအခမ်း အနားကို  ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌရုံး ဂုဏ်ပြုဆောင်ခန်းမ၌   ကျင်းပသည်။


 ကြိုဆိုနှုတ်ဆက်


ဦးစွာ(၇၆)နှစ်မြောက် လွတ်လပ် ရေးနေ့ ဂုဏ်ပြုညစာစားပွဲအခမ်း အနားသို့   တက်ရောက်လာကြ သည့်   ဧည့်သည်တော်များအား ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီး များ၊ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။


ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ် မှူးကြီး  သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် နှင့်ဇနီး  ဒေါ်ကြူကြူလှတို့သည် ဂုဏ်ပြုဆောင်ခန်းမ      ဥပစာ မြက်ခင်းပြင်သို့   ရောက်ရှိကြပြီး နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီ   ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်   ဒုတိယဗိုလ်ချုပ်မှူး ကြီး  သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ် တို့နှင့်အတူ    ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့  တက်ရောက်လာ ကြသည့်   နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ နိုင်ငံခြားသံရုံးများမှ  သံအမတ် ကြီးများနှင့်  သံရုံးတာဝန်ခံများ၊ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များနှင့်  အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များကို   ရင်းရင်း နှီးနှီး နှုတ်ဆက်သည်။
ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  ဇနီး တို့သည် ဂုဏ်ပြုညစာစားပွဲအခမ်း အနားသို့ တက်ရောက်လာကြသူ များနှင့်အတူ  မီးရှူးမီးပန်းများ ပစ်ဖောက်မှုကို  ကြည့်ရှုအားပေး ကြသည်။


ကြည့်ရှုအားပေး


ဆက်လက်၍   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည်  ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက် လာကြသူများနှင့်အတူ   ဂုဏ်ပြု ဆောင်ခန်းမ၌ ညစာကို အတူတကွ သုံးဆောင်ကြသည်။ ညစာမသုံး ဆောင်မီနှင့်  သုံးဆောင်နေစဉ် အတွင်း ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်  ရုပ်မြင်သံကြားမှ အနုပညာရှင်များနှင့်  သာသနာ ရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ   အနုပညာ ရှင်များက      တေးသံသာများ၊ ပဒေသာကပွဲများဖြင့် သီဆိုတီးမှုတ် ဖျော်ဖြေကြရာ    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ        ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  ဇနီး၊ တက်ရောက်    လာကြသူများက  ကြည့်ရှုအားပေးကြသည်။


ရင်းရင်းနှီးနှီးနှုတ်ဆက်


ပဒေသာကပွဲအပြီးတွင် နိုင်ငံ တော်     စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဖျော်ဖြေတင်ဆက်ခဲ့ ကြသည့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား နှင့် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ တေးသံရှင်များနှင့် အနုပညာရှင် များကို ဂုဏ်ပြုပန်းခြင်းပေးအပ်ပြီး ဂုဏ်ပြုညစာစားပွဲ  အခမ်းအနား သို့       တက်ရောက်လာကြသူ များကို  ရင်းရင်းနှီးနှီး    နှုတ်ဆက် ခဲ့သည်။ 


အဆိုပါ     (၇၆)  နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနား သို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ   ဒုတိယ ဝန်ကြီးချုပ်   ဒုတိယဗိုလ်ချုပ်မှူး ကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီ    အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး နှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီး များ၊  ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် များနှင့်    ဇနီးများ၊    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်များ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    ဗဟို အကြံပေးအဖွဲ့ဝင်များ၊    ပြည် ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း ဝင်များ၊   နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ခံများ၊       ဂုဏ်ထူး ဆောင်ကောင်စစ်ဝင်များ၊   (၇၆)နှစ်မြောက်    လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့ ရရှိကြသူများ၊ ဌာနဆိုင်ရာအကြီး အကဲများ၊  နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား   တိုင်းရင်းသူများ၊ အနုပညာရှင်များ၊ အစိုးရမဟုတ် သော အသင်းအဖွဲ့များနှင့် အထူး ဖိတ်ကြားထားသည့်  ဧည့်သည် တော်များ    တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်