(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကန်ပြားနယ်မြေ မီးသတ်စခန်းသစ်ဖွင့်ပွဲကျင်းပ

 

မကွေး    ဖေဖော်ဝါရီ      ၃
(၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ ကို    ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးမြို့နယ်   ကန်ပြားနယ်မြေ မီးသတ်စခန်းသစ်    ဖွင့်ပွဲအခမ်း အနားကို ဖေဖော်ဝါရီ ၁ ရက်က ကန်ပြားနယ်မြေ   မီးသတ်စခန်း သစ်၌ ပြုလုပ်ရာ      တိုင်းဒေသကြီး ဝန်ကြီးချုပ်         ဦးတင့်လွင်၊ တိုင်းဒေသကြီး     ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ   တာဝန်ရှိသူများ၊    မြန်မာနိုင်ငံ  မီးသတ်တပ်ဖွဲ့ဝင်များ၊       အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီ ရေး အဖွဲ့အစည်းများနှင့်    ဒေသခံ ပြည်သူများ  တက်ရောက်သည်။ 
အချက်အချာကျသည့် မီးသတ်စခန်း
နယ်မြေ  မီးသတ်စခန်းသစ် ဖွင့်ပွဲအခမ်းအနား၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က    မကွေးမြို့နယ် ကန်ပြားနယ်မြေ မီးသတ်စခန်းကို ကန်ပြားကျေးရွာ အနီးတစ်ဝိုက် ကျေးရွာများရှိ ဒေသခံပြည်သူများ အတွက်   မီးသတ်တပ်ဖွဲ့များ၏ ရည်မှန်းချက်    တာဝန်(၄)ရပ် ဖြစ်သည့်      မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်  ကာကွယ် ရေး၊   ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး တို့ကို ဆောင်ရွက်နိုင်ရန် ဖွင့်လှစ် ခြင်းဖြစ်ပြီး ဒေသခံပြည်သူများ    အားကိုးအားထား     ပြုရမည့်   မီးသတ်စခန်းတစ်ခု       ဖြစ် ကြောင်း၊    ကန်ပြားကျေးရွာသည် နေပြည်တော်   -   ကန်ပြားလမ်း၊ မကွေး   -    နတ်မောက်လမ်းနှင့် မကွေး   -    ရေနံချောင်းလမ်းများ ဆုံရာအရပ်တွင်   တည်ရှိသော ကြောင့်         လမ်းမကြီးများ တစ်လျှောက်ရှိ    ကျေးရွာများ အတွက်    မီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေး    လုပ်ငန်း များတွင်  မြန်ဆန်ထိရောက်စွာ ဆောင်ရွက်နိုင်ပြီး       မီးသတ် ရှုထောင့်အရ   အချက်အချာကျ သည့် မီးသတ်စခန်းတစ်ခုလည်းဖြစ်ကြောင်း။
မျက်ခြည်မပြတ်လေ့လာ  
မီးသတ်တပ်ဖွဲ့ဝင်များ အနေ ဖြင့်လည်း          ယုံကြည်ချက်၊ ခံယူချက်မှန်ကန်ကောင်းမွန် ကာ နိုင်ငံ့ဝန်ထမ်းများတွင်      ရှိရမည့်  စံတန်ဖိုးများအပြင်    အသင်းအဖွဲ့ ဖြင့်     ဆောင်ရွက်မှုနှင့်    လုပ်ငန်း ကျွမ်းကျင်မှု       အရည်အသွေး များအပြင်      နိုင်ငံတကာတွင် ပြောင်းလဲ      တိုးတက်နေသည့် မီးသတ်လုပ်ငန်းဆိုင်ရာများအား မျက်ခြည်မပြတ်လေ့လာပြီး  မိမိ နိုင်ငံသားများအတွက်  ပြန်လည် အသုံးချနိုင်ရန် အားထုတ်ကြရန် လိုအပ်ကြောင်းနှင့်    ပြည်သူများ ယုံကြည်  အားကိုးအားထားပြု သည့်      မီးသတ်တပ်ဖွဲ့များဖြစ် အောင် လေ့ကျင့်တည်ဆောက်သွား ကြစေလိုကြောင်း ပြောကြားသည်။
မကွေးမြို့နယ်       ကန်ပြား နယ်မြေ      မီးသတ်စခန်းသစ်      တည်ဆောက်ပြီးစီးမှု   မှတ်တမ်း ဖိုင်ကို  ဆောက်လုပ်ရေးကုမ္ပဏီမှ     တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး  ဦးမျိုးလှိုင်ထံ  လွှဲပြောင်းပေးအပ် ကာ တိုင်းဒေသကြီး  ဝန်ကြီးချုပ် နှင့်   တာဝန်ရှိသူများက  ကန်ပြား နယ်မြေ     မီးသတ်စခန်းသစ်ကို   ဖဲကြိုးဖြတ်ဖွင့်လှစ်    ပေးကြောင်း သိရသည်။

မောင်ညီညာ