(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုခြင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကြိုဆိုထောက်ခံသောအားဖြင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီစုံညီပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

 

မန္တလေး  ဇန်နဝါရီ   ၂၈


(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု ခြင်းနှင့် နိုင်ငံတော်မှကျင်းပပြုလုပ်လျက်ရှိသော တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး  ငြိမ်းချမ်းရေးဆွေးနွေးပွဲ များကို  ကြိုဆိုထောက်ခံသောအားဖြင့်  မန္တလေးတိုင်းဒေသ ကြီး   အစိုးရအဖွဲ့က   ကြီးမှူးကျင်းပသော   လူငယ်ရေးရာ ကော်မတီ  စုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌  ကျင်းပပြုလုပ်ရာ  အခမ်းအနား သို့    မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့   ဝန်ကြီးချုပ် ဦးမောင်ကို၊   အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်    တိုင်းမှူး  ဗိုလ်ချုပ် ကိုကိုဦး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်  ဝန်ကြီးများ၊  မြို့မိမြို့ဖများ၊ဒေသခံပြည်သူများ၊ တက္ကသိုလ်/ဒီဂရီကောလိပ်နှင့်   အခြေခံပညာမှ   ဆရာ  ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း အင်အား ၃၀၀၀ဝ ခန့် တက်ရောက်ကြသည်။  

 


လူငယ်ရေးရာကော်မတီစုံညီပွဲတော်ကို လူငယ်များ၏ ပညာ ရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍ များ မြှင့်တင်ဆောင်ရွက်ပေးနိုင် ရန်၊  အမျိုး၊  ဘာသာ၊  သာသနာ၊ ယဉ်ကျေးမှု၊   စာပေတို့ကို   ထိန်း သိမ်းမြှင့်တင်ရန်နှင့် ဗလငါးတန် ဖွံ့ဖြိုးလာစေရန်၊  ခေတ်မီဖွံ့ဖြိုး တိုးတက်သော  ဒီမိုကရေစီနိုင်ငံ တော် ပေါ်ထွန်းလာရေးအတွက် လူငယ်များက  စည်းလုံးညီညွတ် စွာဖြင့်   ကြိုးပမ်းဆောင်ရွက်နိုင် စေရန်ဟူသည့် ရည်ရွယ်ချက်များ ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

 


ဖဲကြိုးဖြတ်ဖွင့်လှစ်


ဦးစွာ    စုံညီပွဲတော်အခမ်း အနားကို တိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်/အခြေခံပညာကျောင်း များမှ    ထူးချွန်တိုင်းရင်းသား ကျောင်းသား    ကျောင်းသူများ က   ဖဲကြိုးဖြတ်၍   ဖွင့်လှစ်ပေး သည်။ (အပေါ်ယာပုံ)
ထို့နောက်   တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။    ယင်းနောက် နိုင်ငံတော်        စီမံအုပ်ချုပ်ရေး ကောင်စီက ကြီးမှူးကျင်းပသော ငြိမ်းချမ်းရေး  ဆွေးနွေးပွဲများကို ကြိုဆိုသောအားဖြင့်      မန္တလေး တိုင်းဒေသကြီး         အတွင်းရှိ တက္ကသိုလ်အသီးသီးမှ အသိပညာ၊ အတတ်ပညာများ  သင်ယူနေကြ သည့် တိုင်းရင်သား၊ တိုင်းရင်းသူ ကျောင်းသား ကျောင်းသူများ၏ ၎င်းတို့ပြည်နယ်နှင့်နိုင်ငံ တိုးတက် မှု နှောင့်နှေးရခြင်းသည် ငြိမ်းချမ်း မှု      မရှိခြင်းကြောင့်ဖြစ်သည့် အတွက်   ငြိမ်းချမ်းရေးရရှိပါက ခံစားရမည့်    အသီးအပွင့်များ အကျိုးကျေးဇူးကို  တိုင်းရင်းသား လူမျိုးအလိုက် ဆွေးနွေးပြောကြား ၍ ၎င်းတို့၏ တိုင်းရင်းသားရိုးရာ အကများဖြင့်     အဖွဲ့လိုက်ကပြ ဖျော်ဖြေ တင်ဆက်ကြသည်။

 


လှည့်လည်ကြည့်ရှု


ထို့နောက်   တိုင်းဒေသကြီး ဝန်ကြီးချုပ်၊   တိုင်းမှူးနှင့်   တက် ရောက်လာသူများသည်  မန္တလာ သီရိ    အားကစားကွင်းအတွင်း အခြေခံပညာ   အထက်တန်း ကျောင်းများမှ     ကျောင်းသား ကျောင်းသူများအား      ၎င်းတို့  ဝါသနာပါသည့်  တက္ကသိုလ်များသို့ မှန်ကန်စွာ ရွေးချယ်တက်ရောက် နိုင်စေရန်နှင့်   ဗဟုသုတကြွယ်ဝစေ ရန်အတွက်    တက္ကသိုလ်အသီးသီး မှ  လာရောက်ဖွင့်လှစ်ထားသည့် ပြခန်းများ၊ မြို့မတေးဂီတမဏ္ဍပ်၊ ဆေးဘက်ဆိုင်ရာ        နှီးနွှယ် တက္ကသိုလ်များမဏ္ဍပ်၊ နည်းပညာ ဆိုင်ရာ   နှီးနွှယ်တက္ကသိုလ်များ မဏ္ဍပ်၊ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များမဏ္ဍပ်၊  အခြေခံပညာမဏ္ဍပ်များ တွင်  တင်ဆက်သည့်   အငြိမ့်နှင့် ဖျော်ဖြေပွဲများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ၏  စတုဒိသာ မဏ္ဍပ်များသို့ တက်ရောက်လာကြ သည့်      ပြည်သူများနှင့်အတူ တပျော်တပါး လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း   သတင်း ရရှိသည်။         

သတင်းစဉ်