
နေပြည်တော် ဖေဖော်ဝါရီ ၁၀
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် တွင် ကျရောက်မည့် (၇၆) နှစ် မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ဝန်ကြီးဌာနအဆင့် ဆောင်းပါး၊ ပန်းချီ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ တွင် ရုံးအမှတ် (၁) နေပြည်တော်၌ ကျင်းပသည်။
အဆိုပါ ဆုချီးမြှင့်ခြင်းအခမ်း အနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အဖွင့်အမှာ စကား ပြောကြားရာ၌ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျ ရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဝန်ကြီးဌာနအဆင့် ဆောင်းပါး၊ ပန်းချီ၊ စာစီစာကုံးနှင့် ကဗျာ ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို “ ပြည်ထောင်စုအမွေ အမြဲတည်တံ့ စေ”ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကျင်းပရခြင်းဖြစ်ကြောင်း၊ ထို့ပြင် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်(၅) ရပ်နှင့်အညီ မိမိ တို့ဝန်ကြီးဌာနရှိ ဝန်ထမ်းများ အကြား ပြည်ထောင်စုစိတ်ဓာတ် ဖြင့် တက်ညီလက်ညီ လက်တွဲ ဆောင်ရွက်တတ်ရန်နှင့် မိမိတို့ ဝန်ကြီးဌာနတွင် တာဝန်ထမ်း ဆောင်လျက်ရှိသည့် တိုင်းရင်း သားဝန်ထမ်းများအကြား ရင်းနှီး ချစ်ကြည်မှု၊ စည်းလုံးညီညွတ်မှု၊ စုစည်း လုပ်ဆောင်မှုတို့ဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို အတူတကွ လက်တွဲတည်ဆောက် ရန်စသည့် ပြည်ထောင်စု စိတ်ဓာတ်များ ကိန်းအောင်း ရှင်သန်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်းနှင့် ဦးစီး ကော်မတီနှင့် လုပ်ငန်းကော်မတီ များဖွဲ့စည်းကာ ဆန်ခါတင် စိစစ် ရွေးချယ်ပြီး ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ၏ ဝန်ကြီးဌာနအဆင့် ဆောင်းပါး၊ ပန်းချီ၊ စာစီစာကုံးနှင့် ကဗျာ ပြိုင်ပွဲအတွက် ဆုပေးအပ်နိုင်ရေး စိစစ်ရွေးချယ်ရာတွင် ပြိုင်ပွဲဝင် စာမူများအနက်မှ သတ်မှတ်ထား သည့် “ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ရေးသား တင်ပြနိုင်ခြင်း၊ အချက်အလက် အကိုးအကား ခိုင်မာမှုရှိခြင်း၊ ကျစ်လျစ်စွာ ရေးဖွဲ့နိုင်မှုရှိခြင်း၊ သဒ္ဒါ၊ ဝါကျ၊ အသုံးအနှုန်းအထားအသိုမှန်ကန်ခြင်း၊ စာလုံးပေါင်းမှန် ကန်မှုရှိခြင်း၊ အရေးအသားတင် ပြပုံ ပြေပြစ်ကောင်းမွန်၍ ဆွဲဆောင်မှုရှိစွာ တင်ပြနိုင်ခြင်း တို့အပြင် နိုင်ငံတော်၏မူဝါဒနှင့် ကိုက်ညီမှုရှိ- မရှိ စသည့်အချက် များအားအခြေခံ၍ စိစစ်ရွေးချယ် ဆုပေးအပ်ခဲ့ကြောင်း သိရှိရ သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဝန်ကြီးဌာနအဆင့် ဆောင်းပါး၊ ပန်းချီ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ များတွင် ဆုရရှိခဲ့သည့် ဝန်ထမ်း များအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုရရှိသူများ ကိုယ်စား ကိုယ်စားလှယ်တစ်ဦး က ကျေးဇူးတင်စကား ပြောကြား သည်။
သတင်းစဉ်