(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

 

ရန်ကုန်   ဖေဖော်ဝါရီ   ၁၀


၂၀၂၃    ခုနှစ်   (၇၆)  နှစ်မြောက် ပြည်ထောင်စုနေ့  အထိမ်းအမှတ် ဝန်ကြီးဌာန         ပြခန်းများ၊ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြခန်း များ၊  တိုင်းရင်းသားရိုးရာ  အစား အစာနှင့်   ဒေသထွက်ကုန်ပစ္စည်း အရောင်းပြခန်းများနှင့် ဈေးရောင်း ပွဲတော်     ဖွင့်ပွဲအခမ်းအနားကို ယနေ့  နံနက်   ၈   နာရီခွဲတွင် ရန်ကုန်မြို့     ပြည်သူ့ရင်ပြင်၌ တိုင်းရင်းသားများ     စုံလင်စွာဖြင့် အထူးစည်ကား        သိုက်မြိုက်စွာ ကျင်းပသည်။ 

 


ရှေးဦးစွာ    (၇၆)   နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဝန်ကြီးဌာန          ပြခန်းများနှင့် နေပြည်တော်ကောင်စီ     နယ်မြေ အပါအဝင် ပြည်နယ်/တိုင်းဒေသ ကြီးပြခန်းများ  ဖွင့်ပွဲအခမ်းအနား ကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်း ဆွေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တို့မှ ဝန်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 


ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊     ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်    တိုင်း ဒေသကြီး     အစိုးရအဖွဲ့ဝင်ဝန်ကြီးများ က     ဝန်ကြီးဌာန    ပြခန်းတာဝန်ခံ များ၊            ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊   တိုင်းဒေသကြီး နှင့်      ပြည်နယ်ပြခန်းတာဝန်ခံ ဝန်ကြီးများကို       ဖွင့်ပွဲအမှတ်တရ လက်ဆောင်များ ပေးအပ်သည်။

 


ယင်းနောက် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို  ဂုဏ်ပြုသော အားဖြင့်    ကချင်၊  ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း  စသည့် တိုင်းရင်းသား ညီအစ်ကို မောင်နှမ များ၊    အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်    (ရန်ကုန်)၊ ပြည်ထောင်စု       တိုင်းရင်းသား လူငယ်များ     စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်   (ရန်ကုန်)    နှင့် ပညာရေး    ဒီဂရီကောလိပ်များမှ ကျောင်းသား     ကျောင်းသူများ စုပေါင်း၍  တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို    ဖော်ဆောင်သည့် “စည်းလုံးခြင်းအတွက်      သီချင်း တစ်ပုဒ်” တေးသီချင်းဖြင့် စုပေါင်း ဂုဏ်ပြုသီဆိုဖျော်ဖြေကြသည်။ 

 


ဆက်လက်၍    ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန် ရှိသူတို့သည် ဝန်ကြီးဌာနအသီးသီး မှ ပြခန်း ၂၅ ခန်း၊   ပြည်ထောင်စု နယ်မြေ (နေပြည်တော်) အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်     ပြခန်း ၁၅  ခန်း၊   ပြည်ထောင်စု နယ်မြေ   (နေပြည်တော်)၊   တိုင်း ဒေသကြီးနှင့်       ပြည်နယ်တို့မှ တိုင်းရင်းသားရိုးရာ    အစားအစာ နှင့်           ဒေသထွက်ကုန်ပစ္စည်း အရောင်းပြခန်း ၁၅ ခန်း  စုစုပေါင်း ဖွင့်လှစ်ပြသထားသည့်   ဆိုင်ခန်း ပေါင်း ၃၈၅ ခန်းတို့ကို  လှည့်လည် ကြည့်ရှုအားပေးကြသည်။

 


ထို့နောက်     ပြည်သူ့ရင်ပြင် ရေပန်းအနီးတွင်  (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့  အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး  စက်မှုဇုန် ၂၉ ဇုန်အပါအဝင်  တိုင်းဒေသကြီး နှင့်  ပြည်နယ်များမှ  အသေးစား၊ အငယ်စား၊  အလတ်စားထုတ်ကုန် ပစ္စည်းပြခန်းများနှင့်    ဈေးရောင်း ပွဲတော်ဖွင့်ပွဲ      အခမ်းအနားကို ကျင်းပရာ         ရန်ကုန်မြို့တော် စည်ပင်သာယာရေး       ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်)   ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး     စီးပွား ရေးရာဝန်ကြီး       ဦးမျိုးမြင့်အောင်၊ တိုင်းဒေသကြီးနှင့်          ပြည်နယ် ကိုယ်စားပြုဝန်ကြီးများ၊   ရန်ကုန် တိုင်းဒေသကြီး  စက်မှုဇုန် ၂၉ ဇုန် မှ    စက်မှုဇုန်ကော်မတီဝင်ဥက္ကဋ္ဌ များက ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။

 


ယင်းနောက် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား ညီအစ်ကိုမောင်နှမ များက “ထာဝရသစ္စာ” တေးသီချင်း ဖြင့် ဂုဏ်ပြုဖျော်ဖြေကြသည်။ 

 


(၇၆) နှစ်မြောက် ပြည်ထောင်စု နေ့အထိမ်းအမှတ်  ပြခန်းများနှင့် ဈေးရောင်းပွဲတော်ကို     ယနေ့မှ ဖေဖော်ဝါရီ ၁၄ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ည ၁၀ နာရီအထိ ခင်းကျင်း       ပြသသွားမည်ဖြစ်ပြီး ပွဲတော်ရက်အတွင်း    တိုင်းရင်း သားရိုးရာ  အကများ၊    ရုပ်ရှင်နှင့် ဂီတမှအနုပညာရှင်များက ဖျော်ဖြေ တင်ဆက်ကာ   ညပိုင်း၌    မီးရှူး မီးပန်းများ            ပစ်ဖောက်၍ ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသွား မည်ဖြစ်ရာ         အများပြည်သူ လာရောက်    ကြည့်ရှုလေ့လာနိုင် ကြောင်း သိရသည်။  

သတင်းစဉ်