(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့၊ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကျင်းပမှု တိုက်ရိုက်ထုတ်လွှင့်မည်

 

နေပြည်တော်   ဇန်နဝါရီ    ၂
၂၀၂၄ ခုနှစ်၊  (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့၊  နိုင်ငံတော်အလံ  အလေးပြုပွဲ အခမ်းအနားကို ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမရှေ့ရင်ပြင်၌ ကျင်းပမည် ဖြစ်သည်။
အဆိုပါအခမ်းအနားကျင်းပပုံများကို ယင်းနေ့ နံနက် ၆ နာရီခွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV– HD Channel ၊ MRTV-News Channel ၊ MRTV-NRC ၊  MRTV Farmers’ ၊ MRTV Sports နှင့်  MRTV Parliament Channel ၊ MITV Channel ၊ MWD HD Channel ၊ MWD Variety HD Channel ၊ Channel Light Channel ၊ Readers’ Channel ၊  5 plus Channel ၊ Sky Net Up to Date ၊ Sky Net  တိုင်းရင်းသား Channel ၊ MRTV  Website ၊ မြန်မာ့အသံ ရေဒီယို၊ ပတ္တမြား FM၊ ချယ်ရီ FM၊ FM ပုဂံ၊ မန္တလေး FM ၊ ပဉ္စဝတီ FM ၊ ရွှေ FM ၊ သဇင် FM နှင့် Star  FM  တို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမည်ဖြစ် ကြောင်း မိဘပြည်သူများအား လေးစားစွာ ကြိုတင်အသိပေးအပ်ပါသည်။                     သတင်းစဉ်