
နေပြည်တော် ဇန်နဝါရီ ၇
ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်သော (၇၅) နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် တိုင်းစစ် ဌာနချုပ်နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၌ မီးဖွားလူနာ ပြည်သူ ၂၆ ဦးနှင့် တပ်မတော်သား မိသားစုဝင် ၁၄ ဦး စုစုပေါင်း ၄၀ တို့၏ ကလေးငယ် များကို အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့သည်။
တပ်မတော်ဆေးရုံများ၌ မွေးဖွားခဲ့သည့် ကလေး ငယ်များနှင့် မိခင်များကို (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှတို့က ကလေးငယ်တစ်ဦး လျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့ သည်။
အဆိုပါ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်