
ပဲခူး ဖေဖော်ဝါရီ ၆
(၇၅)နှစ်မြောက် ပြည်ထောင်စု နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးငြှိမ်းသတ်ယာဉ်များ လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံး၌ ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မီးငြှိမ်းသတ်ယာဉ် လေးစီးနှင့် မီးသတ်ရေသယ်ယာဉ် တစ်စီးကို ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီး ဌာန ညွှန်ကြားရေးမှူးထံ လွှဲပြောင်း ပေးအပ်ပြီး မီးငြှိမ်းသတ်ယာဉ် များကို ကြည့်ရှုစစ်ဆေးသည်။
မှာကြား
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မီးသတ်စခန်းများ တွင် လူအသင့်၊ ယာဉ်/ စက်အသင့်၊ ဆီအသင့်၊ ရေအသင့်ရှိရန် လိုအပ် သကဲ့သို့ မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန် ငြှိမ်းသတ်နိုင်ရေး ဇာတ်တိုက် လေ့ကျင့်ခြင်းများ စဉ်ဆက်မပြတ်လေ့ကျင့်နေရန် လိုအပ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင် များကိုလည်း နည်းပညာများနှင့် ကျွမ်းကျင်မှုရှိအောင် စွမ်းဆောင် ရည်မြှင့်တင်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်းနှင့် ရေရှည်အသုံး ပြုနိုင်ရေး စနစ်တကျကိုင်တွယ်ထိန်းသိမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မှာကြားပြီး လွှဲပြောင်းပေးအပ်ခဲ့သည့် မီးငြှိမ်း သတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်မှု သရုပ်ပြခြင်းကို ကြည့်ရှုသည်။
အဆိုပါ မီးငြှိမ်းသတ်ယာဉ် လေးစီးနှင့် မီးသတ်ရေသယ်ယာဉ် တစ်စီးကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံ ငွေကျပ် ၃၁၁ ဒသမ ၈၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်