(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ် တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပမည်

 

ရန်ကုန်   ဇန်နဝါရီ   ၁၄

 


အားကစားနှင့်      လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ  ဂေါက်သီးအဖွဲ့ချုပ်တို့ကြီးမှူး၍ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဂေါက်သီး ရိုက်ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ   မြို့တော်ဂေါက်ကွင်း (ငွေသော်တာ) တွင်   ဖေဖော်ဝါရီ   ၉ ရက်မှ   ၁၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။

 


ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး အသင်း လိုက် (အကျောမဲ့၊ အကျောပေး) ပြိုင်ပွဲနှင့် တစ်ဦးချင်း (အကျောမဲ့၊ အကျောပေး)အဆင့် ပြိုင်ပွဲများပါဝင်ပြီး   စိန့်အင်ဒရူး  ဂေါက်သီး စည်းမျဉ်းများနှင့် ဒေသန္တရစည်းမျဉ်းများ အတိုင်း ကျင်းပမည်ဖြစ်သည်။ ယခုပြိုင်ပွဲတွင် အသက်ကန့်သတ်ချက်မရှိဘဲ   ဝါသနာရှင် အဆင့် ကစားသမားများဝင်ရောက်ယှဉ်ပြိုင် နိုင်မည်ဖြစ်သည်။  သို့သော်   မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် နိုင်ငံတကာဂေါက်သီးရိုက် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ဖူးသည့် လက်ရွေးစင်ကစားသမားများ ယှဉ်ပြိုင်ခွင့်မရှိ ကြောင်း သိရသည်။ ပြိုင်ပွဲဝင်လိုသူများသည် သက်ဆိုင်ရာ   တိုင်းဒေသကြီး/ ပြည်နယ် အား/ကာ၏ အတည်ပြုချက်နှင့်အတူ ဖေဖော်ဝါရီ ၃ ရက်နောက်ဆုံးထား၍ စာရင်းပေးသွင်းရမည် ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်အနေဖြင့် (က)၊ (ခ) နှစ်သင်း ယှဉ်ပြိုင်ခွင့်ရှိမည်ဖြစ်သည်။

 


အဆိုပါပြိုင်ပွဲ၏     အသင်းခေါင်းဆောင် များနှင့် ပြိုင်ပွဲကျင်းပရေးကော်မတီ အစည်း အဝေးကို ဖေဖော်ဝါရီ ၇ ရက် (တနင်္လာနေ့) နံနက် ၁၀   နာရီတွင်   မြို့တော်ဂေါက်ကွင်း (ငွေသော်တာ)အစည်းအဝေးခန်းမတွင် ကျင်းပ မည်ဖြစ်ပြီး ပြိုင်ပွဲနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက     ဖုန်း  (ဦးထွန်းကျော်    ၀၉-၅၁၉၃၄၂၃၊   ဦးဝင်းဇော်   ၀၉-၂၅၄၂၂၅၀၇၀၊ ဒေါ်မေသူစိုး ၀၉-၇၇၉၈၄၆၇၆၁)တို့ထံ စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။    

 

ကိုညီလေး