(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသင်းလိုက် တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပ

 

ရန်ကုန်   ဖေဖော်ဝါရီ   ၁၀


အားကစားနှင့်         လူငယ်ရေးရာ ဝန်ကြီးဌာန မြန်မာနိုင်ငံ ဂေါက်သီး အဖွဲ့ချုပ်တို့က ကြီးမှူး၍ (၇၅)နှစ် မြောက်        ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းလိုက် ဂေါက်သီး ရိုက်ပြိုင်ပွဲ  ဖွင့်ပွဲနှင့် ပထမနေ့ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ မြို့တော်ဂေါက်ကွင်း (ငွေသော်တာ) ၌ကျင်းပရာ    ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ်       ဦးစိုးသိန်း၊  ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊  ရန်ကုန် မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် ရန်ကုန် တိုင်းဒေသကြီး       ဝန်ကြီးများ၊  တာဝန်ရှိသူများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန    အား ကစားနှင့် ကာယပညာဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့် ဦး၊ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးနှင့်    တာဝန် ရှိသူများ၊   ဖိတ်ကြားထားသော   ဧည့်သည်တော်များ၊    ပြိုင်ပွဲဝင် အသင်းများမှ တာဝန်ရှိသူများနှင့်    အားကစားသမားများ တက်ရောက် ကြသည်။

 


ဖွင့်ပွဲအခမ်းအနားတွင် ပြိုင်ပွဲ ဝင် အားကစားသမားများ သတ်မှတ် နေရာများတွင် အသီးသီး  နေရာ ယူကြပြီး    အားကစားအဓိဋ္ဌာန် လေးချက်ကို     ရွတ်ဆိုကြသည်။ ယင်းနောက်      တိုင်းဒေသကြီး ဝန်ကြီးချုပ်၊   ရန်ကုန်တိုင်းစစ်ဌာန ချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ က    အားကစားသမားများအား    ရင်းရင်းနှီးနှီး  လိုက်လံနှုတ်ဆက် သည်။   

 


ဆက်လက်၍ တိုင်းဒေသကြီး    ဝန်ကြီးချုပ်၊ တိုင်းမှူး၊ အားကစား နှင့် ကာယပညာဦးစီးဌာန  ညွှန် ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်      ဥက္ကဋ္ဌတို့က အလှည့်ကျ          ဂေါက်သီးရိုက်၍ ဖွင့်လှစ်ပေးပြီး ပထမနေ့ ၁၈ကျင်း ပြိုင်ပွဲကို စတင်ယှဉ်ပြိုင်သည်။

 


ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုး သမီး  အသင်းလိုက်(အကျောမဲ့၊ အကျောပေး)ပြိုင်ပွဲနှင့် တစ်ဦးချင်း   (အကျောမဲ့၊ အကျောပေး)အဆင့် ပြိုင်ပွဲများပါဝင်ပြီး တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၅ သင်းမှ အမျိုး သား ၁၀၈ ဦးနှင့် အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၁၂၉ ဦး ဝင်ရောက်       ယှဉ်ပြိုင်ကြသည်။        ပြိုင်ပွဲကို ဖေဖော်ဝါရီ  ၁၁ ရက်အထိ ကျင်းပ သွားမည်ဖြစ်သည်။


ကိုညီလေး
 ဓာတ်ပုံ-ဂေါက်သီးအဖွဲ့ချုပ်