(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  Solar Mini Grid မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကျင်းပ

 

ဟင်္သာတ   ဇန်နဝါရီ   ၂၃

 


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်   အဖွဲ့သည်  ယနေ့နံနက် ၁၀ နာရီခွဲက ဟင်္သာတမြို့နယ်   ပဲကြီး ကျွန်းကျေးရွာရှိ    တောင်သူ ဦးသိန်းစိုး ပိုင်ဆိုင်သော ကိုင်းကွင်းအတွင်း ကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို  ကြိုဆိုဂုဏ်ပြုသော အားဖြင့်  Solar  Mini Grid မီးလင်းရေးဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက်သည်။

 


ဖွင့်ပွဲအခမ်းအနားတွင်     ပြည်ထောင်စုဝန်ကြီး နှင့်  တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က  အမှာစကား ပြောကြားပြီးနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP- Mini Grid) လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခြင်း၊  Mega Global Green Automation Co.,Ltd(MGGA)မှ Project  မန်နေဂျာ ဦးထွန်းဦးကျော်က ပဲကြီးကျွန်းကျေးရွာ  Solar Mini Grid မီးလင်းရေး ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီးနောက်  ကျေးရွာနေ    ပြည်သူလူထု ကိုယ်စား  မီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 


အခမ်းအနား ဒုတိယပိုင်းတွင်  Solar Mini Grid မီးလင်းရေးမုခ်ဦးအား ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တိုင်းဒေသကြီး    ဝန်ကြီးချုပ်   ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး    လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး   တင်ဇော်ထွန်း၊   အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် Project  မန်နေဂျာ ဦးထွန်းဦးကျော် တို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အမှတ်တရ     စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ပြည်ထောင်စု ဝန်ကြီးနှင့်  တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က Mini Grid   လုပ်ငန်း    ကမ္ပည်းမော်ကွန်းကြေးပြားအား  စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခြင်း၊ အမွှေးနံ့သာရည် များ ပက်ဖျန်းပေးကြပြီးနောက် Mini Grid မီးလင်း ရေး ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ  ပေါင်းစပ်ဖြည့်ဆည်း ပေးကြသည်။

 


အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊     လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော် ထွန်း၊ ခရိုင်/မြို့နယ်အဆင့်  စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 


ယနေ့ဖွင့်လှစ်ပေးခဲ့သည့်    Solar  Mini  Grid မီးလင်းရေးလုပ်ငန်းစဉ်ကို  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် ရန်ကုန်မြို့ Mega Global Green Automation Co.,Ltd(MGGA)၏ Project  မန်နေဂျာ ဦးထွန်းဦး ကျော်က ဦးဆောင်၍  ၁-၉-၂၀၂၀ ရက်မှ ၆-၉-၂၀၂၁ ရက်အထိ တာဝန်ယူလုပ်ဆောင်ခဲ့ပြီး အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP-Mini Grid)မှ ငွေကျပ်   ၇၄၀ ဒသမ ၇ သန်း၊  ဒေသခံပြည်သူ ထည့်ဝင်ငွေကျပ် ၂၆၄ ဒသမ ၉ သန်း ရင်းနှီးမြှုပ်နှံသည့် Mega Global Green Automation Co.,Ltd (MGGA)မှ ငွေကျပ် ၂၆၄ ဒသမ ၉ သန်း စုစုပေါင်း ငွေကျပ် ၁၂၃၄ ဒသမ ၅ သန်း ကုန်ကျခဲ့ကြောင်း၊ ပဲကြီးကျွန်း ကျေးရွာတွင် အိမ်ခြေ ၄၉၀၊ အိမ်ထောင်စု ၅၀၀၊ လူဦးရေ အမျိုးသား ၈၈၄ ဦး၊ အမျိုးသမီး ၁၀၂၁ ဦး တို့ရှိပြီး ယခုအချိန်တွင် ဆိုလာ-ဒီဇယ်ပေါင်းစပ် စနစ်ဖြင့်  ၁၃၂ ကီလိုဝပ်ထိ    ထုတ်ယူသုံးစွဲနိုင်ပြီး ပြည်သူအသုံးပြု    အဆောက်အအုံများဖြစ်သော (အထက)ပဲကြီးကျွန်း၊ ပညာသာရဘုန်းကြီးကျောင်း၊ မုန်တိုင်းဒဏ်ခံအဆောက်အအုံ၊ ပဲကြီးကျွန်းကျေးရွာ  စာကြည့်တိုက်၊ ပဲကြီးကျွန်းကျေးရွာ  ကျေးလက် ကျန်းမာရေးဌာနခွဲ အဆောက်အအုံ၊ လမ်းမီးတိုင် ၁၈၂ တိုင်နှင့် အိမ်ခြေ ၂၉၅ လုံးတို့ကို အချိန်ပြည့် လျှပ်စစ်မီး စတင်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။    

                             

ကိုဇော် - ဟင်္သာတ