(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 

တောင်ငူမြို့  ဖေဖော်ဝါရီ  ၁၁ 


(၇၅)    နှစ်မြောက်    စိန်ရတု ပြည်ထောင်စုနေ့  အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် စာစီစာကုံး၊ ကဗျာနှင့်    ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ      အခမ်းအနားကို တောင်ငူတက္ကသိုလ်၌  ဖေဖော်ဝါရီ ၁၀ ရက်က  ကျင်းပရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ်(ကိုယ်စား) တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး   ဦးတင်ဦး၊  လူမှုရေးရာ ဝန်ကြီး   ဦးအောင်မင်း၊   ဌာန ဆိုင်ရာမှ တာဝန်ရှိသူများ၊ ပြည် တက္ကသိုလ်၊     ပဲခူးတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)၊ နည်းပညာတက္ကသိုလ်(တောင်ငူ)နှင့်       တောင်ငူပညာရေးဒီဂရီ ကောလိပ်တို့မှ   ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ကျောင်းအုပ် ကြီးများနှင့် တောင်ငူတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခ ချုပ်များ၊ ဆရာ ဆရာမများနှင့် ဆုရကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 


အခမ်းအနားတွင် တိုင်းဒေသ ကြီး သယံဇာတရေးရာဝန်ကြီးက   အမှာစကားပြောကြားပြီး   ဆုရ ကျောင်းသား    ကျောင်းသူများ အား တာဝန်ရှိသူများက ဂုဏ်ပြု ဆုငွေများ  ပေးအပ်ချီးမြှင့်ခဲ့ကာ တောင်ငူတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်(တောင်ငူ)၊ နည်းပညာ တက္ကသိုလ်       (တောင်ငူ)နှင့်     တောင်ငူပညာရေးဒီဂရီကောလိပ် တို့အတွက်   အားကစားပစ္စည်း များကိုလည်း    ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။ 


မြန်မာ့အလင်း