
ဘားအံ ဇန်နဝါရီ ၂၉
စက်ဘီး အားကစားနည်းကို လေ့လာလိုက်စားခြင်းအားဖြင့် ကျန်းမာကြံ့ခိုင် သန်စွမ်းသော လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ပေါက်လာစေရေး၊ ကရင် ပြည်နယ်ကိုယ်စားပြု မျိုးဆက် သစ် စက်ဘီးအားကစားသမား များ ပေါ်ထွန်းလာစေရေးနှင့် ဒေသ၏ တည်ငြိမ်အေးချမ်းမှုကိုပေါ်လွင်စေပြီး ကိုဗစ်အလွန် ကာလတွင် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းကဏ္ဍ ပြန်လည်ဦးမော့ လာ စေရေးအတွက် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား အမျိုး သမီး အလွတ်တန်းတာဝေး စက်ဘီးစီးပြိုင်ပွဲကို ဇန်နဝါရီ ၂၉ ရက် နံနက် ၆ နာရီခန့်က ဘားအံ မြို့ သီရိကွင်းမုခ်ဦးရှေ့၌ ကျင်းပ သည်။
အဆိုပါ စက်ဘီးစီးပြိုင်ပွဲသို့ စက်ဘီးအားကစားသမား အမျိုး သား ၄၆ ဦး၊ အမျိုးသမီး ၄၀ စုစု ပေါင်း ၈၆ ဦး ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြပြီး ကရင်ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦးက သီရိကွင်း မုခ်ဦးရှေ့မှ သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့ရာ သီရိလမ်း၊ ဆေးရုံလမ်း၊ တန်းမြင့်ကျောင်း လမ်း၊ ဗိုလ်ချုပ်လမ်း၊ အဓိပတိလမ်း၊ သိမ်တော်ကြီးလမ်း၊ ကြာအင်း လမ်းမှတစ်ဆင့် ဘားအံ-ပိုင်ရမ်း လမ်းအတိုင်း ရဲသာရွာသစ်၊ ကမော့ ကစင်၊ တော်ပုံကျေးရွာတို့ကို ဖြတ် သန်း၍ ကော့ကျိုက်-တော်ပုံလမ်း၊ ဘားအံ-ထုံးအိုင်လမ်း၊ ကမ်းနား လမ်း၊ ဘီအိုစီကွေ့မှတစ်ဆင့် မင်းတန်းလမ်း၊ ဗိုလ်ချုပ်လမ်း၊ နာရီစင်မီးပွိုင့်မှ တန်းမြင့်ကျောင်း လမ်း၊ ဆေးရုံလမ်း၊ သီရိလမ်းမှ တစ်ဆင့် စတင်တာလွှတ်ရာ သီရိ ကွင်းမုခ်ဦးရှေ့(မိုင်-၂၀)၌ ပြန်လည် ပန်းဝင်ကြရာ ပြည်နယ်ဝန်ကြီး ချုပ် ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီး ချုပ်ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် အားကစားဝါသနာ ရှင်များက ကြည့်ရှုအားပေးကြ သည်။
ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့်တာဝန်ရှိသူများက ပြန်လည်ပန်းဝင်သည့် စက်ဘီး အားကစားသမားများအား ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
အလားတူ ကရင်ပြည်နယ်၏ မြို့တော် ဘားအံမြို့အား သန့်ရှင်း သပ်ရပ်သော အစိမ်းရောင်မြို့တော် ဖြစ်စေရေးအတွက် ပြည်သူနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်း အမှိုက်ကောက်ပွဲကို ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ မှ ဦးဆောင်ကျင်းပခဲ့ရာ ဌာန ဆိုင်ရာဝန်ထမ်း ၂၀၁၀ နှင့် ဒေသခံ ပြည်သူများပူးပေါင်း၍ ဘားအံ မြို့ပေါ် စုရပ်နေရာ ၁၃ နေရာတွင် စုပေါင်းအမှိုက်ကောက် သန့်ရှင်း ရေး ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီး ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးကြ သည်။
ထို့အတူ ဘားအံမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း ငါးကျောင်းနှင့် အထက်တန်း ကျောင်း(ခွဲ) သုံးကျောင်းတို့မှ စုစု ပေါင်း ကျောင်းသား ကျောင်းသူ ၃၃၉၉ ဦးတို့ကလည်း ကျောင်းဝင်း အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။
စောမျိုးမင်းသိန်း
(ပြန်/ဆက်)