(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား အမျိုးသမီး မြို့ပတ်တာဝေးအပြေးပြိုင်ပွဲကျင်းပ

 

ဘားအံ   ဇန်နဝါရီ   ၂၂


၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်း အမှတ် အမျိုးသား အမျိုးသမီး မြို့ပတ်တာဝေးအပြေးပြိုင်ပွဲကို ဇန်နဝါရီ ၂၂ ရက် နံနက် ၆ နာရီခန့်က ဘားအံမြို့ အမှတ်(၄)ရပ်ကွက် သီရိကွင်းမှစ၍ တာလွှတ်သည်။

 


အဆိုပါ မြို့ပတ်တာဝေးအပြေးပြိုင်ပွဲသို့ ဘားအံ မြို့နှင့်ပတ်ဝန်းကျင်ဒေသများမှ အမျိုးသား ၁၉၇ ဦး၊ အမျိုးသမီး ၁၁၅ ဦး    ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကရင်ပြည်နယ်      ဝန်ကြီးချုပ်      ဦးစောမြင့်ဦးက    သီရိကွင်းမုခ်ဦးရှေ့၌  သေနတ်ပစ်ဖောက် တာလွှတ် ပေးခဲ့သည်။

 


မြို့ပတ်တာဝေး    အမျိုးသမီးအပြေးပြိုင်ပွဲကို သီရိကွင်းရှေ့ မုခ်ဦးမှ စတင်တာလွှတ်ခဲ့ပြီး သီရိလမ်း၊ ဆေးရုံလမ်း၊ တန်းမြင့်ကျောင်းလမ်း၊ ဗိုလ်ချုပ်လမ်း၊ အဓိပတိလမ်း၊    ခွဲကဘောင်လမ်း၊     အထက(၄)ကျောင်းလမ်းမှတစ်ဆင့် သီရိလမ်းအတိုင်း သီရိကွင်း ရှေ့မုခ်ဦး  ၇ ဒသမ ၅ ကီလိုမီတာ၌ ပြန်လည်ပန်းဝင် ကြသည်။ အမျိုးသားပြိုင်ပွဲကို သီရိကွင်းရှေ့မုခ်ဦးမှ စတင်တာလွှတ်၍ သီရိလမ်း၊ ဆေးရုံလမ်း၊ တန်းမြင့် ကျောင်းလမ်း၊     ဗိုလ်ချုပ်လမ်း၊    အဓိပတိလမ်း၊ ခွဲကဘောင်လမ်း၊ ထ(၄)ကျောင်းလမ်း၊ သုဓနုလမ်း၊ ခရေလမ်းမှတစ်ဆင့်  သီရိလမ်းအတိုင်း သီရိကွင်း ရှေ့မုခ်ဦး  ၉ ဒသမ ၀ ကီလိုမီတာ၌ ပြန်လည်ပန်းဝင် ကြရာ   ပြည်နယ်ဝန်ကြီးချုပ်၊   ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊     ပြည်နယ်အစိုးရ အဖွဲ့ဝင်    ဝန်ကြီးများနှင့်   ဌာနဆိုင်ရာ   တာဝန်ရှိ သူများက ကြည့်ရှုအားပေးသည်။

 


ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ ဆုရှိသူများအား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်    ဦးသိန်းကိုကိုနှင့်   တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက်  အမျိုးသားပြိုင်ပွဲတွင်  ဆုရရှိသော အားကစားသမားများအား ဆုများဆက်လက်ပေးအပ် ချီးမြှင့်ရာ  ပြည်နယ်ဝန်ကြီးချုပ်၊  ပြည်နယ်ဝန်ကြီး များက ပဉ္စမဆုမှ ပထမဆုအထိ ရရှိသူများကိုငွေသား ဆုနှင့်    ဆုဖလားများ    ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

 

  စောမျိုးမင်းသိန်း(ပြန်/ဆက်)