(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

 

မကွေး   ဇန်နဝါရီ   ၁၃


မကွေးတိုင်း   ဒေသကြီးအတွင်း (၇၅)နှစ်မြောက်       စိန်ရတု ပြည်ထောင်စုနေ့   အခမ်းအနား အောင်မြင်စွာ     ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၁၂ ရက်က တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးတင့်လွင်  တက် ရောက်သည်။ 

 


လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား        အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်    အစည်း အဝေး   တက်ရောက်လာသူများ အနေဖြင့် ဝိုင်းဝန်းအကြံပြုကြစေလိုကြောင်း၊    ပြည်ထောင်စုနေ့ အခမ်းအနားတွင်     ပြခန်းများ ခင်းကျင်းပြသရာ၌  ပြည်သူများ စိတ်ဝင်စားပြီး ဗဟုသုတရစေမည့် ပြခန်းများနှင့် မိမိတို့ တိုင်းဒေသ ကြီးအတွင်းရှိ    တိုင်းရင်းသား ပြည်သူများ၏   ရိုးရာယဉ်ကျေးမှု များ၊ ဓလေ့ထုံးတမ်းများကို ပါဝင် ပြသစေလိုကြောင်းနှင့်     ဌာန ဆိုင်ရာ    တာဝန်ရှိသူများအနေ ဖြင့်   (၇၅)နှစ်မြောက်     စိန်ရတု ပြည်ထောင်စုနေ့   အခမ်းအနား အောင်မြင်စွာ       ကျင်းပနိုင်ရေး အတွက် ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်စေလိုကြောင်း       ပြောကြား သည်။ 

 


ဆက်လက်၍   တိုင်းဒေသကြီး ပြည်ထောင်စုနေ့    အခမ်းအနား ကျင်းပရေး       ကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးကြီး ကျော်ကျော်လင်းက ပြည်ထောင်စုနေ့   အခမ်းအနား အောင်မြင်စွာ    ကျင်းပနိုင်ရေး အတွက်  ကော်မတီများ   ဖွဲ့စည်း ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းဆွေးနွေးသည်။ 

 


ထို့နောက် အခမ်းအနားတက် ရောက်လာကြသည့်   ကော်မတီ အဖွဲ့ဝင်များနှင့်    ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့လုပ်ငန်း ကော်မတီအလိုက်    လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေ များနှင့်    ဆက်လက်ဆောင်ရွက် မည့်       လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြကြရာ တိုင်း‌ဒေသ ကြီးဝန်ကြီးချုပ်က လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးကြောင်း သိရသည်။ 


ကိုစည်သူ(မကွေး)