(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကျင်းပမည့် နေပြည်တော်နှင့် မြန်မာနိုင်ငံတစ်ဝန်း၌ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်

နေပြည်တော်    ဖေဖော်ဝါရီ   ၇


ဖေဖော်ဝါရီ   ၁၂   ရက်တွင်  ကျရောက်မည့်  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်း အနားကို ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် မြန်မာနိုင်ငံတစ်ဝန်း၌  ခမ်းနားထည်ဝါစွာ  ကျင်းပ သွားမည်ဖြစ်သည်။


အလှဆင်ထား


အဆိုပါအခမ်းအနားအတွက်  ကြိုတင်ပြင်ဆင်မှု များအဖြစ် နေပြည်တော်ရှိ လူစည်ကားရာ  လမ်းဆုံ များတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့  ဂုဏ်ပြုဆိုင်းဘုတ်များစိုက်ထူခြင်း၊   ပြည်ထောင်စု  အလံတော် သယ်ဆောင်လာမည့်      ရာဇသင်္ဂဟလမ်း တစ်လျှောက်တွင်      မြန်မာနိုင်ငံတော်အလံနှင့် တိုင်းဒေသကြီး/ပြည်နယ်များ၏ အထိမ်းအမှတ်ပါ အလံများ     စိုက်ထူထားခြင်းနှင့်   ယင်းလမ်း တစ်လျှောက်ရှိ    အဝိုင်းများတွင်  လျှပ်စစ်မီးရောင်များ     ထွန်းညှိထားမှုများ၊  တိုင်းရင်းသားရုပ်ပုံကားချပ် များဖြင့် အလှဆင်ထားရှိသည်။


အလားတူ         ရန်ကုန်တိုင်းဒေသကြီး  ကျောက်တံတားမြို့နယ်ရှိ   ရန်ကုန်မြို့တော်ခန်းမ၌ ဆိုင်းဘုတ်များ ဂုဏ်ပြုစိုက်ထူထားခြင်း၊   မဟာဗန္ဓုလ ပန်းခြံအတွင်း ရောင်စုံအလှမီးများ ထွန်းညှိပြင်ဆင် ထားခြင်း၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ဥယျာဉ်၌ ရောင်စုံ အလှမီးများပြင်ဆင်၍ ဂုဏ်ပြုဆိုင်းဘုတ်  စိုက်ထူ ထားခြင်း၊      ဦးဝိစာရအဝိုင်း၊  ဗဟန်းမြို့နယ် ဦးထောင်ဘိုအဝိုင်းနှင့် စမ်းချောင်းမြို့နယ် ဟံသာဝတီ အဝိုင်းတို့၌ ရောင်စုံမီးအလှများ ဆင်ယင်ထားခြင်းနှင့်  ဆိုင်းဘုတ်များ    ဂုဏ်ပြုစိုက်ထူထားခြင်းများဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြသည်။ 


ကြိုတင်ပြင်ဆင်လျက်ရှိ


အလားတူ အခြားပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင်လည်း  (၇၅)  နှစ်မြောက်  စိန်ရတု ပြည်ထောင်စုနေ့ကို   ကြိုဆိုသည့်အနေဖြင့် ကြိုတင် ပြင်ဆင်မှုများ  ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။


သတင်းစဉ်