(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကျင်းပမည့် နေပြည်တော်နှင့် မြန်မာနိုင်ငံအဝန်း၌ ကြိုတင်ပြင်ဆင်မှုများပြုလုပ်

 

နေပြည်တော် ဖေဖော်ဝါရီ  ၉


(၇၅)    နှစ်မြောက်    စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို ပြည်ထောင်စုနယ်မြေ   နေပြည် တော်နှင့်    မြန်မာနိုင်ငံအဝန်း၌ ခမ်းနားထည်ဝါစွာ   ကျင်းပသွား မည်ဖြစ်သည်။

 


အလှဆင်ထား


အဆိုပါ အခမ်းအနားအတွက် ကြိုတင်    ပြင်ဆင်မှုများအဖြစ် နေပြည်တော်ရှိ   လူစည်ကားရာ လမ်းဆုံများတွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြု ဆိုင်းဘုတ်များ    စိုက်ထူခြင်း၊ ပြည်ထောင်စုအလံတော်   သယ် ဆောင်လာမည့် ရာဇသင်္ဂဟလမ်း တစ်လျှောက်တွင်    မြန်မာနိုင်ငံ တော်  အလံနှင့် တိုင်းဒေသကြီး/ပြည်နယ်များ၏ အထိမ်းအမှတ်ပါ အလံများ    စိုက်ထူထားခြင်း (အောက်ဝဲပုံ)နှင့်      ယင်းလမ်း တစ်လျှောက်ရှိ  အဝိုင်းများတွင်   လျှပ်စစ်မီးရောင်များ    ထွန်းညှိ ထားမှုများ၊  တိုင်းရင်းသားရုပ်ပုံ ကားချပ်များဖြင့်  အလှဆင်ထားရှိ သည်။

 


အလားတူ ရန်ကုန်တိုင်းဒေသ ကြီး   ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်မြို့တော်ခန်းမ၌ ဆိုင်းဘုတ် များ    ဂုဏ်ပြုစိုက်ထူထားခြင်း၊  မဟာဗန္ဓုလပန်းခြံအတွင်း ရောင်စုံ အလှမီးများ ထွန်းညှိပြင်ဆင်ထား ခြင်း၊  ဒဂုံမြို့နယ်ရှိ ပြည်သူ့ဥယျာဉ် ၌  ရောင်စုံအလှမီးများပြင်ဆင်၍      ဂုဏ်ပြုဆိုင်းဘုတ်   စိုက်ထူထား ခြင်း ၊  ဦးဝိစာရ အဝိုင်း၊ ဗဟန်းမြို့နယ် ဦးထောင်ဘို အဝိုင်းနှင့်   စမ်းချောင်းမြို့နယ်  ဟံသာဝတီအဝိုင်းတို့၌      ရောင်စုံ မီးအလှများ  ဆင်ယင်ထားခြင်းနှင့် ဆိုင်းဘုတ်များ   ဂုဏ်ပြုစိုက်ထူ ထားခြင်းများဖြင့် ကြိုတင်ပြင်ဆင် မှုများ   ဆောင်ရွက်ထားကြသည်။ 

 


ထို့အတူ မန္တလေးမြို့ ကျုံး အတွင်း ရေပန်းများဖွင့်လှစ်ခြင်း၊ နန်းမြို့ရိုးတစ်လျှောက်ရှိ တံတိုင်း များ၊  ကျုံးပတ်လမ်းရှိ   ရတနာပုံ ဥယျာဉ်လမ်း     တစ်လျှောက်နှင့် မန္တလေးမြို့တော်စည်ပင်သာယာ ရေး ရုံးတို့၌လည်း ရောင်စုံမီးများ ထွန်းညှိခြင်းများ ဆောင်ရွက်ထား ကြောင်း သိရှိရသည်။

 


 ကြိုတင်ပြင်ဆင်ဆောင်ရွက်


ထို့ပြင်   အခြားပြည်နယ်နှင့် တိုင်းဒေသကြီး     အသီးသီးတွင် လည်း (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသည့် အနေဖြင့်       ကြိုတင်ပြင်ဆင်မှု များ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။      

သတင်းစဉ်