(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုက်လတ်မြို့ ပြည်သူ့ဆေးရုံ၏ တိုးချဲ့နှစ်ထပ်ကုသဆောင်သစ် ဖွင့်ပွဲကျင်းပ

 

ရန်ကုန် ဒီဇင်ဘာ ၁၆


(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ကို       ကြိုဆိုဂုဏ်ပြုသော အားဖြင့်  ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့ ပြည်သူ့ဆေးရုံ၏ တိုးချဲ့   နှစ်ထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို           ယနေ့ နံနက်ပိုင်းတွင်    အဆိုပါဆေးရုံ၌ ကျင်းပသည်။ 

 


အခမ်းအနားသို့ ကျန်းမာရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဧရာဝတီ တိုင်းဒေသကြီး     ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊    လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊   လမ်းပန်းဆက်သွယ် ရေးဝန်ကြီး    ရဲမှူးကြီး  တင်ဇော် ထွန်း၊           ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ မြတ်ဝဏ္ဏစိုး၊        ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊  ကျန်းမာရေး ဝန်ထမ်းများနှင့်    မြို့မိမြို့ဖများ တက်ရောက်ကြသည်။ 

 


ရှေးဦးစွာ ဆေးကုသဆောင် သစ်ကို  ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊  တိုင်းဒေသ ကြီးဝန်ကြီးချုပ်၊    လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊   ကုသရေး ဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် တို့က       ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး    ကျန်းမာရေးဝန်ကြီး ဌာန     ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး  ဝန်ကြီးချုပ်တို့က တိုးချဲ့  နှစ်ထပ်ကုသဆောင်သစ် ဆိုင်းဘုတ်ကို     စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ 

 


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့်   တာဝန်ရှိသူများက ကုသ ဆောင်သစ်    ကြေးပြားကမ္ပည်း မော်ကွန်းကို   အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ 

 


ယင်းနောက်    ဖွင့်ပွဲအခမ်း အနားမဏ္ဍပ်၌      ပြည်ထောင်စု ဝန်ကြီးက    ကျန်းမာရေးဝန်ကြီး ဌာနလက်အောက်ရှိ      ပြည်သူ့ ဆေးရုံပေါင်း   ၁၁၇၈  ရုံအနက် ဧရာဝတီ     တိုင်းဒေသကြီးတွင် ဆေးရုံ ၁၃၃ ရုံ  ခွင့်ပြုထားရှိကာ အဆောက်အအုံ ဆောက်လုပ်ဆဲနှင့် အဆောက်အအုံ    မရှိသေးသည့် တိုက်နယ်ဆေးရုံ      ရှစ်ရုံမှအပ ဆေးရုံများအားလုံး    လည်ပတ် ဆောင်ရွက်လျက်ရှိပြီး    တစ်နေ့ ပျမ်းမျှ  အတွင်းလူနာပေါင်း ၃၀၀၀ ကျော်ကို လက်ခံကုသပေးလျက် ရှိပါကြောင်း၊    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ  လက်ထက် ဧရာဝတီတိုင်းဒေသကြီးအတွင်း  ၂၀၂၂ ခုနှစ်   ဖေဖော်ဝါရီလတွင် ဟင်္သာတ   ပြည်သူ့ဆေးရုံကြီး တိုးချဲ့     သုံးထပ်ဆောင်သစ်ကို ဖွင့်လှစ်နိုင်ခဲ့ပြီး   ခရိုင်ကုသရေး ဦးစီးဌာနရုံးနှစ်ရုံး   တိုးချဲ့ဖွဲ့စည်း ခွင့်ပြုမှုရရှိခဲ့ပါကြောင်း၊    ဆေးရုံ ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူ လူထု၏    ကျန်းမာရေးစောင့် ရှောက်မှု   တိုးမြှင့်ဆောင်ရွက်နိုင် စေရေးနှင့် ပြည်သူလူထု  အားကိုး ရသည့် ဆေးရုံဖြစ်စေရေး ဝိုင်းဝန်း ထိန်းသိမ်း  ကြိုးပမ်းဆောင်ရွက်ပေး ကြရန်    တိုက်တွန်းပြောကြား သည်။

 


ထို့နောက်    တိုင်းဒေသကြီး ဝန်ကြီးချုပ်က    ဧရာဝတီတိုင်း ဒေသကြီးအတွင်း   ကျန်းမာရေး စောင့်ရှောက်မှု   ပိုမိုလွှမ်းခြုံနိုင် စေရန် အထူးကုဆရာဝန်ကြီးများ အပါအဝင်   ပြည်သူ့ဆေးရုံများမှ ဆရာဝန်၊     သူနာပြုများက ကျေးရွာများသို့    ကွင်းဆင်းကုသ ရေးလုပ်ငန်းများလည်း   ဆောင် ရွက်လျက်ရှိပြီး   သွားလာရခက်ခဲ သော    နေရာများအတွက်လည်း တပ်မတော်         ရေယာဉ်ဖြင့် နယ်လှည့်ကုသခြင်း  ဆောင်ရွက် လျက်ရှိပါကြောင်း၊  ဤဆေးရုံကြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး  ပြည်သူ များ        အားကိုးယုံကြည်ရသော ဆေးရုံကြီးဖြစ်အောင်     အားလုံး ဝိုင်းဝန်း     ကြိုးပမ်းဆောင်ရွက် ပေးကြရန် ပြောကြားသည်။
ယင်းနောက်      ကျိုက်လတ် မြို့နယ်     ကုသရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းက    ကျေးဇူး တင်စကားပြောကြားပြီး အခမ်း အနားကို ရုပ်သိမ်းခဲ့သည်။

 


ဆက်လက်၍    ပြည်ထောင်စု ဝန်ကြီး၊    တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်        တာဝန်ရှိသူများက  ဆေးရုံ    အဆောက်အအုံသစ်နှင့်      လူနာဆောင်များကို  လှည့်လည် ကြည့်ရှုကြကာ     လူနာများကို  အားပေးစကား         ပြောကြား၍       စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ပြီး  ဆေးရုံအထောက် အကူပြုအဖွဲ့ဝင်များ၊  ကျန်းမာရေး     ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေး သည်။ 

 


ယခုဖွင့်လှစ်သည့်     နှစ်ထပ် ကုသဆောင်သစ်ကို     မြို့နယ်နှင့် အနီး အနားရှိ လူနာများ  စိတ်အေး ချမ်းသာစွာ   ဆေးကုသမှုခံယူနိုင် စေရန်    ခေတ်မီကုသရေး    စက် ကိရိယာများ၊      ဆေးဝါးများ အသုံးပြုနိုင်စေရန်       ရည်ရွယ်၍ နိုင်ငံတော်၏ ရန်ပုံငွေမှ ကျပ်ငွေ  ၃၉၇ ဒသမ ၇၃ သန်း   အကုန် အကျခံ၍     တည်ဆောက်ခဲ့ပြီး ယခုအဆောင်သစ်တွင်     လူနာ ဆောင်များ       အဓိကပါဝင်ကာ အောက်ဆီဂျင်ပေး၍    ကြပ်မတ် ကုသနိုင်သည့် (HDU)ခုတင် ငါးလုံး အပါအဝင် စုစုပေါင်း ခုတင် ၅၀ ခန့်အထိ ထားရှိအသုံးပြုနိုင်မည် ဖြစ်ကာ နောင်ကာလတွင် ထပ်မံတိုးချဲ့နိုင်မည့်ပုံစံဖြင့်    တည် ဆောက်ထားကြောင်း သိရသည်။


သတင်းစဉ်