
ရန်ကုန် ဒီဇင်ဘာ ၂၀
(၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသော အားဖြင့် အလုပ်သမားဝန်ကြီး ဌာန လူမှုဖူလုံရေးအဖွဲ့က ယနေ့ တွင် ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) နှစ်စီးဖြင့် ရန်ကုန်တိုင်းဒေသကြီး လှိုင် သာယာစက်မှုဇုန်နှင့် ရွှေလင်ပန်း စက်မှုဇုန်တို့မှ လူမှုဖူလုံရေး အကျုံးဝင် အလုပ်သမားများအား အလုပ်ဌာနအရောက် ကွင်းဆင်း ဆေးကုသမှုများ ဆောင်ရွက်ပေး သည်။
ထိုသို့ ဆောင်ရွက်ပေးမှု ကို အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်း သားရေးရာဝန်ကြီး ဦးစောဂျက် ကော့ထူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ အာမခံ အလုပ်သမားများအတွက် ကျန်းမာရေးသုံးပစ္စည်းဖြစ်သော တစ်ခါသုံး နှာခေါင်းစည်း (Disposable Mask) နှင့် အားဆေးများကို ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်တိုင်းဒေသ ကြီး အမှတ်(၂၁) သောင်ကြီး မြောက် ရန်ကုန်ပုသိမ်လမ်းမကြီး ထန်းတပင်မြို့နယ်ရှိ အလုပ် သမားဆေးရုံ (ထန်းတပင်) သို့ သွားရောက်ပြီး ခေတ္တဆေးရုံ အုပ်ကြီးနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ အလုပ်ရှင်နှင့် အာမခံ အလုပ်သမားများ၏ အားကိုး ယုံကြည်ရသည့် လူမှုဖူလုံရေး စီမံကိန်းဖြစ်စေရန် ကြိုးပမ်း ဆောင်ရွက်စေ လိုကြောင်း၊ အာမခံအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုသည် လူမှုဖူလုံရေးအဖွဲ့၏ အဓိက ကျသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ် ၍ အရည်အသွေးပြည့်မီသော ကျန်းမာရေး စောင့်ရှောက်မှုများ ကို ပေးအပ်နိုင်ရန် လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်း အင်အား ပြည့်လည်ပတ်ရန် လိုအပ်ချက် ကိုလည်း အတတ်နိုင်ဆုံး ဖြည့် ဆည်းပေးသွားမည်ဖြစ်ကြောင်း။
ကျန်းမာရေး ဝန်ထမ်းများ အနေဖြင့် ပညာရှင်များဖြစ်သည့် အတွက် ကျင့်ဝတ်စည်းကမ်း များကို လိုက်နာရန်နှင့် မိမိ လုပ်ငန်း အောင်မြင်စေရန်အတွက် ဝန်ထမ်းအချင်းချင်း စည်းလုံး ညီညွတ်စွာဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လူမှုဖူလုံရေး အဖွဲ့သည် အာမခံအလုပ်သမား များ အားကိုးအားထားပြုရသည့် ဌာနတစ်ခု ဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိက လိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့် ဆေးကုသ ဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်နှင့် ယခုထက် ပိုမိုထိရောက်အောင် ဆောင်ရွက်ပေးနိုင်ရန် လမ်းညွှန် မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ် ချက်များ မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် အလုပ်သမား ဆေးရုံကြီးအတွင်း ပြင်ပလူနာ ဌာန၌ လာရောက်ပြသသည့် ပြင်ပလူနာများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကာ ဆေးဝါး ကုသပေးနေမှုများကို လည်း ကောင်း၊ အတွင်းလူနာကုသပေး သည့် လူနာဆောင်များကို လည်းကောင်း၊ Oxygen Plant ဖြင့် Oxygen ထုတ်လွှတ်နေမှုများ ကိုလည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
လူမှုဖူလုံရေး အဖွဲ့သည် လူမှုဖူလုံရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင် ရွက်ရာတွင် မြို့နယ်ပေါင်း ၁၁၉ မြို့နယ်ရှိ အကျုံးဝင်အာမခံ အလုပ်သမား ၁ ဒသမ ၂၃ သန်း ခန့်၏ ကျန်းမာရေးစောင့်ရှောက်မှု အတွက် လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံကြီး သုံးရုံ၊ မြို့နယ် လူမှု ဖူလုံရေးဆေးခန်း ၉၆ ခန်း၊ ဌာန ကြီးဆေးခန်း ၅၈ ခန်း၊ စာချုပ် ဆေးခန်း ၃၇ ခန်း၊ သားဖွားမီးယပ် ဝန်ဆောင်မှု ဆောင်ရွက်နေသော ဆေးခန်း ရှစ်ခန်း၊ တိုင်းရင်း ဆေးခန်းတစ်ခန်းအပြင် ရွေ့လျား ဆေးကုသယာဉ်နှစ်စီးဖြင့် အလုပ် ဌာနအရောက် ကွင်းဆင်း ဆေးကုသခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အာမခံအလုပ်သမား ၈၈၄၁၈၇ ဦး အကျုံးဝင်ထားရှိပြီး အဓိက လုပ်သားအင်အားနှင့် စက်ရုံ၊ အလုပ်ရုံ များပြားသည့်အတွက် ရွေ့လျားကုသယာဉ်ဖြင့် ကုသမှု ကို စက်မှုဇုန်ကြီးများသို့ ဦးစားပေး ဆောင်ရွက်ခြင်းဖြစ်ပြီး ကျန်စက်မှု ဇုန်များကိုလည်း အလုပ်သမား ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်