
နေပြည်တော် ဒီဇင်ဘာ ၃၁
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ပဲတီစိမ်းနှင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများကို စိုက်ပျိုးရေးသွင်းအားစု ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ သမဝါယမ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး ဦးစီးမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပဲတီစိမ်းစိုက် တောင်သူများ၊ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစု အဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက သမဝါယမစနစ်ဖြင့် စိုက်ပျိုးမည့် ပဲတီစိမ်းနှင့် နွေစပါးစိုက်ဧကများနှင့် ပတ်သက်၍လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုး ရာသီအလိုက် လျာထားဆောင်ရွက်မည့် စိုက်ပျိုးရေး လုပ်ငန်းများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲတီစိမ်း စိုက်ပျိုးမည့် တောင်သူများအတွက် တစ်ဧကလျှင် ငွေကျပ် ၁ ဒသမ ၂ သိန်းနှင့်ညီမျှသော ဓာတ်မြေဩဇာ၊ ပိုးသတ် ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးများပေးအပ်ခြင်း ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ တောင်သူလယ်သမားများ၏ ပန်းတိုင်အထွက်နှုန်းတိုးရေးနှင့် လူမှုစီးပွားဘဝ မြင့်မားပြီး ကြွေးမြီကင်းရှင်းသော မိသားစုဘဝများ ပိုင်ဆိုင်စေလို၍ ဖြစ်ကြောင်း၊ ထို့ကြောင့် ပဲတီစိမ်း စိုက်တောင်သူများအနေဖြင့် လာမည့်နွေစပါးစိုက် ရာသီတွင်လည်း အားသွန်ခွန်စိုက် ကြိုးစားကြစေ လိုကြောင်း။
နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများဖြစ်သော ပဲတီစိမ်းနှင့် နွေစပါးစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းနှင့် လုပ်ငန်းအစုအဖွဲ့များ က ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှု စီးပွားဘဝမြင့်မားရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ ဆင်းရဲ နွမ်းပါးမှုလျှော့ချရေး၊ ကျေးလက်နှင့်မြို့ပြဖွံ့ဖြိုးမှု ကွာဟချက် ကျဉ်းမြောင်းစေရေး၊ နိုင်ငံတော်၏ စိုက်ပျိုးရေးစီမံကိန်းလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက် နေသော ကျေးရွာများတွင် ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးရေးနှင့် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်း များ ဆောင်ရွက်ခြင်း၊ အခြားသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးလက်လမ်း၊ တံတားများ ဖောက်လုပ်ပေးရေး၊ ကျေးရွာမီးလင်းရေး၊ သန့်ရှင်း သော သောက်သုံးရေရရှိရေး လုပ်ငန်းများကိုလည်း ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်ရှိ ပဲတီစိမ်းစိုက် ၆၇၅၈၈ ဧက၊ တောင်သူ ၈၆၂၇ ဦး အတွက် ဓာတ်မြေဩဇာအိတ် ၃၃၇၉၀ ၊ ရွက်ဖျန်း အားဆေး၁၆၈၉၅ ဘူး၊ ပိုးသတ်ဆေး / မှိုသတ်ဆေး ဘူး ၃၃၇၉၀ နှင့် ပေါင်းသတ်ဆေးဘူး ၃၃၇၉၀ တို့ကို ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် များနှင့် ခရိုင်ဦးစီးမှူးတို့က ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြို့နယ်ခန်းမအတွင်း ခင်းကျင်းပြသထားသော စိုက်ပျိုးရေး သွင်းအားစုပစ္စည်းများကို လှည့်လည် ကြည့်ရှုခဲ့ကြသည်။
အလားတူ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ရေတာရှည်မြို့နယ် ယွန်းလျှံ လယ်ယာအထောက်အကူပြုစခန်း၌ ကျင်းပသော နွေစပါးစိုက်ပျိုးမည့် တောင်သူများကို မျိုးစပါးနှင့် သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးနှင့် ညွှန်ကြား ရေးမှူးချုပ်တို့က အမှာစကားများ ပြောကြားကြပြီး ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ယွန်းလျှံ လယ်ယာအထောက်အကူပြုစခန်း ရှေ့ပြေးစီမံကိန်း ဥက္ကဋ္ဌ ဦးအောင်မျိုးဦးတို့က ရေတာရှည်မြို့နယ်၏ နွေစပါးစိုက် တောင်သူ ၃၈၇ ဦး၊ စိုက်ပျိုးဧက ၁၈၀၀ အတွက် ဓာတ်မြေဩဇာအိတ် ၃၆၀၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် နွေစပါးစိုက်တောင်သူများ ကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်