(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား ၁၀ မြို့နယ် လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

 

မုဒုံ   ဒီဇင်ဘာ   ၂၃


၂၀၂၃   ခုနှစ်     (၇၅)  နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့  အထိမ်း အမှတ်အကြို         မွန်ပြည်နယ် ဝန်ကြီးချုပ်ဖလား  ၁၀ မြို့နယ် လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲကို   ယနေ့ နံနက် ၇ နာရီက   မုဒုံမြို့နယ်     မြို့မ  (၄)  ရပ်ကွက်ရှိ ကန်ကြီး           မင်္ဂလာကန်တော်၌   ကျင်းပရာ မွန်ပြည်နယ်         ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊    ပြည်နယ် ဝန်ကြီးများနှင့်  တာဝန်ရှိသူများ    တက်ရောက်သည်။

 


ဖွင့်ပွဲအခမ်းအနားတွင်   မွန် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်း ထွန်းက (၇၅)နှစ်မြောက်   စိန်ရတု လွတ်လပ်ရေးနေ့ကို      ကြိုဆို ဂုဏ်ပြုရန်၊       မျိုးချစ်စိတ်ဓာတ် ရှင်သန်      ထက်မြက်လာစေရန်၊ လှေလှော်     အားကစားနည်းကို ပြည်သူများ   ပိုမိုစိတ်ဝင်စားလာ စေရန်၊ ရိုးရာအားကစားကို တန်ဖိုး ထားမြတ်နိုးတတ်စေရန်၊  ထူးချွန် ပြီး     အရည်အချင်းပြည့်ဝသည့် လှေလှော်    အားကစားသမားများ မွေးထုတ်ပေးနိုင်ရန်       စသည့် ရည်ရွယ်ချက်        ကောင်းများဖြင့်  ကျင်းပပြုလုပ်ခြင်း   ဖြစ်ကြောင်း ပြောကြားသည်။           ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်   အဖွဲ့ဝင် များက         ပြိုင်ပွဲစတင်နိုင်ရန်   ဖဲကြိုးဖြတ်       ဖွင့်လှစ်ပေးပြီး ပထမပွဲစဉ်အဖြစ်    ကျိုက်မရော မြို့နယ်     လှေလှော်အသင်းနှင့် သံဖြူဇရပ်မြို့နယ်      လှေလှော် အသင်းတို့      စတင်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲကို နှစ်ရက်ကြာ ကျင်းပမည် ဖြစ်ကာ      မြို့နယ်ကိုယ်စားပြု    လှေလှော်အသင်း  ၁၀  သင်းတို့က     ပါဝင်ယှဉ်ပြိုင်သွားမည်      ဖြစ် ကြောင်း သိရသည်။


သားငယ် (ပြန်/ဆက်)