(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ရခိုင်ပြည်နယ် ဂွမြို့နယ် ဂွ - ကျောက်ချွန် လမ်းပေါ်ရှိ ဂွချောင်းတံတားဖွင့်ပွဲကျင်းပ

 

နေပြည်တော်   ဒီဇင်ဘာ   ၂၈


(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရခိုင်ပြည်နယ် ဂွမြို့နယ် ဂွ- ကျောက်ချွန်လမ်းပေါ်ရှိ   ဂွချောင်း တံတားဖွင့်ပွဲအခမ်းအနားကို     ယနေ့ နံနက်ပိုင်းက    ကျင်းပရာ     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ   ဖြစ် ကြသော ဗိုလ်ချုပ်ကြီး  တင်အောင်စန်းနှင့် ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊   ပြည်နယ် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 


စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြု


ဦးစွာ     နိုင်ငံတော်     စီမံအုပ်ချုပ် ရေး      ကောင်စီအဖွဲ့ဝင်       ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ရခိုင်ပြည်နယ် သံတွဲ ခရိုင် ဂွ - ကျောက်ချွန်လမ်းပေါ်ရှိဂွချောင်း တံတားကို   တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ သည့်အတွက်     ဒေသခံများနှင့်ထပ်တူ  ဝမ်းမြောက်ဂုဏ်ယူရပါကြောင်း၊     ယခု တံတားသစ်ကြီးအား   (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို    ကြိုဆို ဂုဏ်ပြုသည့်အနေဖြင့် ဖွင့်လှစ်ခြင်းဖြစ် ကြောင်း၊  ဒေသတစ်ခု   ဖွံ့ဖြိုးတိုးတက် ရန်    အဓိကကျသည့်    လိုအပ်ချက်များ ထဲမှ   လမ်းပန်းဆက်သွယ်ရေး   လွယ်ကူ လျင်မြန်ခြင်းသည်  အလွန်အရေးကြီး သည့်    အခန်းကဏ္ဍမှ    ပါဝင်လျက်ရှိ ကြောင်း။

 


ထို့ပြင် မြို့ပြဒေသများသာမကဝေးလံ ခေါင်းပါးသည့် ဒေသများပါမကျန် အချိုး ညီညီ   ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့်    အကောင် အထည်ဖော်   ဆောင်ရွက်ပေးလျက်ရှိ ကြောင်းနှင့်   နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက်  စီမံကိန်းများ  အကောင် အထည်ဖော်   ဆောင်ရွက်ရာ၌  ပြည်သူ့ ဘဏ္ဍာငွေများ သုံးစွဲရာတွင် လေလွင့်မှု မရှိစေရေး၊   ရေရှည်တည်တံ့ခိုင်မြဲရန် အတွက် အရည်အသွေးကောင်းမွန်ရေး တို့ကို တာဝန်ရှိသူများအနေဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန် ပြောကြားသည်။ 

 


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်   ဒေါ်အေးနုစိန်က အမှာစကားပြောကြားပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း က  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ  ဆောင် ရွက်နေမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ကာ ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။ 

 


ယင်းနောက်    ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က     တံတားဖွင့်ပွဲအထိမ်း အမှတ်   အမှတ်တရလက်ဆောင်အား နိုင်ငံတော်      စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးတင်အောင်စန်း ထံ ပေးအပ်သည်။ 

 


ထို့နောက် ဂွချောင်းတံတားကြီးအား  နိုင်ငံတော်   စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်   ဗိုလ်ချုပ်ကြီး  တင်အောင်စန်း၊ ဒေါ်အေးနုစိန်၊    ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက် ပိုင်းတိုင်း    စစ်ဌာနချုပ်မှ     ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊   ပြည်နယ်သယံဇာတ ရေးရာဝန်ကြီး  ဦးသန်းထွန်း၊   ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်နှင့် ရပ်မိ ရပ်ဖ ဦးခင်မောင်ထွေး တို့က   ဖဲကြိုးဖြတ်  ဖွင့်လှစ်ပေးကြပြီး (အောက်ပုံ)      စုပေါင်းမှတ်တမ်းတင်   ဓာတ်ပုံရိုက်ကြသည်။ 

 


 ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ    အဖွဲ့ဝင်   ဗိုလ်ချုပ်ကြီး တင်အောင်စန်းက  ကမ္ပည်းဆိုင်းဘုတ် ကို   စက်ခလုတ်နှိပ်၍   ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ  ပက်ဖျန်းပေးကြ သည်။

 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေး    ကောင်စီအဖွဲ့ဝင်များ၊   ပြည်နယ် ဝန်ကြီးချုပ်နှင့်   တာဝန်ရှိသူများသည် တံတားပေါ်သို့ လှည့်လည်ကြည့်ရှုကြပြီး ဒေသခံပြည်သူများအား   ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။

 


ဂွချောင်းတံတားသည် ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်း မြို့မှ မြောက်ဘက်ပိုင်း ရခိုင်ပြည်နယ် သံတွဲခရိုင် ဂွမြို့နယ်အထိ ငရုတ်ကောင်း - ဆင်မ  -  ငွေဆောင်  - ချောင်းသာ - ရွှေသောင်ယံ - မကျီးဇင် - ကျောက်ချွန်- ဂွ  ကမ်းခြေပတ်လမ်း၏  အရေးပါသော တံတားတစ်စင်းလည်းဖြစ်သည်။

 


အဆိုပါ      ဂွချောင်းတံတားသည် စုစုပေါင်းအရှည် ၁၃၉၉ ပေရှိပြီး ယာဉ် သွားလမ်းအကျယ် ၂၄ ပေ နှင့် လူသွား လမ်းအကျယ်    တစ်ဖက်လျှင်    ၃ ပေ၊ ၆ လက်မစီ ပါဝင်ကာ ရေလမ်း ကင်းလွတ် အမြင့်ပေ ၂၀ နှင့်   ရေလမ်းကင်းလွတ် အကျယ်  ၈၅  ပေရှိ၍     တံတားခံနိုင်ဝန် (ခွင့်ပြုယာဉ် တစ်စီးချင်း အလေးချိန်) မှာ ၇၅ တန်ဖြစ်သည်။ 

 


တံတားအုတ်မြစ်မှာ    ဘိုးပိုင်အမျိုး အစားဖြစ်ပြီး တံတားအပေါ်ထည်သည် P.C Girder ၊ R.C Girder တို့ဖြင့် တည် ဆောက်ထားသော သံကူကွန်ကရစ်အမျိုး အစား တံတားဖြစ်ကာ တံတားခန်းဖွင့် အကျယ်     ၂၆  ပေ  ၃  လက်မ    သုံးခန်း၊ ပေ ၆၀  နှစ်ခန်းနှင့်    ပေ  ၁၀၀   ၁၂ ခန်း တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်း ဖြစ်သည်။ 

 


 ဂွချောင်းတံတားကို ရခိုင်ပြည်နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်   လမ်းပန်း ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေ ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့တို့၏ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း   ၈၉၈၀   အကုန်အကျခံကာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊     တံတား ဦးစီးဌာန၊ တံတားအထူးအဖွဲ့(၈)မှ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၈ ရက်တွင် တည်ဆောက် ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် တံတားတည်ဆောက်ခြင်း လုပ်ငန်း   ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည့် အတွက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရ သည်။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့သည်   ဒီဇင်ဘာ ၂၇ ရက်  မွန်းလွဲ ပိုင်းတွင် ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး      အစည်းအဝေးခန်းမ၌ ဂွမြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ဒေသခံ ရပ်မိ ရပ်ဖများနှင့် တွေ့ဆုံပွဲသို့ တက်ရောက် ကြသည်။ 

 


 ဒေသတည်ငြိမ်အေးချမ်းရေး


တွေ့ဆုံပွဲတွင် ဂွမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့   ဥက္ကဋ္ဌ   ဦးဇာနည်ကျော်က ဂွမြို့နယ်အတွင်း ဌာနဆိုင်ရာဝန်ထမ်းများ တာဝန်ထမ်းဆောင်နေမှု၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေ မှုနှင့်  မြို့နယ်၏   ဒေသဆိုင်ရာအချက် အလက်များကို    ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာ များက မိမိတို့ဌာနအတွက် လိုအပ်ချက် များကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ် ဝန်ကြီးချုပ်က   ဒေသဖွံ့ဖြိုးရေး၊   ဒေသ တည်ငြိမ်       အေးချမ်းရေးတို့အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်နေမှု များကို ရှင်းလင်းတင်ပြသည်။ 

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက် များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုကို ရှင်းလင်းပြောကြားပြီး    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်   ဗိုလ်ချုပ် ကြီး တင်အောင်စန်းက ရှင်းလင်းတင်ပြ ချက်များအပေါ်     တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး  ဒေသဖွံ့ဖြိုးရေး အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရာ တွင်   ဒေသခံပြည်သူများ၏   ကြိုးစား အားထုတ်မှုသည်လည်း အရေးပါကြောင်း၊ ထို့အပြင် ဝန်ထမ်းများအနေဖြင့်လည်း ဝန်ထမ်းစည်းမျဉ်း၊    စည်းကမ်းများနှင့် အညီ လိုက်နာကျင့်ကြံ နေထိုင်သွားကြ ပြီး    မိမိဌာနအလိုက်   ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ  အောင်မြင်အောင် အကောင်အထည်ဖော်  ဆောင်ရွက်ရင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေး ထား ဆောင်ရွက်သွားကြရန် လိုကြောင်း ပြောကြားသည်။ 

 


ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေး    ကောင်စီအဖွဲ့ဝင်   ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်    အဖွဲ့သည်     ဂွမြို့ ရာဇပဗ္ဗတ မင်းတောင် စေတီတော်မြတ် ကြီး သာသနာ့ နယ်မြေပေါ်တွင် ကိန်းဝပ် စံပယ်တော်မူသော မဟာကံထူးကံပေါ်ကပ်ကျော်ရုပ်ပွားတော်    မြတ်ကြီးအား သွားရောက်ဖူးမြော် ပူဇော်၍ သံဃာတော် အရှင်သူမြတ်များအား    လှူဖွယ်ဝတ္ထု ပစ္စည်းများ   ဆက်ကပ်  လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း    သတင်းရရှိ  သည်။                                

သတင်းစဉ်