(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲ MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

 

နေပြည်တော်   နိုဝင်ဘာ   ၂၅


(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲကို နေပြည်တော် မြို့တော်ခန်းမ လဟာပြင်ကဇာတ်ရုံ၌ နိုဝင်ဘာ ၂၆ ရက်မှ ၃၀ရက်အထိ ညနေ (၆)  နာရီခွဲမှ  ည (၁၁) နာရီအတွင်း ညစဉ်  ဖျော်ဖြေတင်ဆက်မည်ဖြစ်ရာ ပထမ ၃ ရက်တွင်  ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်အသီးသီးမှ အနုပညာရှင်များ စုပေါင်း၍လည်းကောင်း၊ နိုဝင်ဘာ ၂၉ ရက်တွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးအောက်ရှိ   အနုပညာရှင်များကလည်းကောင်း၊  နိုဝင်ဘာ  ၃၀  ရက်တွင်  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များကလည်းကောင်း ဖျော်ဖြေတင်ဆက်ကြ မည်ဖြစ်သည်။

 

 
အဆိုပါ ပဒေသာကပွဲ၏  ဖျော်ဖြေတင်ဆက်မှုများကို MRTV- HD ၊ MRTV Parliament Channel၊ MWD HD Channel ၊ MWD Variety HD Channel၊ MRTV Web & App တို့တွင် ညနေ ၆ နာရီခွဲမှ ည ၈ နာရီအထိနှင့် ည  ၉ နာရီမှ ည ၁၁ နာရီအထိ နှစ်ချိန်ခွဲ၍ တိုက်ရိုက်(LIVE)ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်းနှင့် ည ၈နာရီ  သတင်းထုတ်လွှင့်ချိန်ဖြစ်သော ည ၉ နာရီအထိ ဖျော်ဖြေခဲ့သည့် အစီအစဉ် များကို ယင်းရုပ်သံလိုင်းများတွင် နောက်တစ်နေ့ ညနေ ၄ နာရီသတင်းပြီးချိန်မှ ညနေ ၆ နာရီအတွင်း Delay ပြသသွားမည်ဖြစ်သည်။                                                             

သတင်းစဉ်