
နေပြည်တော် ဇန်နဝါရီ ၄
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့က တည်ခင်းဧည့်ခံသည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအခမ်းအနား ကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး ဥပစာမြက်ခင်းပြင်၌ ကျင်းပသည်။
ဦးစွာ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားသို့ တက်ရောက်လာ ကြသည့် ဧည့်သည်တော်များအား နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများက ကြိုဆိုနှုတ်ဆက်ကြ သည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုး သီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ညစာစားပွဲအခမ်းအနား ကျင်းပ ရာ နေရာသို့ ရောက်ရှိကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့် ဇနီးတို့နှင့်အတူ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ခံများ၊ ဂုဏ်ထူး ဆောင် ကောင်စစ်ဝန်များ နှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များကို ရင်းရင်း နှီးနှီး နှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး တို့သည် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာ ကြသူများနှင့်အတူ သတ်မှတ်နေရာ အသီးသီး၌ နေရာယူကြသည်။
ဆက်လက်၍ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြု ယာဉ်များ ဆုချီးမြှင့်ခြင်းအစီအစဉ် ကို ကျင်းပရာ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းတို့က (၇၅) နှစ် မြောက် စိန်ရတု လွတ်လပ်ရေး နေ့ အထိမ်းအမှတ် အခမ်းအနား တွင် ဂုဏ်ပြုဆု ရရှိခဲ့ကြသည့် ပြည်ထောင်စုဂုဏ်ပြုယာဉ် ၂ စီး နှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုယာဉ် ၅ စီး၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဂုဏ်ပြုယာဉ် များနှင့် ပြည်ထောင်စုဝန်ကြီးဌာန ဂုဏ်ပြုယာဉ်များမှ အထူးဆုရရှိ သည့် ဂုဏ်ပြုယာဉ်များကို ဂုဏ်ပြု ဆုနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို တာဝန်ရှိသူများထံ ပေးအပ်ချီးမြှင့် သည်။
ထို့နောက် ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက တိုင်း ဒေသကြီးနှင့် ပြည်နယ် ဂုဏ်ပြု ယာဉ် တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် ပြည် ထောင်စုဝန်ကြီးဌာန ဂုဏ်ပြု ယာဉ် တတိယဆု ရရှိသည့် ဆောက်လုပ်ရေး ဝန်ကြီးဌာန တို့အတွက် ဂုဏ်ပြုဆုနှင့် ချီးမြှင့် ငွေများကို တာဝန်ရှိသူများထံ ပေးအပ်ချီးမြှင့်သည်။
ပေးအပ်ချီးမြှင့်
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ် ဂုဏ်ပြုယာဉ် ဒုတိယဆုရရှိ သည့် ပဲခူးတိုင်းဒေသကြီးအတွက် ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုချီးမြှင့်ငွေ များကို ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကို လည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီးဌာန ဂုဏ်ပြုယာဉ် ဒုတိယ ဆုရရှိသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအတွက် ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုချီးမြှင့်ငွေ များကို ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို လည်းကောင်း ပေးအပ်ချီးမြှင့် သည်။
ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က (၇၅) နှစ် မြောက် စိန်ရတုလွတ်လပ်ရေး နေ့ကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ရှုခံရင်ပြင်သို့ လေထီးအလွတ် ခုန်ဆင်းသက်ပြီး နိုင်ငံတော် အကြီးအကဲအား ဂါရဝပြုခဲ့ကြ သည့် လေထီး အရာရှိ၊ စစ်သည်၊ စစ်သမီးနှင့် အခြားအဆင့် လေထီးစစ်သည်၊ စစ်သမီး များအား ဂုဏ်ပြုဆုများကိုပေးအပ် ချီးမြှင့်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဂုဏ်ပြုယာဉ် ပထမ ဆုရရှိသည့် ဧရာဝတီတိုင်း ဒေသကြီးအတွက် ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ဝန်ကြီး ချုပ် ဦးတင်မောင်ဝင်း ကို လည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီးဌာန ဂုဏ်ပြုယာဉ် ပထမ ဆုရရှိသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဝန်ကြီးဌာနအတွက် ပြည် ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ကို လည်းကောင်း ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး တို့သည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက် လာကြသူများနှင့် အတူ ညစာကို အတူတကွ သုံးဆောင်ကြသည်။ ညစာ မသုံး ဆောင်မီနှင့် သုံးဆောင်နေစဉ် အတွင်း ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အနုပညာရှင်များနှင့် သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာ ရှင်များက တေးသံသာများဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေကြသည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး တို့သည် ဂုဏ်ပြုညစာစားပွဲအခမ်း အနားသို့ တက်ရောက်လာကြ သူများနှင့်အတူ စိန်ရတုလွတ်လပ် ရေးနေ့ အထိမ်းအမှတ် (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ စာတန်း၊ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းတံဆိပ်၊ တို့ဗမာအစည်း အရုံးတံဆိပ်၊ BIA တံဆိပ်၊ BDA တံဆိပ်၊ လွတ်လပ်ရေးနေ့ အလံ တင် အခမ်းအနား သရုပ်ဖော်ပုံ၊ လွတ်လပ်ရေး ကျောက်တိုင်ပုံ၊ တပ်မတော်မှ ယာဉ်ယန္တရားများ၊ ရေငုပ်သင်္ဘောနှင့် လေယာဉ်ပုံ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်၏ပုံ၊ မြန်မာနိုင်ငံမြေပုံတို့ကို Drone ယာဉ်ငယ်များဖြင့် သရုပ်ပြ လွှတ်တင်မှုနှင့် မီးရှူးမီးပန်း များ ပစ်ဖောက်ခြင်းကို ကြည့်ရှု အားပေးကြသည်။
ကြည့်ရှုအားပေး
ဂုဏ်ပြုညစာ စားပွဲအပြီး တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် ပဒေသာ ကပွဲကျင်းပမည့်နေရာ သို့ ရောက်ရှိကြပြီး ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တေးသံ ရှင်များနှင့် အနုပညာရှင်များ၊ နိုင်ငံကျော် တေးသံရှင်များနှင့် အနုပညာရှင်များ၏ တေးသံသာ များဖြင့် သီဆိုကပြဖျော်ဖြေမှုများ ကို ကြည့်ရှုအားပေးကြသည်။
ပဒေသာကပွဲအပြီးတွင် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဖျော်ဖြေတင်ဆက်ခဲ့ ကြသည့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တေးသံရှင်များနှင့် အနုပညာရှင်များ၊ နိုင်ငံကျော် တေးသံရှင်များနှင့် အနုပညာရှင် များကို အမှတ်တရပန်းခြင်းများ ပေးအပ်ပြီး ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာ ကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
တက်ရောက်
အဆိုပါ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိ သုဓမ္မ မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိ ပျံချီ မဟာသရေစည်သူ စိုးဝင်း နှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူး၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီ ဝင်များနှင့် ဇနီးများ၊ ဒုတိယ သမ္မတ (ငြိမ်း) သရေစည်သူ ဒေါက်တာ စိုင်းမောက်ခမ်းနှင့်ဇနီး၊ ဒုတိယသမ္မတ (ငြိမ်း) သရေ စည်သူ ဦးဉာဏ်ထွန်းနှင့် ဇနီး၊ ခေတ်အဆက်ဆက် နိုင်ငံ တော် တာဝန်များကို ထမ်းဆောင် ခဲ့ကြသည့် နိုင်ငံတော်အကြီးအကဲ များ၏ မိသားစုဝင်များ၊ ပြည် ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်များ၊ တပ်မတော်မှ အငြိမ်းစားဗိုလ်ချုပ် ကြီးနှင့် ဒုတိယဗိုလ်ချုပ်ကြီး များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများ၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီး များနှင့် သံရုံးတာဝန်ခံများ၊ ဂုဏ်ထူးဆောင် ကောင်စစ်ဝင် များ၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင် ဘွဲ့ရရှိကြသူများ၊ NCA စာချုပ် လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များနှင့် NCA စာချုပ် လက်မှတ် ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသားလက်ကိုင် အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား တိုင်းရင်းသူများ၊ အနုပညာရှင် များ၊ အစိုးရမဟုတ်သော အသင်း အဖွဲ့များနှင့် အထူးဖိတ်ကြား ထားသည့် ဧည့်သည်တော် များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်