
နေပြည်တော် ဇန်နဝါရီ ၅
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ အခမ်းအနားတွင် ပါဝင် ဆင်နွှဲခဲ့ကြသည့် တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့များနှင့် ကျောင်းသားကျောင်းသူများသည် ယနေ့ နံနက်ပိုင်းတွင် နေပြည် တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ ကြည့်ရှုကြ သည်။
လေ့လာကြည့်ရှု
ရှေးဦးစွာ လေ့လာရေးအဖွဲ့ သည် နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ဆောက် ပူဇော်နေမှု အခြေအနေများကို လှည့်လည်လေ့လာ ကြည့်ရှုကြ သည်။
ဖူးမြော်ကြည်ညို
ထိုမှတစ်ဆင့် လေ့လာရေး အဖွဲ့သည် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြပြီး စေတီ တော်မြတ်ကြီးအနီးရှိ တပေါင်း ကွင်း၌ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်းများနှင့် ဂုဏ်ပြု ယာဉ်များ ခင်းကျင်းပြသထားမှု တို့ကို လေ့လာကြည့်ရှုကြသည်။
သတင်းစဉ်