(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ   ၄


၂၀၂၃ ခုနှစ်    (၇၅)   နှစ်မြောက် စိန်ရတု          လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်      အခမ်း အနားကို   ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ   ဗိုလ်ရှုခံရင်ပြင်၌ ကျင်းပသည်။

 


နံနက် ၄ နာရီ  မိနစ် ၂၀ တွင် အလံတင်တပ်စုက   နိုင်ငံတော် စစ်တီးဝိုင်းနှင့်အတူ   တိုင်းရင်း သား၊   တိုင်းရင်းသူများ   ခြံရံ၍ နိုင်ငံတော်အလံကို   လွှင့်တင်ပြီး အလေးပြုကြသည်။

 


(၇၅)  နှစ်မြောက်   စိန်ရတု လွတ်လပ်ရေးနေ့ကို   (၁) စစ်မှန် စည်းကမ်းပြည့်ဝသည့်     ပါတီစုံ ဒီမိုကရေစီစနစ်  ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်    ပြည်ထောင်စု တည်ဆောက်ရေး၊ (၂) တိုင်းပြည် သာယာဝပြောရေးနှင့်      စားရေ ရိက္ခာဖူလုံရေးကို   အမျိုးသားရေးလုပ်ငန်းစဉ်များအဖြစ် အစွမ်းကုန် ကြိုးစားဆောင်ရွက်ရေး၊ (၃) နိုင်ငံ အကျိုး၊    တိုင်းရင်းသားပြည်သူ လူထုအကျိုးကို ရှေးရှုပြီး  “ရှေ့သို့ ချီမည်၊ ပန်းတိုင်ဆီ”     (Keep Moving Forward to Achieve Our Goal)   ဆောင်ပုဒ်အတိုင်း ပိုမိုကောင်းမွန်သော နိုင်ငံတော်နှင့် လူမှုစီးပွားဘဝ တည်ဆောက်ရေး၊ (၄) အမျိုးသား  စည်းလုံးညီညွတ် ရေးနှင့်    ပြည်ထောင်စုငြိမ်းချမ်း ရေးကို   ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်း         ဆောင်ရွက်ရေး၊ (၅) လွတ်လပ်ပြီး  တရားမျှတသည့် ပါတီစုံဒီမိုကရေစီ    အထွေထွေ ရွေးကောက်ပွဲကို    အောင်မြင်စွာ ကျင်းပရေးနှင့်     တိုင်းရင်းသား အားလုံး အချိုးကျကိုယ်စားပြု ပါဝင်နိုင်သည့် ရွေးကောက်ပွဲစနစ် ဖြစ်ပေါ်လာစေရေး  အမျိုးသားရေး ဦးတည်ချက်များနှင့်အညီ    အနှစ် သာရပြည့်ဝစွာ   ကျင်းပခြင်းဖြစ် ကြောင်း သိရသည်။  

သတင်းစဉ်