(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုသောအားဖြင့် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူ ၇၀၁၂ ဦး လွတ်ငြိမ်းခွင့်ပြု

 

နေပြည်တော်   ဇန်နဝါရီ   ၄


ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်           ယနေ့တွင်  ကျရောက်သည့်  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့  အထိမ်း အမှတ်နေ့ကို    ဂုဏ်ပြုသောအား ဖြင့်  ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရန်နှင့်   လူမှုရေးအရ ငဲ့ညှာထောက်ထားပြီး နိုင်ငံတော် ၏           မေတ္တာနှင့်စေတနာကို နားလည်စေရန် ရှေးရှု၍ နိုင်ငံတစ်ဝန်းရှိ အကျဉ်း ထောင်၊  အချုပ်ထောင်၊ စခန်းအသီးသီးတွင်  ပြစ်ဒဏ် ကျခံနေရသည့်  အကျဉ်းသား၊  အကျဉ်း သူ  ၇၀၁၂    ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)  အရ   နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက  ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ် များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်း သတ်မှတ်ချက်များဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော  ပြစ်ဒဏ်များကို လျှော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုလိုက် ကြောင်း သိရှိရသည်။

 


နိုင်ငံတော်အနေဖြင့်     ပြစ်မှုကျူးလွန်ခဲ့သည့်           အကျဉ်းသူ၊ အကျဉ်းသားများကို ၎င်းတို့ကျူးလွန် ခဲ့သည့်    ပြစ်မှုများအရ အကျဉ်းထောင်အတွင်း  ပြစ်ဒဏ်များ ချမှတ်ခဲ့သော်လည်း အကျဉ်းထောင် နှင့်  အကျဉ်းစခန်းများအတွင်း လူမှုရေး၊   ကျန်းမာရေး  ဆိုင်ရာများနှင့်  အခြားရသင့်သည့် လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်အညီ     ကောင်းမွန်ပြည့်စုံစွာ ဆောင်ရွက်ပေးထားသည့်အတွက်    ယခုပြန်လည် လွတ်မြောက်လာ သည့်အချိန်တွင်  ကျန်းမာပျော်ရွှင် လျက်ရှိပြီး  လာရောက်ကြိုဆိုသည့် မိဘဆွေမျိုး များကလည်း ဝမ်းပန်းတသာဖြင့် ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။  


သတင်းစဉ်